ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ Get link Facebook X Pinterest Email Other Apps By YeYint Nge December 17, 2022 ရော်နယ်ဒိုတို့...နေမာတို့ငိုပြလိုက်တယ်...ကမ္ဘာကျော်တွေရဲ့မျက်ရည်...တကမ္ဘာလုံးကြွေပေါ့.....ကမ္ဘာမကျော်တဲ့...အညာသူကြီးတွေရဲ့မျက်ရည်...လူမသိသူမိသိ...ကမ္ဘာကြီးလည်းမသိ... M ! N G Y ! ..... Get link Facebook X Pinterest Email Other Apps Comments
တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို By YeYint Nge February 27, 2022 26-February-2022 တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တစ်ဦးတည်းသောသမီး ရှီမင်းကျိသည် အမေရိကတွင် နေထိုင်နေကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် ဗစ်ကီဟတ်ဇလာက ပြောကြား သည်။ ဟတ်ဇလာသည် "တရုတ်ကွန်မြူနစ်ပါတီဝင်များအား အဆင့်မြင့်ပညာသင်ယူခွင့်တားမြစ်သည့်အက်ဥပဒေ" ကို မိတ်ဆက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုတိယအာဏာအရှိဆုံးခေါင်းဆောင်၏ တစ်ဦးတည်းသော ကလေးသည် အမေရိကတွင်နေထိုင်ကြောင်း ဟတ်ဇလာက ထုတ်ဖော်ပြောခဲ့သည်ဟု အမေရိကန်ရှိ တရုတ်မျက်မှောက်ရေးရာဝေဖန်ရေးဆရာတစ်ဦးက ၎င်း၏ YouTube ချန်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က တင်ခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သူ၏ဒုတိယဇနီး နာမည်ကျော်ရိုးရာအဆိုတော် ဖန်လီယွမ်တို့၏ သမီးအကြောင်းကို အခြေခံအချက်အလက်အနည်းငယ်မှလွဲ၍ သိရှိသူများစွာ မရှိပေ။ အမေရိကန် အထက်လွှတ်တော်အမတ်၏ ဥပဒေမူကြမ်းသည် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်တွင် တာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျောင်းသား သို့မဟုတ် သုတေသနဗီဇာများ ထုတ်ပေးခြင်းကို တားမြစ်မည်ဖြစ်သည်။ ရှီ၏သမီးသည် တရုတ်နိုင်ငံတွင် ၅ နှစ်ကြာနေထိုင်ပြီးနောက် အမေရိကန်သို့ ပြန်လာခဲ့ကြောင်း ဝေဖန်ရေးဆရာက ၂၀၁၉ ခုနှစ်တွင် ပြော... Read more
စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ By YeYint Nge February 27, 2022 ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး ယနေ့ပြုလုပ်တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား CDM လုပ်ဘက်ပြောင်းသွားသည့်ဒုဗိုလ်မှူးများနှင့်ပတ်သတ်၍ သတင်းထောက်တွေ မေးမြန်းသည့်အခါ ဒုဗိုလ်မှူးအဆင့်ရှိအရာရှိ ၃ဦးတောခို CDM ပြုလုပ်ရုံနဲ့ တပ်မတော်ကြီးကဘာမှဖြစ်မသွားဘူး ၊ တိုတိုနဲ့လိုရင်းပဲဖြေလိုက်မယ် ။ တပ်မတော်မှာ ဒုဗိုလ်မှူးအဆင့်ရှိ တပ်မတော်သားတွေ ထောင်ချီပြီးရှိတယ်၊ အရပ်စကားနဲ့ပြောရရင် ဘာမှလွမ်းလောက်စရာမရှိဘူး၊ တပ်မတော်ကို ဝိုင်းဆန့်ကျင်နေရင် တပ်မတော်တင်ထိခိုက်ပျက်စီးမှာမဟုတ်ဘူး၊ တိုင်းပြည်ရော ပြည်သူတွေရော အကုန်ပျက်စီးရလိမ့်မယ်၊ ဒါ ... ကျွန်တော် ခြိမ်းခြောက်ပြောနေတာမဟုတ်ဘူး ။ လက်ရှိ တပ်မတော်က တိုင်းပြည်ကောင်းစားဖို့ အစွမ်းကုန် ဆောင်ရွက်ပေးနေပေမယ့် ပြည်သူတွေ တပ်မတော်အပေါ် အကောင်းမြင်ဝါဒမထားနိုင်ပဲ ပုန်ကန်ရေးကိုသာ ဦးတည်နေတာကိုတွေ့မြင်နေရသလို တရားမဝင် ပြည်ပြေးမီဒီယာတွေကနေ တပ်မတော်စစ်ဦးစီးချုပ်ကို ရူးသွပ်ဝေဒနါ ခံစားနေရတယ် လို့ မမှန်သတင်းတွေရေးသားဖြန့်ဝေနေတာကိုလည်းတွေ့မြင်နေရပါတယ်။ တပ်မတော်ဂုဏ်သိက္ခာကို ဘယ်သူတွေဘယ်လိုဖျက... Read more
Finlandization ဆိုတဲ့ ဝေါ ဟာရ By YeYint Nge February 27, 2022 ၁၉၃၉ မှာ ရုရှားဟာဖင်လန်ကိုဝင်တိုက်တယ်။ ဆောင်းရာသီ စစ်ပွဲလို့လူသိများတယ်။ အလွယ်ကလေးနဲ့ ဖင်လန်ကို သိမ်းလို့ရမယ်လို့ မျှော်လင်ခဲ့ပေမယ့် ထင်သလောက် မလွယ်ခဲ့ဘဲ ရုရှားတို့ဘက်က အတော်လေး ပျက်ဆီးဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်။ နောက် သုံးလခွဲလောက်ကြာတော့ မော်စကိုငြိမ်းချမ်း ရေးစာချုပ်နဲ့ စစ်ရပ်စဲနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဖင်လန်နိုင်ငံရေးသမားတွေကြားထဲမှာသူတို့ နိုင်ငံရဲ့ပထဝီမဟာဗျူဟာ တည်ရှိမှုနဲ့ပတ်သက်ပြီး အတော် လေး စဉ်းစားလာခဲ့တယ်။ ဖင်လန်နိုင်ငံဟာ ဆိုဗီယက် ရုရှားလို မဟာအင်အားကြီးနိုင်ငံဘေးမှာ တည်ရှိနေတဲ့အတွက် အဲ့ ဒီ အင်အားကြီးနိုင်ငံရဲ့ခြိမ်းခြောက်မှုက အမြဲရှိနေတယ်။ အဲ့ ဒီအတွက် ဒီခြိမ်းခြောက်မှုနဲ့နေထိုင်ရင်း သူ့နိုင်ငံရဲ့ အချုပ် အခြာအာဏာ မဆုံးရှုံးရအောင် နည်းလမ်းပေါင်းစုံနဲ့ ပါးပါး နပ်နပ်တည်ဆောက်ခဲ့ကြတယ်။ Jared Diamond ကတော့ သူ့ရဲ့ Upheaval ဆိုတဲ့ စာအုပ်မှာ ဖင်လန်ခေါင်းဆောင်တွေ ရုရှားခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ ဘယ်လိုမျိုး ပါးပါးနပ်နပ်နဲ့ နိုင်ငံကို တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို လေ့လာပြခဲ့တယ်။ အဓိကက နိုင်ငံကို နိုင်ငံရေး ကိုယ်ခံအားကောင်းအောင်တည်ဆောက်ခဲ့တယ်။ နိုင်ငံသား တွေရဲ့ စိတ်ထဲမှာ ဒါတို့ပ... Read more
ပူတင်က nuclear တပ်စုများအား alert လုပ်ထား By YeYint Nge February 27, 2022 Breaking News ပူတင်က nuclear တပ်စုများအား alert လုပ်ထားဖို့ ရုရှ ကာကွယ်ရေးဝန်ကြီးချုပ်နဲ့ စစ်ဉီးစီးချုပ်တို့ကို အရေးပေါ်အခြေအနေအဖြစ် ပြင်ဆင်ခိုင်းထား ။ ယခု ပြသနာမှာပါဝင်ပက်သတ်နေတဲ့ နိင်ငံတွေကို အပြင်းအထန်လက် တုန့်ပြန်သွားမယ်လို့ပြောကာ sanction ပိတ်ခံရလို့ ဒေါသထွက်နေပါတယ် ။ (အရှင်ကုသလ) Read more
ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား By YeYint Nge February 17, 2023 ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်အသီးသီးမှကျေးရွာများတွင်တည်ထားကိုးကွယ်သည့်ဘုရားစေတီများ၏ ဘွဲ့အမည် တည်သည့် ခုနှစ်နှင့် လှူဒါန်းသူ ဘုရားဒကာ၊ ဒကာမများ၏ အမည်များအားကောက်ယူကာ ပြန်လည်တင်ပြရန်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှညွှန်ကြားထားကြောင်းစစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနရှိ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။ရှေးအစဉ်အဆက်တည်ထားကိုးကွယ်ထားသည့် ဘုရားစေတီများအပြင် ကျေးရွာများအလိုက်တည်ထားကိုးကွယ်နေသည့် ဘုရားစေတီအားလုံးအား ဘုရားများတည်နေရာ၊ဘွဲ့အမည်၊ အလှူရှင်အမည်ကို အမည်စာရင်း ပုံများနှင့်တကွ စာရင်းပြုစု တင်ပြရန်ခိုင်းစေထားခြင်းဖြစ်ကြောင်း သိရသည်။ “ဘာလို့ကောက်ခိုင်းလဲဆိုတာတော့ မသိဘူး၊ ဒါတွေက အရင်ထဲက စာရင်းတွေက ရှိပါတယ်၊ညွှန်ကြားချက်အရ အသစ်ထပ်ကောက်ယူရတာ၊ လူဦးစာရေးကောက်လို့ပြီးတော့ ဘုရားစာရင်းပါထပ်ကောက်ခိုင်းတဲ့ သဘောလား မသိဘူး”ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။ ထို့အပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ထွေအုပ်စာရေးများမှဦးဆောင်ကာ အပတ်စဉ် ဘုရားများအား သန့်ရှင်းရေးလုပ်ဆောင်ရန်၊ ယင်းသို့လုပ်ဆောင်နေမှုများအား ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ပြန်လည်တင်ပြရန်လည်းခိုင်း... Read more
အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို By YeYint Nge December 13, 2022 ထိုင်းလက်ရွေးစင်ဘောလုံးအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်၍ အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ်ပြော မြန့်လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်အန်တွမ်နီဟေးက ထိုင်းလက်ရွေးစင်ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဥ်ပြိုင်ကစားခြင်းမပြုမီ ဒီဇင်ဘာ ၁၀ ရက်(ယနေ့)မွန်းလွဲ ၂ နာရီ၌ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ထိုင်းနိုင်ငံရှိ သမ်မာဆက်အားကစားကွင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့်နောက်ခံလူရဲမင်းသူ(ရှမ်းယူနိုက်တက်) တို့တက်ရောက်ဖြေကြားခဲ့သည်။ "ထိုင်းလက်ရွေးစင်အသင်းနဲ့ခြေစမ်းပွဲက ကျွန် တော်တို့ နှစ်သင်းစလုံးယှဉ်ပြိုင်ရမယ့် AFF Mitsubishi Ecectric Cup 2022 အတွက်ကောင်း မွန်တဲ့ပြင်ဆင်မှုတစ်ရပ်ဖြစ်ပါတယ် ထိုင်းအသင်းက အသင်းကောင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာပါ"ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် အန်တွမ်နီဟေးက ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ကစားသမား ရဲမင်းသူကလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လျ... Read more
အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ By YeYint Nge February 19, 2023 အမေရိကန် မှ နောက်ထပ် ဒေါ်လာ သန်း ၅၀ ကူညီမည်ဟု ဆို **************** ကုလသမဂ္ဂ မှ မကြာမီ က ထုတ်ပြန်ခဲ့သော ကမ္ဘာလူသား များ လိုအပ်ချက် စစ်တမ်းတွင် အာဖရိက နွယ်ဖွား များ ကဲ့သို့ပင် မြန်မာပြည် လူဦးရေ၏ သုံးပုံတပုံ ခန့်ရှိ ၁၇ သန်း သည် ယခုအခါ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီရန် လိုအပ်နေသည်ဟု ပါရှိခဲ့သည်၊ ထိုပမာဏ သည် ၂၀၂၀ ကုလစစ်တမ်းတွင် ၁ သန်း ခန့်ရှိခဲ့ရာ မှ စစ်ဗိုလ်ချုပ်ကြီးများ၏ စွမ်းပကားဖြင့် ၁၇ သန်း အထိ ဦးမော့လာခဲ့ခြင်းပင် ဖြစ်ပေတော့သည်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ U.S Agency for International Development (USAID) မှ ထုတ်ပြန်ချက်တွင် မြန်မာ ပြည်သူများ အတွက် အရေးပေါ် အစားအသောက် နှင့် အဟာရ များ ထောက်ပံ့ ကူညီ သွားနိုင်ရေး ရည်ရွယ်ပြီး ဒေါ်လာ သန်း ၅၀ ပံ့ပိုးသွားမည်ဟု ပါရှိခဲ့သည်။ USAID သည် ပဋိပက္ခ များ ဖြစ်ပွားနေသော ဒေသများတွင် ကမ္ဘာ စားနပ်ရိက္ခာ အဖွဲ့နှင့် လက်တွဲ လုပ်ဆောင်၍ အကူအညီများ ပေးသွားမည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ တွင်းရှိ ကုလ အဖွဲ့အစည်း အများစု သည် ရန်ကုန်တွင် ရုံးခန်းများ ဆက်ဖွင့်ထားနိုင်ရေး ကိုသာ အဓိကထားပြီး စစ်... Read more
မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး By YeYint Nge March 23, 2021 စောဖိုးခွား(ဝါရှင်တန်ဒီစီ) ■ဒီကနေ့ မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နေအိမ်ထဲမှာရှိနေတဲ့ အသက် ၇ နှစ် ကလေးငယ်တစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ နေအိမ်ထဲမှာနေနေတဲ့ ဖခင်ဖြစ်သူ ရင်ခွင်ထဲ ပိုက်ချီထားတဲ့ မခင်မျိုးချစ် (၇ နှစ်)ဟာ ဗိုက်ကို သေနတ်ကျည်ဆံထိမှန်ပြီး ဖခင်ဖြစ်သူ လက်ထဲမှာတင် သေဆုံးသွားတာလို့ အမဖြစ်သူက RFA ကိုပြောပါတယ်။ သေဆုံးသွားတဲ့ မခင်မျိုးချစ် (၇ နှစ်) ဟာ မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး မိသားစုဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ်ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက် ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ မခင်မျိုးချစ် (၇ နှစ်)ဟာ အငယ်ဆုံး ဖြစ်ပါတယ်။ မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။ မနေ့က မန္တလေးမြို့တွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။ အဲ့ဒီ ၁၄ နှစ်အရွယ်ကလေးငယ်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခြင်းမရှိဘဲ နေအိမ်နားတဝိုက်မှာရှိနေစဉ် ပစ်ခတ်ခံရတာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတ... Read more
စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့် By YeYint Nge February 10, 2023 ဖေဖော်ဝါရီ ၉ စစ်ကိုင်းမြို့၊ တပ်မ ၃၃ ရှေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပေါ် စစ်တပ်အရာရှိကြီးတွေ ထိတ်လန့်နေပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က စစ်ကိုင်းမြို့တပ်မ ၃၃ ရှေ့နားမှာ အကြမ်းဖက်စစ် တပ်နဲ့ PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ “တပ်မ ၃၃ လို တကယ့်ကို အခိုင်အမာအင်အားရှိတဲ့နေရာရှေ့တောင် လာတိုက်ရဲသေးတော့ တပ်မ ၃၃က တပ်မမှူးနဲ့ အရာရှိကြီးတွေ လန့်သွားတယ်။ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တပ်မ ၃၃ ထဲက အရာရှိကြီးတွေ လုံခြုံရေးအစည်းအဝေးလုပ်တယ်။ တပ်မရှေ့နဲ့ ဘေးပတ်ဝန်းကျင်ကို လုံခြုံရေး တိုးမြှင့်နေတယ်။ လက်နက်ကြီးနဲ့ အတိုက်မခံရအောင် ဘာလုပ်မလဲ ဆိုပြီးတော့လည်း ဆွေးနွေး ကြတယ်လို့ ဖရဲသီးတွေဆီကနေ သိရတယ်”လို့ စစ်ကိုင်းအခြေစိုက် PDF ရဲဘော်တစ်ဦးကပြောပါ တယ်။ အဲဒီသတင်းကို တပ်တွင်းသတင်းရင်းမြစ် ၃နေရာကနေ ထပ်တူသိရတဲ့အတွက် မှန်ကန်တယ်လို့ စိတ် ချလက်ချအတည်ပြုနိုင်ကြောင်း သူကဆက်ပြောပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့က အမရပူရမြို့နယ် Htet Mobileက ဒလန် ဝေယံအောင်(TKF-AMA အဖွဲ့ဝင်ဟောင်း)ကိုလိုက်လံသုတ်သင်ရာ သူနဲ့ အတူ တစ်ပါတည်းပါလာတဲ့ ကား၂ စီးပေါ်က စစ်သားတွေနဲ့ စစ်ကိုင်းမြို့ရှ... Read more
စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ် By YeYint Nge February 17, 2023 17 February 2023 ဧရာဝတီ ရန်ကုန်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲ အခမ်း အနားသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ် / Cincds မြန်မာစစ်ကောင်စီနှင့် ရုရှားတို့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းအတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုအပတ်အတွင်း ပြောသည်။ “ မြန်မာက ဖိနှိပ်တဲ့ စစ်ကောင်စီကို နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ထောက်ခံမှု တိုးချဲ့ဖို့ ရုရှားက စိတ်အားထက်သန်နေတာကို ကျနော်တို့ အလေးအနက် စိုးရိမ်ပူပန်ပေမယ့် မအံ့သြဘူး ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက VOA သို့ ပေးပို့သည့် ဖေဖော်ဝါရီလ ၁၄ နေ့ အီးမေးလ်တွင် ဖော်ပြထားသည်။ “ ရုရှား၏ လုပ... Read more
Comments