ဘော်လခဲက စစ်စခန်းအသိမ်းခံရပြီးနောက် စစ်ခေါင်းဆောင်က ကရင်နီ(ကယား)ဒေသမှ စစ်ဆင်ရေးတွေကို ကစထမှူးကို ဆင်းပြီးကွပ်ကဲခိုင်း၊ ယခုရက်ပိုင်း စစ်ခေါင်းဆောင်စိတ်အခြေအနေ ပုံမှန်မဟုတ်ဟုဆို

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

ကယားပြည်နယ်ကို စစ်ရေးကွပ်ကဲနေတဲ့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် (ရပခ) ကို နေ ပြည်တော်စစ်ရုံး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ( ကစထမှူး) ကိုယ် တိုင်ဆင်းပြီး စစ်ရေးကွပ်ကဲညွှန်ကြားနေရတယ်လို့ နယ် မြေခံ စစ်ဘက်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ကထစ ၂ ကစထမှူးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး အောင်အောင် ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ကစလို့ တောင်ကြီးမြို့ ရပခ ကိုရောက်ရှိနေတာဖြစ်ပြီး ကယားပြည် နယ်အတွင်းကစစ်ဆင်ရေးကိစ္စတွေနဲ့ပတ် သက်လို့ အနီးကပ် ကွပ်ကဲညွှန်ကြားနေတယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မနက်ပိုင်းက ဘော်လခဲမြို့ နယ်၊နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်ကုန်းက စစ်ကောင်စီရှေ့တန်းစစ်စခန်းကို ကရင်နီကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အခု လိုရောက်ရှိလာပြီးကွပ်ကဲနေတာလို့တပ်သတင်းရင်းမြစ်ကပြောပါတယ်။

'' အဲ့ဒီစခန်းကို PDF တွေသိမ်းခံရပြီးတော့ သူ့(ကစထမှူး)ကို မင်းကိုယ်တိုင်ဆင်းပြီးကွပ်ကဲဆိုပြီး တပ်ချုပ် မင်းအောင်လှိုင်က လွှတ်လိုက်တာလို့သိရတယ် ။ ရပခမှာရောက်နေတာ ၃ ရက်ရှိပြီ။ လေယာဉ်တွေလွှတ်ပြီး ကြဲတာတွေရောအကုန်သူလုပ်နေရတာ။ ဒီရက်ပိုင်း ကစထမှူးရော တိုင်းမှူးရော တော်တော်ပြာနေတယ်။ တပ်ချုပ်စိတ်ပုံမှန်မဟုတ်တော့ဘဲ အလို လိုဒေါသထွက်နေတယ်လို့သိရတယ်။ နေပြည်တော်က သူတို့စစ်ခေါင်းဆောင်ပိုင်းအစည်းအဝေးတွေကို လည်း ခုလုပ်မယ်၊ တော်ကြာမလုပ်ဘူးဆိုပြီး ခနခနအမျိုးမျိုးပြောနေတယ်လို့သိရတယ်'' လို့ တောင်ကြီးမြို့ ရပခ နဲ့နီးစပ်တဲ့တပ်သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နှစ်သစ်ကူးညပြီးတဲ့နောက် ယမန်နေ့မနက်ပိုင်းကစလို့ နေပြည်တော်ကိုပြန်လည်ရောက်ရှိနေတာဖြစ်ပြီး စစ်ခေါင်းဆောင်ပိုင်းတွေနဲ့အရေးကြီးအစည်းအဝေးတွေ ဒီကနေ့မှာ လုပ်ဆောင်ဖို့ အမိန့်ပေးထားပေမယ့် သူ့ဘက်က ပျက်ကွက်မှုတွေရှိနေတာလို့လည်း နေပြည်တော်စစ်ရုံးနဲ့နီးစပ်တဲ့သူတွေကပြောပါတယ်။  

အဲ့ဒီ မယ်စလောင်းတောင်ကုန်းစခန်းကို ဇန်နဝါရီလ ၂၀ ရက် နေ့မနက်ပိုင်းက ကရင်နီပူးပေါင်း တပ်ဖွဲ့တွေ တိုက် ခိုက်သိမ်းပိုက်ခဲ့လို့ စခန်းကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကုန်းကိုစွန့်ခွာထွက် ပြေးသွားခဲ့ပြီး စခန်းကုန်းကိုရရှိချိန်မှာ စစ်ကောင်စီတပ်သား ၅ ဦးသေ ဆုံးနေပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်း ရရှိခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

ကစထ ၂ မှူး ဒု-ဗိုလ်ချုပ်ကြီး အောင်အောင်ဟာ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာန ချုပ်(နတခ) စစ်တိုင်းမှူးကနေ ပြီးခဲ့တဲ့နှစ်စက်တင် ဘာလကစလို့ နေပြည်တော်စစ်ရုံးကို ကစထမှူးအဖြစ်အဆင့်တိုးရရှိခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ ၂)ကစထမှူးဟာ ရှမ်းပြည်နယ် အတွင်း မှာဖွဲ့စည်းထားတဲ့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)၊ လားရှိုးမြို့အခြေ စိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)၊ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)၊ ကျိုင်းတုံမြို့ အခြေ စိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) စတဲ့ စစ်တိုင်း ၄ တိုင်းကိုကွပ်ကဲရတဲ့ ဒု-ဗိုလ်ချုပ်ကြီး အဆင့် ကစထမှူးဖြစ်တယ်လို့သိရပါတယ်။
#ကယားပြည် #စစ်ဆင်ရေး #ကစထမှူး #ကွပ်ကဲခိုင်း #Ayeyarwaddy_Times






Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်