မတ် ၂၇ အပြီး PDF ကို မအလရှင်းနိုင်မှာလား?
နေပြည်တော်ကနေ စစ်ကိုင်းက PDF တွေကို အပြတ်ရှင်းဖို့ အမိန့်ထုတ်တာကတော့ ခဏခဏပါ။ ပထမ နိုဝင်ဘာ၊ နောက် ဇန်နဝါရီ၊ ယခုကတော့ မတ်လ ၂၇ ရက်နေ့ပါ။ မအလရဲ့ တွက်ဆချက်က ကယားနဲ့ ချင်းဟာ နယ်စပ်နဲ့နီးနေလို့ အမြစ်ပြတ်ချေမှုန်းဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားပါတယ်။ ဒါဆိုရင် စစ်ကိုင်းကို ဘာလို့မဲလဲဆိုတော့ ဗမာနယ်ဖြစ်ပြီး သူ့ကို ဒုက္ခအပေးဆုံးမိုလို့ပါ။ နောက်စစ်ကိုင်းက မြန်မာ့သမိုင်းနဲ့ ဆက်စပ်နေတာမိုလို့ ဘုရင်ရူးရူးတဲ့ မအလက စစ်ကိုင်းရှုံးရင် သူရှုံးသလို တွက်ထားလို့ပါ။ နောက်အရေးကြီးတာက စစ်ကိုင်းက ဗျူဟာအရ အရေးပါလို့ပါ။ ဒါဆိုမအလက သူတွက်ထားတဲ့အတိုင်း စစ်ကိုင်းက PDF ကို မတ်လ ၂၇ ရက်မှာ အပြီးပြတ်နိုင်မှာလား? ယခုစစ်ကိုင်းမှာ ရွာတွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် မီးရှို့တာ၊ လူသတ်တာ၊ မုဒိမ်းကျင့်တာတွေက အားလုံးသိပြီးဖြစ်မှာပါ။ ဒီလိုရွာတွေကို မီးရှို့နိုင်တာနဲ့ စစ်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ရင်တော့ မအလက မီးတွေအများကြီး ရှို့နိုင်နေတာမိုလို့ နိုင်နေတယ်လို့ အပေါ်ယံထင်ရမှာပါ။ မအလအောင်မြင်တာဆိုလို့ စည်တော်ကို ဖြုတ်ချတာသာ ရှိပါသေးတယ်။ ဒါပေမယ့် မအလတပ်ဟာ မြေပြင်မှာ အကြာကြီးစခန်းချပြီး မနေနိုင်ပါဘူး။ နောက်သူတို့ရွာတွေကို မီးရှို့အပြီး က...