Posts

Showing posts from March 18, 2022

​YTU ဘောကွင်း မြေသိမ်းဖို့ စစ်တပ်ကြံစည်

Image
ဒီမနက်မှာ စစ်တပ်က အရာရှိအချို့ (အရပ်၀တ်နဲ့) YTU ဘောလုံးကွင်းကို ရောက်လာတယ်လို့ ဆိုပါတယ်။ ရောက်လာတဲ့ထဲက သူတစ်ယောက်မှာ ဂေါက်ရိုက်ပစ္စည်းတွေလည်း ပါလာတယ်လို့ ပြောပါတယ်။  ဒီကွင်းကို မြက်ရှင်းပြီး ဂေါက်ကွင်းအဖြစ် ဖန်တီးမယ်၊ ဒီကိစ္စကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံတင်ပြမယ်၊ လောလောဆယ် အင်းစိန်အတွက် တာ၀န်ခံ (စစ်ဗိုလ်) က ဘယ်သူလဲဆိုပြီး အချင်းချင်း ပြောနေတယ်လို့ သိရတယ်။ ဆိုတော့ ဒီကွင်းနေရာဟာ ဟိုး BIT စစတုန်းက ဂေါက်ရိုက်ဖို့အတွက်လည်း အသုံးပြုခဲ့တဲ့နေရာဆိုတာ စာထဲဖတ်ဖူးပါတယ်။ အဲ့တုန်းကဘောကွင်းက အခု MJTDC 2 ရှိတဲ့နေရာ G Hall ရှေ့မှာပါ။ နောက်မှ ရေကန်ကြီးတူးပစ်လိုက်တာပါ။ ပြီးခဲ့တဲ့ နအဖ သန်းရွှေခေတ်မှာ RIT ၀န်းနဲ့ကပ်လျက် အောင်သိန္ဓိထဲက မြေကွက်တခုကို နအဖ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ယူလိုက်တယ်။ အဲလိုယူလိုက်တဲ့အထဲ YTU မြေ ပေ ၁၀၀ လောက် ပတ်ပတ်လည်ပါသွားတယ်။ ဘယ်နေရာလည်းဆိုရင် F ဆောင် မျက်စောင်းထိုး (အားကစားရုံသစ်ကြီး ဘက် သွားတဲ့အခြမ်းက) ရေကန်ကြီးရဲ့ ဟိုဖက်ကမ်းပါ။  စစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်ထဲ လှိုင်နယ်မြေထဲက မြေတွေအများအပြားကို သန်းရွှေခေတ်မှာသိမ်းခဲ့တယ်။ လှိုင်နယ်မြေထဲမှာ ပုဂ္ဂလိက လုံးခ

သြစတြီးယားနိုင်ငံလုပ် ဒရုန်းယာဉ်တွေကို ထောက်လှမ်းရေးအတွက် စစ်ကောင်စီသုံးနေ

Image
​ Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။ စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ) 2022-03-16 Schiebel ရှီဘဲယ် အမှတ်တံဆိပ်ပါ ကင်းထောက် ဒရုန်းလေယာဉ် Photo:Schiebel စစ်အာဏာသိမ်းမှုကြိုးပမ်းချိန်ကစလို့ မောင်းသူမဲ့ Camcopter S-100 ဒရုန်းထောက်လှမ်းရေး လေယာဉ် အစိတ်အပိုင်းတွေကို ရုရှားကတဆင့် Miya Win International Limited ကုမ္ပဏီက ဝယ်ယူတင်သွင်းတယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်သူတွေကို ဆက်စပ်ဖော်ထုတ်သုတေသနလုပ်နေတဲ့ Justice for Myanmar က မတ်လ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။ Camcopter S-100 ဟာ သြစတြီးယားနိုင်ငံ Schiebel ရှီဘဲယ်ကုမ္ပဏီ မူပိုင်ဖြစ်ပြီး သူနဲ့အကျိုးတူ ရုရှား OAO Gorizont က ထုတ်လုပ်ခွင့်လိုင်စင်ရထားပါတယ်။ Camcopter ကို ကင်မရာနဲ့ ရဟတ်ယာဉ်ကိုတွဲလို့ cam- ကင်မရာနဲ့ copter ချော့ပါကို ပေါင်းနာမည်ပေးထားတယ်လို့ ပြောနိုင်ပါတယ်။ Miya Win International ကုမ္ပဏီကပဲ မြန်မာစစ်တပ်အတွက် Camcopter S-100 ဝယ်ယူပေးထားပါတယ်။ Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။ တစ်နာရီ မိုင် ၁၄၀ နှုန်းနဲ့ အမြင့်ပေ ၁၈၀၀၀ ကနေ ထောက်လှမ်းနိုင်ပါ

စစ်တပ်ပိုင်စီးပွါးရေး များအားသပိတ်မှောက်ကြပါ။

Image
Boycott Myanmar Military-Linked Goods and Services #SocialPunishmentandBoycotting  #boycottmyanmarmilitarybusinesses https://www.facebook.com/1271325398/posts/10227514574911280/?d=n Yes