မင်းလှ PDF တပ်စခန်း တည်နေရာများကို စစ်တပ်ထံ သတင်းပေးခဲ့သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်


ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ PDF တပ်စခန်း တည်နေရာများကို စစ်တပ်ထံ သတင်း ပေးခဲ့သည့် ရာအိမ်မှူး စိုးနိုင်ပစ်ခတ် ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်  နာရီ ၁၅ မိနစ်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ် ကျေးရွာအုပ်စု၊ ကျွန်းကုန်း‌‌ကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီခန့် ရာအိမ်မှူးစိုးနိုင်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ရာအိမ်မှူး စိုးနိုင်သည် ၂၀၂၂ ခုနှစ် ဇွန်လ  ရက်နေ့က ပဲခူးရိုးမ အတွင်းရှိ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စခန်း တည် နေရာများကို  စစ်တပ်ထံ သတင်းပေးခဲ့သူ ဖြစ်ပြီး  စစ်တပ် စီးနင်းတိုက်ခိုက်မှုကြောင့် မင်းလှ PDF မှ တပ်ခွဲမှူး ရဲဘော်ရိုးမ ကျဆုံးခဲ့ကြောင်း၊ စိုးနိုင်သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီးသစ်ခိုးထုတ်ခြင်း၊ စစ်ကောင်စီအားကိုးဖြင့် ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ဆဲဆိုကြိမ်းမောင်းခြင်း၊အာဏာပြ၍ အမျိုးမျိုးဖိနှိပ်ခြင်းများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။


အဆိုပါ ပစ်ခတ်မှုကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီ ဂဠုန်တပ်ဖွဲ့တို့က ပူးပေါင်းပြီးနန်းထိုက်အောင် စစ်ဆင်ရေးအအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရာအိမ်မှူး စိုးနိုင်ထံမှ ငွေ ၁၃၅၀၀၀ ကျပ်နှင့် ဖုန်း လုံးသိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်