ကာချုပ်မင်းအောင်လှိုင်ကိုကိုးကျွန်းကို ဒီနေ့ တကယ်သွားခဲ့လား?
......................................... ဒီနေ့နေ့လည်ပိုင်းက မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ကိုကိုးကျွန်းကို သွားရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီမတိုင်မီက အမေရိကန်၊ ဂျပန် တို့ ဦးဆောင်တဲ့ quard နဲ့ ပြင်သစ်ပူးပေါင်း ရေတပ်ဟာ မြန်မာ့ ကမ်းရိုးတန်းနဲ့ မဝေးလှတဲ့ အက်ဒ်မန် ကျွန်းစုတွေ နားမှာ စစ်ရေး မလေ့ကျင့်မီ ကိုကိုးကျွန်းက ရေဒါစနစ်တွေ အလုပ်မလုပ်တော့ဘူး ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ကိုကိုးကျွန်းဟာ Quard သာ တကယ်လို့ မြန်မာကို လေကြောင်းတိုက်ခိုက်ရင် အရင်ဆုံး ချေမှုန်းခံရမယ့် နေရာမျိုး ဖြစ်ပါတယ်။ ဒီနေရာမျိုးကိုမှ ကာချုုပ် မင်းအောင်လှိုင် ရဲရဲရင့်ရင့် သွားခဲ့တယ်လို့ ဆိုပါတယ်။ မြေပြင် အခြေအနေမှာတော့ မင်းအောင်လှိုင်ဟာ ဟိုနေ့က အာဆီယံကာချုပ် online အစည်းအဝေးကိုတောင် ဇာတ်ထဲက မညီမညာ ဆက်တင်ဆင်ထားသလို သုံးထပ်သားတွေကိုဖြစ်သလို ဆေးသုတ်ထားတဲ့ အမည်မသိ ခပ်စုတ်စုတ် နေရာကနေပဲ တက်ခဲ့တာပါ။ ဟိုတစ်လောက သတင်းစာ ရှင်းလင်းပွဲကိုလည်း မှိုတက်နေတဲ့ မြေအောက်ခန်း တစ်ခုကနေ စကားပြောခဲ့ပါတယ်။ သေချာတာကတော့ မင်းအောင်လှိုင်ဟာ သူ့ စစ်တပ်တွေ အကာအကွယ်တွေ ဝိုင်းနေပြီး ဟီးဟီးထအောင် ဆောက်ထားတဲ့ နေပြည်တော် စစ်ဌာနချုပ်မှာတောင် မနေရဲ...