Posts

Showing posts from June 19, 2024

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

Image
ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ  ■  ဗုဒ္ဓစာပေကျမ်းဂန် များစွာ ရေးသားခဲ့သော သာသနာ့ အာဇာနည် တစ်ပါး ဖြစ်ပြီး အစားထိုးမရသော ဆုံးရှုံးမှုဖြစ်၊ ရုပ်ကလပ်တော် ကျောင်းပြန်ရောက် ရန်ကုန်၊ ဇွန် ၂၀  နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော် တစ်ပါးဖြစ်သော ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ပစ်သတ်လိုက်မှုကြောင့်  သံဃာလောကအတွင်း ရိုက်ခတ်မှုပြင်းထန်နေကြောင်း နာမည်ကျော် ဓမ္မကတိက ဆရာတော်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။  ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာ တော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသတို့သည် မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)တွင် ဇွန်လ ၂၀ ရက်နေ့ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း ၊  ယင်းနောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

Image
စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် ပဲခူး ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ ရုပ်ကလာပ် စစ်တပ်လက်ထဲမှ ပြန်ရရေး တပည့်များစောင့်ဆိုင်းနေ Myanmar Now  ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။ ဆရာတော်ကြီးသည် မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦးလေဆိပ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ ဆရာတော်ကြီးနှင့် နီးစပ်သည့် ပဲခူးဒေသခံတစ်ဦးက “မန္တလေးလေဆိပ်မှာ ဖြစ်တာ။ တံတားဦးလေဆိပ်ကနေ ကားနဲ့ လေဆိပ်ကနေ ထွက်တာ။ ထွက်တဲ့အချိန်မှာ ရဲကင်းရှိတာကို ဆရာတော်မောင်းတဲ့သူက မသိဘူးပေါ့နော်။ ရဲက တားတာကို ရပ်မပေးဘဲနဲ့ ဖြတ်မောင်းသလို ဖြစ်သွားလို့ဆိုပြီး နောက်ကနေ သေနတ်နဲ့ပစ်တာ ဆရာတော်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ဆိုသည်။ ဆရာတော်နှင့်အတူ ပါလာသည့် ဦးဇင်းတစ်ပါးလည်း သေနတ်ကျည်ထိမှန်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်နှင့် နီးစပ်