တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း ဓါတ်ငွေ့အများဆုံးတင်ပို့သော ၅ နိုင်ငံထဲတွင် မြန်မာ ပါဝင်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂

တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း သဘာဝဓါတ်ငွေ့အများဆုံးတင်ပို့ခဲ့သော ထိပ်ဆုံး ငါးနိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေကြောင်း သိရသည်။

တရုတ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်များအရ ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဓါတ်ငွေ့အများဆုံး တင်ပို့ခဲ့ သောနိုင်ငံများထဲတွင် တာခ်မင်နစ္စတန် Turkmenistan က ထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ရုရှားနိုင်ငံက ဒုတိယ နေရာတွင် ရပ်တည်နေကာ မြန်မာနိုင်ငံက တတိယနေရာ၊ ကာဇက်စတန်နိုင်ငံက စတုတ္တနေရာ နှင့် ဥဇဘက် ကစ္စတန်နိုင်ငံက ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်း၊ တရုတ်အကောက်ခွန်ဌာန၏ဖော်ပြချက်အရ သိရသည်။ အဆိုပါ တရုတ်အကောက်ခွန်ဌာန၏ အဆိုအရ တာခ်မင်နစ္စတန် သည် ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၂၅ ဘီလျံ တန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၈ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များတင်ပို့ခဲ့သလို ကာဇက်စတန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၈ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များတင်ပို့ခဲ့ကြောင်း သိရသည်။ 

ဥဇဘက်ကစ္စတန်နိုင်ငံကလည်း တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာနက ဖော်ပြခဲ့သည်။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ