အဘဒေါသထွက်နေသော ၁၀၇ မမ

မနေ့က မင်္ဂလာဒုံ လေတပ်စခန်း အပစ်ခံရတာက အဘကို ဒေါသထွက်စေခဲ့ပါတယ်။ ပထမမေးခွန်းက ဒီ ၁၀၇မမကို ဘယ်သူဆောက်ပံ့လဲဆိုတာပါ။ အမေရိကန်က ယခုမှ ဥပဒေအတည်ပြုလို့ ထောက်ပံ့တာက မဖြစ်နိုင်သေးပါ။ နောက်ကရင်ဘက်မှာ ၁၀၇ မမက သုံးတာ နည်းပါတယ်။ NUG ကို လေသံကျယ်ကျယ်နဲ့ ထောက်ခံတာက အနောက်အုပ်စုပါ။ ဒါပေမယ့် တပ်ထောက်လှမ်းရေးက အနောက်အုပ်စုက လက်နက်ထောက်ပံ့တဲ့အထောက်အထား ယခုအချိန်အထိ မတွေ့ရသေးပါ။ ဒါဆိုရင် ၁၀၇ မမ က ဘယ်ကလာလဲ? အဓိက ထုတ်လုပ်သူက တရုတ်ပါ။ တရုတ်အစိုးရက တရားဝင် NUG နဲ့တွေ့တာ ဘာညာမရှိပါ။ စရဖက တရုတ်ဟာ NUG နဲ့ စင်ကာပူနဲ့ အင်ဒိုတို့လို ခိုးတွေ့တယ်လို့ သုံးသပ်ထားပါတယ်။ ဒီ ၁၀၇ ဟာ ယခင်ကလဲ ရှမ်းပြည်ထဲမှာ မိခဲ့ဖူးပြီး တရုတ်ကို သတင်းစာရှင်းလင်းပွဲမှာ စောင်းပြောခဲ့ပါတယ်။ ယခုလဲ မဲလုံးက သိပေမယ့် အဘက တရုတ်ကို ပြောရဲဖို့က လွယ်မယ်မထင်ပါ။ နောက် PDF ထံက မိတဲ့လက်နက်အချို့ဟာ တရုတ်လုပ်ဖြစ်နေပါတယ်။

ဒုတိယက ၁၀၇ မမ ရန်ကုန်ထဲကို ဘယ်လိုသွင်းလာလဲဆိုတဲ့ကိစ္စပါ။ ဂိတ်တွေက လာဘ်စားပြီးအသွင်းခံတာလား တပ်ထဲက ဖရဲသီးတွေက ကူနေတာလား သံသယဖြစ်နေတာပါ။ TNLA ကိုရှုံးတာလဲ ဖရဲသီး‌ကြောင့်ဆိုပြီး အရှက်ပြေတင်ပြလို့ ဖရဲသီးရှာ စစ်ဆင်ရေးလုပ်ပါမယ်။
လောကမှာက မထင်တာတွေဖြစ်တတ်ပါတယ်။ အမေကိကန်က ကူမယ်လို့ အပြင်ကအော်ချိန်မှာ အထဲမှာက တရုတ်ရန်အတွက် တရုတ်က ကူတယ်လို့ထင်နေတာပါ။ နောက်သူရှုံးတာက ဖရဲသီးကြောင့်ဆိုပြီး မဆိုင်တာကို ရူးချင်ယောင်ဆောင် အပြစ်တင်နေတာပါ။
အကျဉ်းချုပ်ရရင် ရန်ကုန်ကလေတပ်ပစ်တာက လူကိုထိ လေယာဉ်နားကိုထိခဲ့လို့ PDF ရဲ့ အောင်ပွဲလို့ ပြောလို့ရပါတယ်။ ဘယ်သူ ၁၀၇ မမ ကိုပေးလဲ စာရေးသူမသိပါ။ သေချာတာက ပြည်သူက ငွေထောက်ပံ့လို့ ဝယ်နိုင်တာပါ။ ပြည်သူတွေအနေနဲ့ စီးပွားရေးကျပ်ချိန်မှာ ငွေခေါင်းမကွဲစေဘဲ တပ်တော်တွေကိုရှောင် NUG ကိုဆောင်ပြီး PDF ကို NUG ကတဆင့်သာ လှူနိုင်အောင်ကြိုးစားကြပါ။ NUG အင်အားရှိမှ PDF အင်အားရှိမှာဖြစ်ပြီး PDF အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။ ဘာတပ်တော် ညာတပ်တော်တွေ အင်အားကြီးရင်တော့ ဆီးရီးယားလို ဖြစ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။
myattunoo





Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

(NUG)People's government has right to stand in the world

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

UNHCR ဘယ်လိုလျှောက်ကြမလဲ

ကိုယ်တွေဒလန်postတင်သလိုမျိူး NLDအဖွဲ့ဝင် ကပြန်တင်တာလက်ခံနိုင်စရာမရှိဖူး

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

NDAA အပေါ် သူတို့အမြင်