ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး၊

မြောင်မြို့နယ်တွင်လည်း ပြည်သူများ ထွက်ပြေးနေရ 


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်တပ် က ရက်အတွင်း ကျေးရွာ  ရွာထက်မနည်းကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေ ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။


ဖေဖော်ဝါရီလ  ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြို့နယ်ပေါင်း ၃၇ မြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုးဝင်ရောက်နေပြီး သေနပ်စိန်ကျေးရွာစောကြီးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ လည်း စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အစား၊ အသုံး အဆောင်ပစ္စည်းများလိုအပ်လျက်ရှိကြောင်း သိရသည်။


စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဆောင် မိခင်တွေ၊ သွေးသားနုမိခင်တွေပါတယ်၊ တောထဲမှာ ယာယီထန်း ရွက်တဲထိုးနေကြရတာ၊ အဲဒီထန်းရွက်တဲတွေကိုလည်း စစ်ခွေးတွေက ထပ်မီးရှို့ဖျက်ဆီးတယ်၊ တောထဲ မှာ ဖြစ်သလိုနေရတော့ အစစအရာရာလိုအပ်ချက်တွေဖြစ်ပေါ်နေတယ်၊ နေစရာ၊ စားဝတ်နေရေး အရေး ပေါ်လိုအပ်နေတာပါ၊လူသားချင်းစာနာမှုအကူအညီတွေ ဆက်သွယ်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါ တယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောကြားသည်။


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မင်းကံကြီးကျေးရွာ၊ လက်ပံလှကျေးရွာ၊ လောင်းရှည် ကျေးရွာ ပြည်သူပိုင်နေအိမ်များကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါစစ် ကြောင်းမှာ လောင်းရှည်ကျေးရွာတွင် ရှိနေသေးသဖြင့် အနီးအနားဝန်းကျင် ကျေးရွာ  ရွာမှ ပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။


ထို့အတူ မြောင်မြို့နယ်၊ မရိုးကုန်းနှင့် ကျီကုန်းကျေးရွာများသည် မြောင်မြို့နှင့် အလွန်နီးကပ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ အချိန်မရွေးဝင်ရောက်လာနိုင်သဖြင့် ဘေးလွတ်ကင်းရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။














Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်