ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရ

KNUနှင့်တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရဟုဆို

▪️ယာယီတပ်ရင်းမှူးအပါအဝင် ရှေ့တန်းထွက်သည့် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရ

—People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ စစ်ကောင်စီတပ်၏ အရာရှိစစ်သည်များ၏ဇနီးများ ၎င်းတို့၏ ယောကျ်ာများ ရှေ့တန်း၌မရှုမလှရှုံံးနိမ့်ပြီး သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရသည့်အပေါ်  ဆောက်တည်ရာမရဖြစ်နေကြောင်း တပ်တွင်းသတင်းပေးတစ်ဦးကို ကိုးကားပြီး သတင်းပေးပို့လာသည်။


ခလရ (၉၇)တပ်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက်တပ်ဖြစ်ပြီး မတ်လ ၁၁ရက်က ဖာပွန်ခရိုင်တွင် KNU တပ်မဟာ(၅)ဦး​ဆောင်​ပြီး BPLA အပါအဝင် ပူး​ပေါင်းတပ်နှင့်ဖြစ်သည့် တိုက်ပွဲ၌ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ၁၆ဦး ဖမ်းဆီးခံခဲ့ရသည်။ အရာရှိများအပါအဝင် ဒဏ်ရာရသူ ၁၁ဦးရှိခဲ့ပြီး RPG၊ စက်သေနတ်၊ လက်ဖြောင့်သေနတ်အပါအဝင် လက်နက် မျိုးစုံ ၂၉လက်နှင့် ကျည်၊ ခဲယမ်း အများအပြား KNU က သိမ်းဆည်းရရှိခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများရရှိမှု ဓာတ်ပုံ၊ ရုပ်သံဖိုင်တို့ကို KNUက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ခလရ (၉၇) နောက်တန်းဌာနချုပ် တပ်တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးများ၊ မိသားစုများအကြား ဆောက်တည်ရာမရဘဲ မင်းအောင်လှိုင်ကို ဆဲဆိုနေမှုများပင်ရှိနေသည်ဟု တပ်တွင်းသတင်းပေးက ဆိုသည်။


“မိန်းမတွေ ကမ္ဘာပျက်နေတာထိန်းမရဘူး မအလကို ကိုင်ဆဲနေတာ။ ထိမ်းမည့်သူမရှိ တခြားတပ်တွေ ဆီပေါက်မှာစိုးလို့ ဗျူဟာမှူးသွားချော့လည်းမရဘူး။ ပေါက်ကုန်ပြီ။ နောင်ဆို တပ်တွေက ရင်ဆိုင်တာနဲ့လက်နက်ချ ပြေးဖို့ပဲတိုင်ပင်နေကြပြီ။ သူတို့အဖြစ်က နိုင်လည်းလူမုန်း ရှုံးရင်လည်းသေလေ”ဟု တပ်တွင်း သတင်းပေးပို့လာသူက ရှင်းပြသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၂) မှ ဗျူဟာမှုးကိုယ်တိုင် ခလရ ၉၇ တပ်ရင်းဌာနချုပ်သို့ သွားရောက်ထိန်းသိမ်းနေရသည်ဟု သိ့ရသည်။


ရှေ့တန်းထွက်သည့် ခလရ(၉၇) တပ်ရင်း အခြေအနေမှာ ယာယီတပ်ရင်းမှူး အပါအဝင်၂၀ဦး သေဆုံးပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း၊ ၁၆ဦး အဖမ်းခံခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊  ၁၀ဦးခန့်သာတပ်ရင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းပေးပို့သူက ပြောသည်။သော်လည်း People's Springအ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။


ခလရ(၉၇) နောက်တန်းဌာနချုပ်၌ ဖြစ်နေသည့် လတ်တလော အခြေအနေနှင့်ပတ်သက်၍ ကော့ကရိတ်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက တစ်ဆင့် စုံစမ်း၍ ပြန်လည်ပြောပြရာ၌ တပ်တွင်းသတင်းပေး၏ ပြောဆိုချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရသည်။


“တပ်မဟာ(၅)မှာ ဖြစ်သွားတာ တော်တော်လေးများတယ်။ အရှင်လည်း ပါတယ်။ အသေလည်းပါတယ်။ တပ်ရင်းမှူးလည်း ပါတာကိုး။ အဲဒီလိုမျိုးပုံစံဖြစ်တော့ ဒီတပ်တွင်းက စခန်းတွင်းက သူတို့မိန်းမတွေ အမျိုးသမီးတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာရော အမြင်ပိုင်းဆိုင်ရာရော အမြင်ပိုင်းဆိုင်ရာရော ပြောင်းလဲလာမှုတွေရှိတယ်။ ပြဿနာက ဖြစ်လာနိုင်တဲ့အနေအထားတစ်ခုရှိတယ် သူတို့ အချင်းချင်း။ အခုက ကျွန်တော်တို့ စောင့်ကြည့်တုန်းပဲရှိတယ်”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကော့ကရိတ်ဒေသ၌ KNUနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေရာခလရ (၉၇)တပ်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။


#လူထုနွေဦး

#LuduNwayOo

#People'sSpring


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ