သမ္မတရူး မင်းအာင်လှိုင်က ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်

သမ္မတရူး မင်းအာင်လှိုင်က  ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်ပြီး စစ် တပ်ကို နံပါတ် ၁ အရေးကြီးဆုံး ဝန်ကြီးဌာနအဖြစ် သတ်မှတ်ကာ  တိုင်းရင်းသားအရေး ဝန်ကြီးဌာနကို နောက်ဆုံးမှာထား
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက်မင်းအောင်လှိုင်က သူစိတ်တိုင်းကျ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေရဲ့ ဝါစဉ်ကို ၂၀၂၃ ခုနှစ် အတွက် သတ်မှတ် လျှို့ဝှက် ထုတ်ပြန်လိုက်ပါတယ်။ 
ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး လက် နက်အားကိုးနဲ့ မတရား အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတတစ်ဦးလို သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုသုံးလို့ ပြည်ထောင်စုဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။ 
မင်းအောင်လှိုင်က သူ့ကိုယ်သူ စစ်ကောင်စီ ဝန်ကြီးချုပ်လို့ အမည်တပ်ထားပေမယ့် ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပေးအပ်နေတာ၊  သမ္မတ ရွှေစလွယ် လွယ်တာ၊ ဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်တာ၊ ဘတ်ဂျက်တွေ စိတ်တိုင်းကျ သုံးချင်သလိုသုံးနေတာ၊ ဗိုလ်ရှုခံပွဲတွေ မကြာခဏ ကျင်းပနေတာ စတဲ့ သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို  အခြေခံဥပဒေနဲ့ မညီဘဲ ချိုးဖောက် အသုံးပြုနေပါတယ်။ 
သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင် သတ်မှတ်တဲ့ ဝန်ကြီးဌာန ဝါစဉ်တွေမှာ စစ် တပ်နဲ့တိုက်ရိုက်ပတ်သက်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို နံပါတ် ၁ အရေးကြီးဆုံး ဌာနအဖြစ် သတ်မှတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို နံပါတ် ၂  အရေးကြီးဆုံးအဖြစ် သတ်မှတ်ပါတယ်။ 
တိုင်းရင်းသားအရေး ဆောင်ရွက်ပေးမယ်လို့ အမြဲတမ်း အသံကောင်းဟစ်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကိုတော့ အရေး မကြီးဆုံး ဝန်ကြီးဌာနအဖြစ် အောက်ဆုံးအဆင့်ရဲ့ နောက်ဆုံးနေရာမှာ နံပါတ် ၂၉ အဖြစ် သတ်မှတ်ထားပါတယ်။ 
တိတိကျကျ ပြောရရင်တော့ နောက်ဆုံးမှာထားခံရတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက အုပ်ချုပ်ရေး ယန္တရားရဲ့ အရေးမကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး မလုပ် မရှုပ် မပြုတ်၊ အရေးမကြီးတဲ့ဝန်ကြီးဌာန ဆိုတဲ့  အဓိပ္ပာယ်ရပါတယ်။
၀န်ကြီးဌာန ဝါစဥ်သတ်မှတ်မှုဟာ ​စစ်​ကောင်စီအစည်း အ​ဝေး ​နေရာချထားမှု၊ ဘတ်ဂျက်ခွဲ​ဝေသုံးစွဲမှု၊ ဦးစား​ပေးအဆင့် သတ်မှတ်မှု အပါအဝင် အုပ် ချုပ်​ရေးဆိုင်ရာ အ​ရေးကြီးအဆင့် သတ်မှတ်မှုလည်း ဖြစ်ပါတယ်။
အောက်ဆုံးအဆင့်မှာရှိနေတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊  ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ  အစည်းအဝေးတွေမှာ ဦးစားပေး ဖိတ်ခေါ်ခံရခြင်း၊ တက်ခွင့် မရခြင်း စတဲ့ အရေးမကြီးတဲ့ ဝန်ကြီးဌာနအဖြစ် သတ်မှတ်ခြင်းခံရတာလည်းဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေး ဘယ်လောက်ပဲ အသံကောင်းဟစ်ပေမယ့်လည်း လက်နက်အားကိုးတဲ့ လူမိုက် စရိုက်ကို မင်းအောင်လှိုင်သတ်မှတ်တဲ့ ဝန်ကြီးဌာန ဝါစဉ်တွေကို ကြည့်ရင် သိနိုင်မှာလည်းဖြစ်ပါတယ်။


Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော