မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် တနင်္ဂနွေ မွန်းတည့်ဝတ်ပြုပွဲ တက်ရောက်လာသော ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်။ AFP

နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဘရင်ဂျီ ကက်သလစ်ဘုရားကျောင်း ဖျက်ဆီးခံရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၂၂ ရက်နေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။

ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ တနင်္ဂနွေ မွန်းတည့်ဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားတာဖြစ်ပြီး ဒီဘုရားကျောင်းဟာ မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံးနဲ့ အရေးအပါဆုံး ကက်သလစ်ဘုရားကျောင်း တစ်ကျောင်းဖြစ်တယ်လို့လည်း မိန့်ပါတယ်။ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့ချိန် ဘုရားကျောင်းပါ မီးရှို့ခံခဲ့ရတာပါ။

ပုပ်ရဟန်းမင်းကြီးက မြို့ပေါင်းများစွာက သောကကြီးစွာ ကြုံတွေ့နေရတဲ့ အရပ်သားတွေနဲ့ နီးစပ်ကြောင်း၊ မကြာခင် ပဋ္ဋိပက္ခတွေ အဆုံးသတ်ပြီး ခွင့်လွှတ်ခြင်း၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းတွေနဲ့ အချိန်ကာလသစ် ပွင့်လန်းစေဖို့ တောင်းဆုချွေပါကြောင်းလည်း မိန့်ကြားပါတယ်။

အဲဒီနောက် ဝတ်ပြုပွဲ တက်ရောက်လာသူတွေကို မြန်မာနိုင်ငံအတွက် အတူတကွ ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက ဖိတ်ခေါ်ဆုတောင်းပေးတယ်လို့ ဗာတီကန်သတင်းမှာ ဖော်ပြပါတယ်။

ရုရှားကျူးကျော်စစ်ဒဏ်သင့်နေတဲ့ ယူကရိန်းစစ်ပွဲအပါအဝင် ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနဲ့ လူ ၅၀ နီးပါးသေဆုံးရတဲ့ ပီရူးအကြမ်းဖက်မှု အဆုံးသတ်ဖို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်