Posts

Showing posts from March 20, 2022

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

Image
▪️ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ​ပြော —People’s Spring ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာမရှိတော့သည်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းက သိရှိနေပြီဖြစ်ကြောင်း CDM တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသည့် ခမရ (၃၅၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဆိုသည်

မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်း နှင့် စိုးထွဋ်အသံဖိုင်ပေါက်ကြားမှု ဒုဝန်ကြီးမှစ၍ ဌာနဆိုင်ရာ ညွှန်ချုပ်များအထိ စစ်ဆေးခံရ၊ စစ်ကိုင်းတိုင်းမှ ထွေ/အုပ်အရာရှိတစ်ဦး ဖမ်းဆီးခံထားရ

Image
​ ရန်ကုန်၊ မတ် ၂၀  မင်းအောင်လှိုင်က နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော အလွတ်သဘော လျှို့ဝှက်အစည်းအဝေး ပြောဆိုမှုများ မှတ်တမ်း ပေါက်ကြားသည့်အတွက် စစ်ကိုင်းတိုင်းမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။  ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး ပြောဆိုမှု မှတ်တမ်းများကို ရန်ကုန်ခေတ်သစ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မှတ်တမ်းဖိုင်များအားလုံး ဖော်ထုတ်တင်ပြခဲ့ရာ ယင်းဖော် ထုတ်တင်ပြမှုအတွက် ရန်ကုန်တိုင်းအစိုးရ ၊ E-government ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်နေပြည်တော် စစ်ကောင်စီရုံးမှ ဝန်ထမ်းတချို့ ၁ ပတ်ကျော်ကြာ ခေါ်ယူ စစ်ဆေးခံရကြောင်း၊ ယင်းနောက် စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။  "မအလနဲ့ တိုင်းကောင်စီဥက္ကဋ္ဌတွေရဲ့ အစည်းအဝေး မှတ်တမ်း ခေတ်သစ်ကိုပို့ပေးလို့ လိုင်းပေါ်တက်လာတယ်ဆိုပြီး စစ်ကိုင်းတိုင်းထွေ/အုပ်အရာရှိတစ်ဦး အဖမ်းခံရပါတယ်" ဟု စစ်ကိုင်းတိုင်းမှ အရာရှိတစ်ဦးက ပြောသည်။  ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ်သပိတ်တားဆီးရေး ပြည်ထဲရ