Posts

Showing posts from October 25, 2021

တက်မရရင် ခုန်ချလိုက်တော့ မြောင်းထဲကို

Image
မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီးတစ်ဦး အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် မတက်ဟု အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန် ရန်ကုန်၊ အောက်တိုဘာ ၂၅  ခေတ်သစ်မီဒီယာ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီး  တစ်ဦးဦး အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် တက်ရောက်တော့မည်မဟုတ်ကြောင်း ဖက်ဆစ် စစ်ကောင်စီက ယနေ့ည သတင်းထုတ်ပြန်သည်။   ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံအကြီးအကဲ(မင်းအောင်လှိုင်) သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲ( မင်းအောင်လှိုင်) ကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် က ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီးဖြစ်ကြောင်း  စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လူသတ်ကောင်တွေမြူးတဲ့အချိန်

Image

ပိုင်ရှင်လာကောက်ပါ

Image