အသေဖမ်းမိသည့် စစ်ကောင်စီဗိုလ်မှူး သန်းထွဋ်ဟာ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီး စစ်ကြောရေးလုပ်ခဲ့သူဖြစ်ဟု NUG ထုတ်ပြန်




ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အသေဖမ်းမိခဲ့တဲ့ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်ဟာ  ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေးလုပ်ခဲ့ရာမှာ ပါဝင်ပတ်သက်သူ တစ်ဦးဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ကို ရန်ကုန်- မန္တလေးအမြန်လမ်းပေါ် မိုင်တိုင် ၁၆၁ အနီးမှာ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က တောင်ငူခရိုင် PDF  တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)နဲ့ (၆) ပူးပေါင်းအဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းဖမ်းဆီးစစ်ဆေးနေစဉ် သူတို့နှစ်ဦးက ပါလာတဲ့ လက်နက်နဲ့ ခုခံကာကွယ်လို့ ပစ်ခတ်ရာမှာသေဆုံးသွားပြီး လက်နက်တချို့လည်းရခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲကထုတ်ပြန်ထားပါတယ်။

သူတို့နဲ့အတူ ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဉ်လိုင်စင်နဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရရှိခဲ့သလို ကားပေါ်မှာလိုက်ပါလာတဲ့ တခြားသူ ၂ ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။  

ရန်ကုန်၊ ပြည်လမ်း ၉ မိုင်ခွဲ North Point - Ocean စင်တာနားမှာရှိတဲ့ အမှတ်(၁) စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ်ဟာ ရန်ကုန်တိုင်းအတွင်းရှိ မြေအောက်တော်လှန်ရေးသမားတွေကို အသွင်ယူဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ NUG က အတည်ပြုထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ ဖမ်းဆီးစစ်ကြောရေး ခံရမှုမှာလည်း ပါဝင်ပတ်သက်သူ တစ်ဦး ဖြစ်တယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်

Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်