တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း ဓါတ်ငွေ့အများဆုံးတင်ပို့သော ၅ နိုင်ငံထဲတွင် မြန်မာ ပါဝင်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂

တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း သဘာဝဓါတ်ငွေ့အများဆုံးတင်ပို့ခဲ့သော ထိပ်ဆုံး ငါးနိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေကြောင်း သိရသည်။

တရုတ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်များအရ ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဓါတ်ငွေ့အများဆုံး တင်ပို့ခဲ့ သောနိုင်ငံများထဲတွင် တာခ်မင်နစ္စတန် Turkmenistan က ထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ရုရှားနိုင်ငံက ဒုတိယ နေရာတွင် ရပ်တည်နေကာ မြန်မာနိုင်ငံက တတိယနေရာ၊ ကာဇက်စတန်နိုင်ငံက စတုတ္တနေရာ နှင့် ဥဇဘက် ကစ္စတန်နိုင်ငံက ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်း၊ တရုတ်အကောက်ခွန်ဌာန၏ဖော်ပြချက်အရ သိရသည်။ အဆိုပါ တရုတ်အကောက်ခွန်ဌာန၏ အဆိုအရ တာခ်မင်နစ္စတန် သည် ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၂၅ ဘီလျံ တန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၈ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များတင်ပို့ခဲ့သလို ကာဇက်စတန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၈ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များတင်ပို့ခဲ့ကြောင်း သိရသည်။ 

ဥဇဘက်ကစ္စတန်နိုင်ငံကလည်း တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာနက ဖော်ပြခဲ့သည်။

Comments

Popular posts from this blog

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

(NUG)People's government has right to stand in the world