ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်းတွင် ဝန်ကြီးဌာနအတွင်းမှ ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ခေတ်သစ်

စစ်ကိုင်းတိုင်းအတွင် ဝန်ကြီးဌာနအတွင်းမှ PDF ထောက်ခံနေသူများ၊ ဖရဲသီး များ ကို ဒလန်အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက တရားဝင် လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်လိုက်သည်။ 

နိုဝင်ဘာလ၈ ရက်နေ့ နံနက် ၉ နာရီအချိန်  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ ၁ တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအစိုးရ တည်ငြိမ် အေးချမ်း ရေးနှင့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနအတွင်း PDF များ ထံသို့ သတင်းပေး နေသည့် ဖရဲသီးများကို ဒလန်အမည်တပ်၍ ရှင်းလင်း ရ န်ဆိုသော လျှို့ဝှက်အမိန့် ညွှန်ကြားချက်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ များ အားလုံးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်း စစ်ကောင်စီက ညွှန်ကြားချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိမှသာ သွားလာ ရန် အကြောင်း ကြားချက်ကို တိကျစွာ လိုက်နာရန်၊ ဌာနအတွင်းရှိ ဒလန်များ ကို ရှင်းလင်းရန်၊ တင်ဒါများကို အချိန်မီဆောင်ရွက်ရန်၊ ဌာနပိုင်ပစ္စည်းများ ပျက်စီး ဆုံးရှုံး လုယူခံရမှုများကို စုံစမ်းစစ်ဆေး အရေးယူ ဖော်ထုတ်ရန်၊ ဌာန ဆိုင်ရာရုံးများအတွင်းတွင် မြေလွတ်နေရာများကို တစ်ပိုင်တစ်နိုင် စိုက် ပျိုးရန်တို့ ပါဝင်သည်။ 

"ကျနော်ထင်တာတော့ ဝန်ကြီးဌာနတွင်းမှာ ဖရဲသီးလို့ ယူဆရတဲ့သူတွေကို သတ်ဖြတ်ရှင်းလင်းပြီး ဒလန်ဆိုပြီး PDF က သတ်ပါတယ်ဆိုတာမျိုး လုပ်မယ့် ညွှန်ကြားချက်လို့ နားလည်ရတယ်။ အဓိပ္ပာယ်က ။ အဲဒါဆိုတော့ စစ်ကောင်စီ ကိုယ်တိုင်က သူ့ဝန်ထမ်းတွေကို သူတို့  မသင်္ကာရင် သတ်မယ့်သဘောလားလို့ တွေးစရာရှိတယ်။ ညွှန်ကြားချက်က " ဟု စစ်ကိုင်းတိုင်းစစ်ကောင်စီ ဝန်ထမ်း တစ်ဦး က သုံးသပ်ပြောဆိုသည်။




Comments

Popular posts from this blog

တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Finlandization ဆိုတဲ့ ဝေါ ဟာရ

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

ပူတင်က nuclear တပ်စုများအား alert လုပ်ထား

အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်