မတ် ၂၇ အပြီး PDF ကို မအလရှင်းနိုင်မှာလား?

နေပြည်တော်ကနေ စစ်ကိုင်းက PDF တွေကို အပြတ်ရှင်းဖို့ အမိန့်ထုတ်တာကတော့ ခဏခဏပါ။ ပထမ နိုဝင်ဘာ၊ နောက် ဇန်နဝါရီ၊ ယခုကတော့ မတ်လ ၂၇ ရက်နေ့ပါ။ မအလရဲ့ တွက်ဆချက်က ကယားနဲ့ ချင်းဟာ နယ်စပ်နဲ့နီးနေလို့ အမြစ်ပြတ်ချေမှုန်းဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားပါတယ်။ ဒါဆိုရင် စစ်ကိုင်းကို ဘာလို့မဲလဲဆိုတော့ ဗမာနယ်ဖြစ်ပြီး သူ့ကို ဒုက္ခအပေးဆုံးမိုလို့ပါ။ နောက်စစ်ကိုင်းက မြန်မာ့သမိုင်းနဲ့ ဆက်စပ်နေတာမိုလို့ ဘုရင်ရူးရူးတဲ့ မအလက စစ်ကိုင်းရှုံးရင် သူရှုံးသလို တွက်ထားလို့ပါ။ နောက်အရေးကြီးတာက စစ်ကိုင်းက ဗျူဟာအရ အရေးပါလို့ပါ။ ဒါဆိုမအလက သူတွက်ထားတဲ့အတိုင်း စစ်ကိုင်းက PDF ကို မတ်လ ၂၇ ရက်မှာ အပြီးပြတ်နိုင်မှာလား?

ယခုစစ်ကိုင်းမှာ ရွာတွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် မီးရှို့တာ၊ လူသတ်တာ၊ မုဒိမ်းကျင့်တာတွေက အားလုံးသိပြီးဖြစ်မှာပါ။ ဒီလိုရွာတွေကို မီးရှို့နိုင်တာနဲ့ စစ်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ရင်တော့ မအလက မီးတွေအများကြီး ရှို့နိုင်နေတာမိုလို့ နိုင်နေတယ်လို့ အပေါ်ယံထင်ရမှာပါ။ မအလအောင်မြင်တာဆိုလို့ စည်တော်ကို ဖြုတ်ချတာသာ ရှိပါသေးတယ်။

ဒါပေမယ့် မအလတပ်ဟာ မြေပြင်မှာ အကြာကြီးစခန်းချပြီး မနေနိုင်ပါဘူး။ နောက်သူတို့ရွာတွေကို မီးရှို့အပြီး ကူးပြောင်းချိန်မှာ မအလတပ် မိုင်းဆွဲခံရလို့ သေနေတာတွေ ထောက်ပို့ဖြတ်တောက် မိုင်းဆွဲတိုက်ခံရလို့ သေနေတာတွေ ဒဏ်ရာရနေတာတွေက နေ့စဉ်ပါ။ ဒီဟာက ရွာတွေကို မီးရှို့လိုက်တာနဲ့ မရပ်သွားပါ။ ထိုဒေသက PDF တွေ ပြည်သူတွေရြ့စိတ်ဓာတ်က ဖိလေကြွလေသာ ဖြစ်သွားတာတွေ့ရပါတယ်။ အဓိကက သူတို့ထံမှာ လက်နက်အကြီးအကျယ်မရှိသေးပေမယ့် ရန်ကုန် မန္တလေးက လူအများစုလို လက်နက်လုံးဝမရှိတာမဟုတ်လို့ သူတို့စိတ်က မာပါတယ်။ နောက် အဆိုပါဒေသတွေက မြို့ကြီးတွေမှာလို လူမျိုးစုံ ရောနှောနေတာမဟုတ်ဘဲ ဗမာအများစုရှိတဲ့နေရာပါ။ ထိုဒေသကလူတွေက တိုက်ရဲခိုက်ရဲ သေရဲပြီး မုန်းပြီဆို အသေဗျင်းတာပါ။ ယခု မအလတပ်ရဲ့ မီးရှို့တာရဲ့အကျိုးဆက်က သိကြားမင်းကဆင်းပြီး ငြိမ်းချမ်းရေးစကားပြောရင်တောင် ရှင်းမရလောက်အောင် ခံစားချက်ပြင်းသွားစေတာပါ။ နောက်ထိုဒေသကလူတွေက နယ်စပ်ကိုပြေးသွားတာမဟုတ်ဘဲ အဆိုပါဒေသထဲမှာသာနေပြီး ပြန်ခံချနေတာပါ။

ဒုတိယအချက်က စစ်ကိုင်းဟာ နယ်မြေအင်မတန်ကျယ်ပါတယ်။ ထိုဒေသကို စိုးမိုးဖို့က မအလစစ်အင်အားအများကြီးလိုပါတယ်။ ဒီနေရာမှာ သူများဒေသကိုသွားပြီး မီးရှို့တာနဲ့ နယ်မြေစိုးမိုးတာ ကွာပါတယ်။ ဥပမာအနေနဲ့ ရန်ကုန်က အဘသားသမီးတွေတက်တဲ့ TTC ကျောင်းကို ဗုံးခွဲတာ၊ မီးရှို့တာမျိုးကို လုပ်ပြရတာ လွယ်နိုင်ပေမယ့် ရန်ကုန်ကို စိုးမိုးဖို့က စခန်းချတပ်စွဲထားပြီး ကင်းလှည့်နေရမှာပါ။ ဒီလိုမျိုးလုပ်နိုင်ဖို့က မအလမှာ လူအင်အားမရှိပါ။ 

တတိယအချက်က ဒေသခံ PDF တွေရဲ့ တိုက်ရည်ခိုက်ရည်ပါ။ စစ်ပွဲတွေကို လေ့လာကြည့်ရင် PDF တွေရဲ့ ဗျူဟာက တစ်နေ့ထက်တစ်နေ့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတာတွေ့ရပါတယ်။ အများစုကလဲ NUG နဲ့ ချိတ်ဆက်နိုင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် သူတို့ဟာ ကြာလေစစ်သားပီသလာလေ တိုက်တာပိုတော်လာလေသာ ဖြစ်လာမှာပါ။ ငွေကြေးထောက်ပံ့တာလဲ ပိုရလာမှာပါ။

စတုတ္ထအနေနဲ့ လက်နက်ကလဲ တစ်လထက်တစ်လတော့ ပိုကောင်းလာနေပါတယ်။ ဒါကြောင့် သူတို့သက်တမ်းကြာလာလေ လက်နက်ပြည့်စုံလာလေ ဖြစ်လာမှာပါ။ ယခုတောင် မအလက PDF ကို အနိုင်မတိုက်နိုင်လို့ လက်နက်ပြည့်စုံလာတဲ့ PDF ကို ဘယ်လိုမှ မနိုင်နိုင်ပါ။

အကျဉ်းချုပ်ရရင် မအလတပ်က စစ်ကိုင်း PDF ကို မတ်လ ၂၇ ရက်နေ့နောက်ဆုံးထားပြီး ဘယ်လိုမှ မနိုင်နိုင်ပါ။ လောင်းကြေးထပ်ရဲပါတယ်။ မတ်လမပြောနဲ့ ၂၀၂၂ ဒီဇင်ဘာ ၃၁ အထိလဲ မနိုင်နိုင်ပါလို့ ကြိုပြောထားပါရစေ။ 


https://www.myattunoo.com/post/မတ-၂၇-အပ-pdf-က-မအလရ-င-န-င-မ-လ


Comments

Popular posts from this blog

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်