ငါးဆယ့်ငါးဦး အကြံ စတင်
အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့၏ ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် ခေါ်ယူသည့် အစည်းအဝေး အား တက်ရောက်လာသူ ငါးဆယ့်ငါးဦး မှ ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်ကို ချေမှုန်းရန် အလွယ်တွေး အလွယ် လုပ် လုပ်ငန်းစဉ်များ အဖြစ် ချမှတ် အကောင်အထည် ဖေါ်လာသည့် ဖြစ်စဉ် နှစ်ရပ်ကို ဗွေဆော်ဦး တွေ့မြင့်လာခဲ့ရသည်။ ပထမ ဖြစ်စဉ်မှာ ၎င်းတို့ နှင့် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အမျိုးသား ညီညွတ်ရေး အစိုးရအား ထောက်ခံခြင်း မပြုရန် နှင့် PDF များအား လက်နက်များ မရောင်းချ ဟူသော ကတိခံဝန်ချက်ကို အတင်းအကျပ် လက်မှတ် ရေးထိုးခိုင်းခြင်းပင် ဖြစ်သည်။ နေပြည်တော်တွင် ဇန်နဝါရီ ၅-၇ တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုသည်တွင် တက်ရောက်လာသော ဝ တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ NDAA နှင့် ရှမ်းပြည်နယ် တိုးတက်ရေး ပါတီ (SSPP) တို့အား ခံဝန်ချက် ထိုးခိုင်း ခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့သုံးဖွဲ့လုံးက လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြသဖြင့် အကြီးအကျယ် ငြင်းခုန် ပြောဆိုခဲ့ပြီး ဆက်၍ ပြောနေပါက ဆွေးနွေးပွဲမှ ထ ထွက်သွားမည်ဟု ပင် ပြောလာရသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သော သတင်းရပ်ကွက်များက ဧရာဝတီ ...