စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေ

 ခမရ ၄၀၃ မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးဇော်၊ဗိုလ်မှူး သန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်မှုဖြင့် ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်

 

အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။ 

ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ဖြစ်ပြီးကရင်ပြည်နယ်၊KNU တပ်မဟာ  နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်သည်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကရင်ပြည်နယ်၊ KNU တပ်မဟာ  နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကိုKNLA  PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ  ဦးက  အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။ 

ထို့ကြောင့် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူးနိုင်နိုင်ဇော်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး တပ်တွင်း ပုန် ကန်မှုဖြင့် အရေးယူထားကြောင်း သိရှိရသည်။ 

စစ်တပ်က ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်ကို စအရ ၉၀၄ တပ် တွင်လည်းကောင်း၊ ဗိုလ်မှူး သန်းနိုင်အေးကိုမဆရ  တပ်တွင်လည်းကောင်း၊ ဗိုလ်မှူးနိုင်နိုင်ဇော်ကို ခမရ ၁၀၂ တပ်တွင်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။

KNU တပ်မဟာ  နယ်မြေတွင် ရှေ့တန်းတာဝန်ကျနေသည့် ခမရ ၄၀၃ တပ်သည် စစ်သားအများအပြား ထွက်ပြေးခဲ့ကြသည့် တပ်ရင်းတပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။  

ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ခမရ ၄၀၅ မှ  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူးဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ကြည်သာဖြိုးတို့က  KNU တပ်မဟာ  နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန်ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့်  တပ်တွင်း ပုန်ကန်မှု ပြုလုပ်သည်ဟုဆိုကာ  အဆိုပါအရာရှိ  ဦးလုံးကို စစ်တပ်က ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။ 



Comments

Popular posts from this blog

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်း

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို PDFများ စီးနင်းသိမ်းပိုက်ထား

စစ်ကောင်စီ အသေအပျောက်များသည့် ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ (ရုပ်သံ)