မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ

ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် တနင်္ဂနွေ မွန်းတည့်ဝတ်ပြုပွဲ တက်ရောက်လာသော ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်။ AFP

နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဘရင်ဂျီ ကက်သလစ်ဘုရားကျောင်း ဖျက်ဆီးခံရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၂၂ ရက်နေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်းမီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။

ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ တနင်္ဂနွေ မွန်းတည့်ဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားတာဖြစ်ပြီး ဒီဘုရားကျောင်းဟာ မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံးနဲ့ အရေးအပါဆုံး ကက်သလစ်ဘုရားကျောင်း တစ်ကျောင်းဖြစ်တယ်လို့လည်း မိန့်ပါတယ်။ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့ချိန် ဘုရားကျောင်းပါ မီးရှို့ခံခဲ့ရတာပါ။

ပုပ်ရဟန်းမင်းကြီးက မြို့ပေါင်းများစွာက သောကကြီးစွာ ကြုံတွေ့နေရတဲ့ အရပ်သားတွေနဲ့ နီးစပ်ကြောင်း၊ မကြာခင် ပဋ္ဋိပက္ခတွေ အဆုံးသတ်ပြီး ခွင့်လွှတ်ခြင်း၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းတွေနဲ့ အချိန်ကာလသစ် ပွင့်လန်းစေဖို့ တောင်းဆုချွေပါကြောင်းလည်း မိန့်ကြားပါတယ်။

အဲဒီနောက် ဝတ်ပြုပွဲ တက်ရောက်လာသူတွေကို မြန်မာနိုင်ငံအတွက် အတူတကွ ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက ဖိတ်ခေါ်ဆုတောင်းပေးတယ်လို့ ဗာတီကန်သတင်းမှာ ဖော်ပြပါတယ်။

ရုရှားကျူးကျော်စစ်ဒဏ်သင့်နေတဲ့ ယူကရိန်းစစ်ပွဲအပါအဝင် ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနဲ့ လူ ၅၀ နီးပါးသေဆုံးရတဲ့ ပီရူးအကြမ်းဖက်မှု အဆုံးသတ်ဖို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

Comments

Popular posts from this blog

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)

မအလရဲ့ပြည်ထောင်စုနေ့အထိမ်းအမှတ်မီးရှို့ပွဲ

UNမှာ ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ....