ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်မြင့်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တင့်တယ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
"​ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျောက်မြင့်ရွာက အရင်းဆုံး မီးရှို့ခံရတာ နံနက်အစောပိုင်းလောက်မှာ ရွာကို စစ်ခွေးတွေက ဝင်စီးပြီး ၈ နာရီလောက်မှာ စရှို့တယ် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာ တင့်တယ်ရွာကို ဝင်ရောက်စီးနင်းပြီး ၁ နာရီလောက်မှာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်။ အဲ့ ၂ ရွာပြီးတော့ ကျားရွာကို ထပ်ရှို့တာပဲ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။









Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ