Posts

Showing posts from February 14, 2023

စစ်တပ်ရက်စက်မှု စစ်ရာဇဝတ်မှုအဆင့်ရောက်ဟု သတင်းတစ်ရပ် ဖော်ပြ

Image
ဒေသခံပြည်သူတွေအပေါ်   အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုက   စစ်ရာဇဝတ်မှုအဆင့်ကို   ရောက်ရှိနေတဲ့အကြောင်း   ဗာတီကန်အခြေစိုက်   သတင်းတစ်ခုက   ဖော်ပြပါတယ်၊ ဦးသစ်ဆင်း  ( ဝါရှင်တန်ဒီစီ )RFA 2023-02-13 ၂ဝ၂၁   ခုနှစ်   ဖေဖော်ဝါရီလ   ၁၅   ရက်နေ့က   ရန်ကုန်မြို့ရှိ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD)  ရုံးချုပ်ရှေ့တွင်   စောင့်ကြပ်နေသည့်   စစ်ကောင်စီတပ်သားတချို့။  Reuters မြို့နယ်   ၃၇   မြို့နယ်ကို   အာဏာသိမ်းစစ်တပ်က   စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ်   ကြေညာထားပြီး   ဒေသခံပြည်သူတွေအပေါ်   စစ်တပ်ရဲ့   ရက်စက်ကြမ်းကြုတ်မှု   စစ်ရာဇဝတ်မှုအဆင့်ကို   ရောက်ရှိနေကြောင်း   ဗာတီကန်အခြေစိုက်  Agenzia Fides  သတင်းက   ဖော်ပြပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း   စစ်ကိုင်းတိုင်းနဲ့   မကွေးတိုင်းကြားက   ပြည်သူ့ကာကွယ်ရေး   အမာခံနယ်မြေတွေမှာ   အရပ်ဘက်ပြည်သူတွေအပေါ်   အာဏာသိမ်းစစ်ကောင်စီက   ပိုမိုပြင်းထန်တဲ့   မာရှယ်လော   စစ်အုပ်ချုပ်ရေးကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့အတူ   ပြည်သူတွေအပေါ်   စစ်တပ်ရဲ့ဖိအားဟာ   ပိုမိုပြင်းထန်ခဲ့ပါတယ်။ နေရာပြောင်းရွှေ့ခံခဲ့ရတဲ့   အပြစ်မဲ့ပြည်သူတွေ၊   အမျိုးသမီးတွေနဲ့   ကလေးငယ်တွေ၊   သက်ကြီးရွယ်

ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး၊

Image
မြောင်မြို့နယ်တွင်လည်း   ပြည်သူများ   ထွက်ပြေးနေရ   ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၅ ခေတ်သစ် စစ်ကိုင်းတိုင်း၊   ခင်ဦးမြို့နယ်ကို   အကြမ်းဖက်စစ်ကောင်စီက   စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်   စစ်တပ်   က   ၉ ရက်အတွင်း   ကျေးရွာ   ၇   ရွာထက်မနည်းကို   စစ်ကြောင်းထိုးဝင်ရောက်ကာ   မီးရှို့ဖျက်ဆီးနေ   ကြောင်း   ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ   သိရသည်။ ဖေဖော်ဝါရီလ   ၂   ရက်နေ့တွင်   အကြမ်းဖက်စစ်ကောင်စီက   မြို့နယ်ပေါင်း   ၃၇   မြို့နယ်   စစ်အုပ်ချုပ်ရေး   ကြေညာခဲ့ရာ   ခင်ဦးမြို့နယ်အတွင်းရှိ   ကျေးရွာများကို   နေ့စဉ်နှင့်အမျှ   စစ်ကြောင်းထိုးဝင်ရောက်နေပြီး   သေနပ်စိန်ကျေးရွာစောကြီးကျေးရွာတို့ကို   မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊   ဒေသခံပြည်သူ   ထောင်ပေါင်းများစွာ   လည်း   စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး   အရေးပေါ်   စားနပ်ရိက္ခာ၊   အဝတ်အစား၊   အသုံး   အဆောင်ပစ္စည်းများလိုအပ်လျက်ရှိကြောင်း   သိရသည်။ စစ်ဘေးရှောင်တွေထဲမှာ   ကိုယ်ဆောင်   မိခင်တွေ၊   သွေးသားနုမိခင်တွေပါတယ်၊   တောထဲမှာ   ယာယီထန်း   ရွက်တဲထိုးနေကြရတာ၊   အဲဒီထန်းရွက်တဲတွေကိုလည်း   စစ်ခွေးတွေက   ထပ်မီးရှို့ဖျက်ဆီးတယ်၊   တောထဲ   မှာ   ဖြစ်

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

Image
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ   ၁၄   ရက် ပဲခူးတိုင်း၊   လက်ပံတန်းမြို့နယ်   လျှပ်စစ်ရုံးမှ   မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအပါအဝင်   ရုံးရှိဝန်ထမ်းအချို့က   မီတာဆောင်ထားသည့်   ကျပ်ငွေသိန်းပေါင်   ၁၀၀၀၀   ကျော်ကို   ယူဆောင်ထွက်ပြေးသွားကြောင်း   လက်ပံတန်းမြို့ခံများထံက   သိရသည်။ အဆိုပါ   မီတာခများ   ယူဆောင်ထွက်ပြေးသွားသည့်သူများမှာ   မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ   ဝေဖြိုးအောင်ဆိုသူမှ သိန်း   ၁၀၀၀   ကျော်၊   မီတာစာရေး   ဖြိုးသက်နောင်ဆိုသူမှ   ကျပ်ငွေ   သိန်း   ၄၀၀   ကျော်၊   မန်နေဂျာ   ပေါဦးဆိုသူမှ   ကျပ်ငွေသိန်း   ၉၀၀၊   သာရဝေါခွဲမှူးဆိုသူမှ   ကျပ်ငွေ   သိန်း   ၁၀၀၀   ကျော်ယူဆောင်ထွက်ပြေးသွားကြောင်း     လျှပ်စစ်ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ   သိရသည်။ ဒါ့ပြင်   လျှပ်စစ်ရုံးမှ   လျှပ်စစ်အခြားအဆင့်၀န်ထမ်းများကလည်း   ကျန်ရှိနေသည့်   မီတာခငွေကြေးများကို   ယူ၍ ထပ်မံထွက်ပြေးသွားကြကြောင်း  EPC  ရုံးနှင့်   နီးစပ်သူ   တစ်ဦးထံကမှ   သိရှိရသည်။ ဒါ့ပြင်   လက်ပံတန်း   မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်   ရုံးရှိဝန်ထမ်းအချို့က   မီတာခ   ကျပ်ငွေ   သိန်း   ၁၀၀၀၀   ကျော်ကို   ယူဆောင်ထွက်ပြေးခဲ့သော်လည်း   ရုံးတွင်း

မင်းလှ PDF တပ်စခန်း တည်နေရာများကို စစ်တပ်ထံ သတင်းပေးခဲ့သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံး

Image
ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၄ ခေတ်သစ် ပဲခူးတိုင်း၊   မင်းလှမြို့နယ်ရှိ  PDF  တပ်စခန်း   တည်နေရာများကို   စစ်တပ်ထံ   သတင်း   ပေးခဲ့သည့်   ရာအိမ်မှူး   စိုးနိုင် ပစ်ခတ်   ခံရပြီး   ပွဲချင်းပြီး   သေဆုံးခဲ့ကြောင်း  Bago Region PDF  မှ   တာဝန်ရှိသူ   တစ်ဦးက   ရန်ကုန်ခေတ်သစ်   မီဒီယာသို့   ပြောဆိုသည်။ ဖေဖော်ဝါရီလ   ၁၃   ရက်နေ့   နံနက်   ၈   နာရီ   ၁၅   မိနစ်တွင်   မင်းလှမြို့နယ်၊   စမ်းဘုတ်   ကျေးရွာအုပ်စု၊   ကျွန်းကုန်း‌‌ကျေးရွာမှ   အကြမ်းဖက်   စစ်ကောင်စီခန့်   ရာအိမ်မှူးစိုးနိုင်ကို   ဒေသခံ   ကာကွယ်ရေး   တပ်ဖွဲ့များက   ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး   ပွဲချင်းပြီး   သေဆုံးခဲ့ကြောင်း   သိရသည်။ သေဆုံးသွားသော   ရာအိမ်မှူး   စိုးနိုင်သည်   ၂၀၂၂   ခုနှစ်   ဇွန်လ   ၃   ရက်နေ့က   ပဲခူးရိုးမ   အတွင်းရှိ   မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏   တပ်စခန်း   တည်   နေရာများကို     စစ်တပ်ထံ   သတင်းပေးခဲ့သူ   ဖြစ်ပြီး     စစ်တပ်   စီးနင်းတိုက်ခိုက်မှုကြောင့်   မင်းလှ  PDF  မှ   တပ်ခွဲမှူး   ရဲဘော်ရိုးမ   ကျဆုံးခဲ့ကြောင်း၊   စိုးနိုင်သည်   စစ်ကောင်စီနှင့်ပူးပေါင်းပြီး သစ်ခိုးထုတ်ခြင်း၊   စစ်ကောင်စီအားကိုးဖြင့်