အသေဖမ်းမိသည့် စစ်ကောင်စီဗိုလ်မှူး သန်းထွဋ်ဟာ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီး စစ်ကြောရေးလုပ်ခဲ့သူဖြစ်ဟု NUG ထုတ်ပြန်




ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အသေဖမ်းမိခဲ့တဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်ဟာ  ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေးလုပ်ခဲ့ရာမှာ ပါဝင်ပတ်သက်သူ တစ်ဦးဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ကို ရန်ကုန်- မန္တလေးအမြန်လမ်းပေါ် မိုင်တိုင် ၁၆၁ အနီးမှာ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က တောင်ငူခရိုင် PDF  တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)နဲ့ (၆) ပူးပေါင်းအဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းဖမ်းဆီးစစ်ဆေးနေစဉ် သူတို့နှစ်ဦးက ပါလာတဲ့ လက်နက်နဲ့ ခုခံကာကွယ်လို့ ပစ်ခတ်ရာမှာသေဆုံးသွားပြီး လက်နက်တချို့လည်းရခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။

သူတို့နဲ့အတူ ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဉ်လိုင်စင်နဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရရှိခဲ့သလို ကားပေါ်မှာလိုက်ပါလာတဲ့ တခြားသူ ၂ ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။  

ရန်ကုန်၊ ပြည်လမ်း ၉ မိုင်ခွဲ North Point - Ocean စင်တာနားမှာရှိတဲ့ အမှတ်(၁) စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်ဟာ ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်တော်လှန်ရေးသမားတွေကို အသွင်ယူဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ NUG က အတည်ပြုထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေး ခံရမှုမှာလည်း ပါဝင်ပတ်သက်သူ တစ်ဦး ဖြစ်တယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်