စစ်တပ်ပိုင်စီးပွါးရေး များအားသပိတ်မှောက်ကြပါ။ Get link Facebook X Pinterest Email Other Apps By YeYint Nge March 18, 2022 Boycott Myanmar Military-Linked Goods and Services#SocialPunishmentandBoycotting #boycottmyanmarmilitarybusinesseshttps://www.facebook.com/1271325398/posts/10227514574911280/?d=nYes Get link Facebook X Pinterest Email Other Apps Comments
ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး) By YeYint Nge March 19, 2022 … ‘ကလင် … ကလင် … ကလင် ဟယ်လို … စခန်းမှူး ကိုမင်းမောင်လား … အခုပဲ ရဲချုပ်က ခင်ဗျားကို သူ့ရုံးခန်း လာခဲ့ပါလို့ ခေါ်နေတယ်’ ‘အေးဗျာ လာတာပေါ့’ ဟုပြောပြီး ကိုမင်းမောင်က တယ်လီဖုန်းပြန်ချပြီးနောက် သူ့ရဲ့ကုတ်အင်္ကျီထဲက စီးကရက်ဗူးကို ထုတ်၍ စီးကရက်တစ်လိပ်ကို မီးခြစ်ပေါ် ဆေးသားညီအောင် ခေါက်ပြီး မီးညှိဖွာရှိုက်လိုက်ပါတယ်။ ကိုမင်းမောင်က သူသောက်လက်စ စီးကရက်ကို သူ့ရဲ့နှုတ်ခမ်းမှာ တေ့ဖွာရှိုက်ပြီး လွမ်းမောခြင်းနဲ့အတူ ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်တယ်။ အမှုမှာ နှစ်အတော်ပင် ကြာခဲ့လေပြီ။ မည်သူမျှ အမှုမှန် မဖော်နိုင်သေးပါ။ မဖော်နိုင်သေးသည်မဟုတ်၊ မဖော်ထုတ်ရဲသေးတာပါ။ အချိန်က ၂၀၀၈ ခုနှစ် မတ်လ ၃ ရက် ငါးလောင်းပြိုင်လူသတ်မှု ရန်ကုန်မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ဖြစ်ပွားပုံမှာ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဆိုသော သတင်းပင် ဖြစ်သည်။ ‘အင်း … အမှုကတော့ နက်နဲလာပြီ ကိုသန်းအောင်ရေ … ကျွန်တော်တို့ ဒလဘက်ကို သွားကြရအ... Read more
ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl By YeYint Nge June 19, 2024 စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် ပဲခူး ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ ရုပ်ကလာပ် စစ်တပ်လက်ထဲမှ ပြန်ရရေး တပည့်များစောင့်ဆိုင်းနေ Myanmar Now ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။ ဆရာတော်ကြီးသည် မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦးလေဆိပ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ ဆရာတော်ကြီးနှင့် နီးစပ်သည့် ပဲခူးဒေသခံတစ်ဦးက “မန္တလေးလေဆိပ်မှာ ဖြစ်တာ။ တံတားဦးလေဆိပ်ကနေ ကားနဲ့ လေဆိပ်ကနေ ထွက်တာ။ ထွက်တဲ့အချိန်မှာ ရဲကင်းရှိတာကို ဆရာတော်မောင်းတဲ့သူက မသိဘူးပေါ့နော်။ ရဲက တားတာကို ရပ်မပေးဘဲနဲ့ ဖြတ်မောင်းသလို ဖြစ်သွားလို့ဆိုပြီး နောက်ကနေ သေနတ်နဲ့ပစ်တာ ဆရာတော်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ဆိုသည်။ ဆရာတော်နှင့်အတူ ပါလာသည့် ဦးဇင်းတစ်ပါးလည်း သေနတ်ကျည်ထိမှန်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်နှင့် နီ... Read more
ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ By YeYint Nge June 19, 2024 ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ ■ ဗုဒ္ဓစာပေကျမ်းဂန် များစွာ ရေးသားခဲ့သော သာသနာ့ အာဇာနည် တစ်ပါး ဖြစ်ပြီး အစားထိုးမရသော ဆုံးရှုံးမှုဖြစ်၊ ရုပ်ကလပ်တော် ကျောင်းပြန်ရောက် ရန်ကုန်၊ ဇွန် ၂၀ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော် တစ်ပါးဖြစ်သော ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ပစ်သတ်လိုက်မှုကြောင့် သံဃာလောကအတွင်း ရိုက်ခတ်မှုပြင်းထန်နေကြောင်း နာမည်ကျော် ဓမ္မကတိက ဆရာတော်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာ တော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသတို့သည် မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)တွင် ဇွန်လ ၂၀ ရက်နေ့ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း ၊ ယင်းနောက် ကံသုံးဆ... Read more
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည် By YeYint Nge June 20, 2024 ဇွန် ၂၀၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိစျာပနကို လာမယ့် ဇွန်လ ၂၇ ရက် မှာ ကျင်းပမှာ ဖြစ်တယ်လို့ ဆရာတော် ဘုရားကြီး၏ တပည့်သံဃာ တော် များ ထံ က သိရပါတယ်။ ဇွန်လ ၁၉ မနက်ပိုင်း ၁၀ နာရီကျော်က ဆရာတော်လိုက်ပါလာသည့်ကား ကို စစ်တပ်မှ ပစ်ခတ်ခဲ့တာကြောင့် ကားပေါ် မှာပါလာတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ကျည်ထိမှန်ခဲ့ကာ ဆရာတော်ကြီးပျံလွန်တော်မူသွားခဲ့ကာ အတူလိုက်ပါလာတဲ့ဆရာတော်တပါးနဲ့ယာဉ်မောင်းသူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သံဃာအသိုင်းဝိုင်းမှ သိရပါတယ်။ ဆရာတော်ကြီးရဲ့ရုပ်ကလာပ်ကို ဇွန်လ ၂၀ရက်နေ့ မနက်၄နာရီခန့်မှာ ဆရာတော်ကျောင်းထိုင်ခဲ့သည့် ပဲခူးရှိ ဝင်းနိမ္မိတာကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လာတယ်လို့သိရပါတယ်။ ဆရာတော်ကြီး၏ ဈာပန အခမ်းအနားကျင်းပပူဇော်ရန် အတွက် အစည်းအဝေးကို ယနေ့နေ့လည်၁နာရီ က ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ "အစည်းဝေး အတည်ပြုချက်အရ နယုန်လပြည့်ကျော်(၃-၄-၅)ရက် ဇွန်လ၂၄၊၂၅၊၂၆ရက် တွေမှာ ညတရားပွဲ (၃)ရက်တိုင်တိုင် ကျင်းပပူဇော်မယ် အန္တိမအဂ္ဂ... Read more
ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ By YeYint Nge June 16, 2024 မျိုးမင်း(မကျည်းလဟာ) (NP News) - ဇွန် ၁၄ ဦးဇော်ဇော်ပိုင်တဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း ရဲ့မြေး ဦးကျော်နေဝင်းတို့ရဲ့ကြားကပြဿနာဟာ အသစ်တစ်ဖန် ပြန်စလာပါပြီ။ ဘယ်အကြောင်းအရာ ဖြစ်မလဲဆိုတာကတော့ အခုလောက်ဆို အကြမ်းဖျင်း သိနေလောက်ပါပြီ။ သို့သော်လည်း အတွင်းကျကျ ဖြစ်စဉ်တချို့ကတော့ ဒီလိုပါ။ ပြည်ထဲရေးဝန်ကြီးဆီလိပ်မူတဲ့ တိုင်ကြားစာတစ်စောင် အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာရဲ့အစက Omni Focus ယာဉ်လိုင်းအမှတ်YBS(20) နဲ့YBS(56) တို့ လိုင်စင်သက်တမ်းကျော်လွန်နေတာ လေးနှစ်ရှိလာသည့်တိုင် ဆက်လက်ပြေးဆွဲနေခြင်း အကြောင်းပါပဲ။ ၂ဝ၂၄ ခုနှစ် ဧပြီလ(၂၂)ရက် ရက်စွဲနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံကို လိပ်မူတိုင်ကြားခဲ့တဲ့ စာတစ်စောင်ရှိခဲ့ပါတယ်။ တိုင်ကြားတဲ့ကုမ္ပဏီက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုင် လဲဆိုတာမသိပေမယ့် တိုင်ကြားစာထဲမှာပါဝင်လာတဲ့ ကိစ္စက အတော်လေး စိတ်ဝင်စားစရာကောင်းခဲ့တာ ပါ။ YBS အစီး (၅၀ဝ) ပိုင်ရှင်ဖြစ်သူ ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်းတို့က လိုင်စင်သက်တမ်းကျော်လွန် နေပါလျက်နဲ့ ဆက်လက်ပြေးဆွဲခွင့်ရနေခြင်း၊ နိုင်ငံတော်ကိုပေးဆောင်ရမယ့်အခွန်ကို ချိုးဖောက်ပျက် ကွက်နေခြင်း၊ တရားမဝင်ဖြစ်နေသောကားများကို အများပြည်သူအတွက်ပြေးဆွ... Read more
နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း By YeYint Nge June 17, 2024 ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းမိသားစုထံသို့ လွှဲပြောင်းသည့်အထောက် အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်း ရန်ကုန်၊ ဇွန် ၁၇ ပြည်ပနိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့် သွားရောက် အလုပ်လုပ်သော အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုထံသို့ လွှဲပြောင်းသည့်အထောက်အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်းနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ လစဉ် လဆန်း ၅ ရက်အတွင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက ပြည်ပနိုင်ငံများတွင် ရရှိသော လစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက်အထားများကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်သို့ သွားရောက်အလုပ်လုပ်... Read more
နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ By YeYint Nge June 16, 2024 ဒိုက်ဦးထောင် ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိပ်စက်နေတာကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိနေ PEN47 / ဇွန် ၁၆ မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ဇွန်လ ၁၅ ရက်၊ မနက်၃ နာရီခန့်က ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးထောင်အာဏာပိုင်တွေက ကာအိန္ဒြေ ပျက်ပြားစေတဲ့ စကားများဖြင့် ပြောဆိုပြီး အကြမ်းဖက် ရိုက်နှက်ပစ်ခတ် နှိပ်စက်နေတာကြောင့် အကျဉ်းသူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ အကျဉ်ထောင် နဲ့ နီစပ်သူထံက သတင်းရရှိပါတယ်။ ဒိုက်ဦး(ကျိုက်ဇကော)ထောင်ကို ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ထောင်ဗူးဝမှာ ထောင်ဝန်ထမ်းတွေက ရှာဖွေရေးပြုလုပ်ရာမှာ နိုင်ငံရေး အကျဉ်းသူများရဲ့ ခန္ဓာကိုယ်အတွင်း နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီး ကာအိန္ဒြေပျက်ပြားစေတဲ့ စကားများဖြင့် ပြောဆိုခဲ့တယ်လို့ သိပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသူများက ထောင်ပြောင်းရွေ့ခံရချိန်မှာ သယ်ဆောင်လာတဲ့ အစားအသောက်များနဲ့ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာ ထောင်ဝန်ထမ်းတွေက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆ... Read more
ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ် By YeYint Nge June 21, 2024 အာဏာသိမ်း စစ်အုပ်စုက ဆရာတော်အား ပစ်ခတ်သတ်ဖြတ်မှု ဝန်မခံသေးဘဲ ဆက်လက် စုံစမ်းဦးမယ်လို့ဆို၊ MFP ၊ ဇွန်-၂၁ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဇွန်(၁၉)ရက် မနက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါ လာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ ဝိုင်းဝန်း ပစ်ခတ် သတ်ဖြတ်ခဲ့သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့စစ်ခေါ် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မန္တလေးနန်းတွင်းမှာ အခြေပြုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ လက်အောက်ခံ အမှတ်(၂) အင်အားပြန်လည် ဖြည့်တင်းရေးတပ် (အပတ-၂-ကျောက်ဆည်တပ်နယ်)က ဗိုလ်မှူးအဆင့် မိုးမင်းဦးဟာ စစ်အာဏာသိမ်းစ ကတည်းက ငါန်းဇွန်နယ်ထဲ ရောက်ရှိလာကာ ဒေသတွင်း လူသတ်၊ လုယက်၊ အကြမ်းဖက်မှုတွေမှာ ဦးဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်(၁၉)ရက်က အဲ့ဒီ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်တဲ့ စစ်အုပ်စု အင်အား(၁၄)ယောက်၊ ငါန်းဇွန်မြို့နယ် ပျူခေါင်းဆောင် မျိုးမင်... Read more
မင်းအစာပဲလေ— By YeYint Nge June 16, 2024 တခါထဲဝင်စားခဲ့လိုက် လူလိုမကျင့်တတ်ရင် လူလိုမတွေးတတ်ရင် လူလိုနားမလည်ရင် နွား ဒါမှမဟုတ် ခွေးသာသာပေါ့၊ Read more
ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ By YeYint Nge June 16, 2024 မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဇွန်လပထမနဲ့ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးခံခဲ့တယ်လို့ဖော်ပြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။ ဇွန်လပထမပတ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူ ၉ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီလူတွေကို ဘယ်နေရာမှာ ဖမ်းပြီးစစ်မေးနေလဲဆိုတာ ခုချိန်ထိ မသိရသလို သူတို့အခြေအနေကိုလည်းမသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ဦးထွန်းကြည်ကတော့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အသက်အန္တရာယ်အထူး စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။ "မနေ့တနေ့ကမှသန်လျင်တံတားကိစ္စနဲ့ပတ်သက်လို့ တောင်ဒဂုံ ၇၂ က ကလေးတွေကိုဖမ်းတယ... Read more
Comments