မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရာတော်၊ နောင်ကြီးအိုင်ရဲစခန်းကိုလည်း တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄  ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်အတွင်းသို့ ၁၂၀ မမ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း Chindwin Attack Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ  နာရီခန့်က အဆိုပါတပ်ဝန်းအား ၁၂၀ မမ လက်နက်ကြီး  လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နလစ  ရှိ အဆောင်များပေါ်သို့ အတိအကျ ကျရောက်ပေါက် ကွဲခဲ့ကြောင်း၊လုံခြုံရေးအခြေအနေကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း  တပ်ခွဲ Fight For People –FFP မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်(Chindwin Attack Force) တပ်ရင်း   တပ်ရင်း   တပ်ရင်း   တပ်ခွဲ၊တပ်ဖွဲ့များ ထိုးစစ် ဆင် တိုက်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများ လိုအပ်နေကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အဆိုပါနောင်ကြီးအိုင်ရဲစခန်းကို မုံရွာခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း  တပ်ခွဲ  ဂဠုန်နက် PDF  ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့နှင့်တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း သိရသည်။
ဓာတ်ပုံအနောက်မြောက်တိုင်းစစ်ဌာနချုပ်၊စခန်းရုံး အတွင်း မြင်ကွင်း။ 


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်