မြန်မာ့ကိုဗစ်ဆေးထိုင်းအစိုးရခိုးဝယ်


သူခိုးဗျို့သူခိုး

😡ပုတ်တော့ပေါ်ပီဟေ့😡
မြန်မာ့ကိုဗစ်ဆေးထိုင်းအစိုးရခိုးဝယ်
အခုသတင်းကို ၂၈ . ၂ . ၂၀၂၁ ကတည်းက ထိုင်းက အစ်ကိုတစ်ယောက်နဲ့ စကားပြောရင်း မြန်မာက ထိုင်းကို ဆေးတစ်သိန်းရောင်းလိုက်တယ်ဆိုပြီး မေးလို့ သိရတာ.....
ထိုင်းကိုပေးလိုက်တာမဟုတ်ပါဘူးအစ်ကို ထိုင်းကို ဆေးအလုံးတစ်သိန်း ရောင်းလိုက်တာပါ..... ထိုင်းကလဲ ဘယ်ကရလဲဆိုတာ အတိအကျ မပြောထားပါဘူး.... ထိုင်းသတင်းထောက်တွေက အဲ့ဆေးအလုံး တစ်သိန်း ဘယ်ကရလဲလို့ မေးတဲ့အခါမှာ ထိုင်းတာဝန်ရှိသူတွေက ပြန်မဖြေသွားပါဘူး.... နောက်ပြီး အဲ့ဆေးရဲ့ တံဆိပ်နဲ့ ဆေးအာနိသင်က မြန်မာမှာ ထိုးနေတဲ့ ဆေးနဲ့ တစ်ပုံစံတည်းပါ . . . . မြန်မာက အဲ့ဆေးကို အိန္ဒိယက ဝယ်ထားတာ.... ထိုင်းသတင်းထောက်တွေက အိန္ဒိယဘက်ကို ဆက်သွယ်မေးမြန်းတော့ အိန္ဒိယက အဲ့ဒီဆေးကို ထိုင်းကို မရောင်းထားဘူးလို့ သိရတယ်.... ၀ဏ္ဏမောင်လွင်လာပြီး သိပ်မကြာဘူး ထိုင်းဆေးဂိုထောင်ထဲ အဲ့ဆေးတွေ တွေ့တာပါ......
If this  news is true, we could imagine how much the thai civilian will upset on their health minister. The management organization always make a shame on their civilians. Hay... Brothers and sisters from thai , we all have the same feeling. We are in one 💪💪💪💪
အကြံပက်စက် ။ ကိုဗစ်ဆေး ထိုင်းကိုပေးလိုက်တယ် ဂျပန်သတင်းမှာ ကြေငြာသွားတယ်
စစ်အာဏာသိမ်း မင်းအောင်လှိုင်နှင့် ဝဏ္ဏမောင်လွင် တို့၏ နိုင်ငံတော်သစ္စာဖောက်မှု
မြန်မာပြည်သူများ၏ ကိုဗစ်ကာကွယ်ဆေးများအား အာဏာသိမ်းစစ်အုပ်စုမှ ၄င်းတို့အဖွဲ့ အာဏာတည်မြဲရေးအတွက် ထိုင်းနိုင်ငံ၏ထောက်ခံမှုရရှိရန် အလဲအလှယ်ပြုလုပ်ခဲ့ခြင်း။
            မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများအား အာဆီယံနိုင်ငံများထဲတွင် ဉီးစွာရရှိခဲ့သည့် နိုင်ငံတွင် ပါဝင်ခဲ့ပါသည်။ အိမ်နီးနားချင်းနိုင်ငံများ၏ အားကျ မနာလိုခြင်းကိုလည်းခံခဲ့ရပါသည်။ မြန်မာပြည်၌ ခေါင်းဆောင်ကောင်း ရထားခြင်း၏ အသီးအပွင့်လည်းဖြစ်ပါသည်။ သို့သော် စစ်အာဏာသိမ်းခြင်းကိုခံရပြီးနောက် စစ်ကောင်စီ၏ စီမံမှုအောက်တွင်မူ အကြီးအကျယ် အလွဲသုံးစားမှုများဖြစ် ပေါ်ကာ ပြောင်းလဲမှုတခုဖြစ်ခဲ့ရပါသည်။
            ထိုင်းနိုင်ငံသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က စီနိုဗက် ကာကွယ်ဆေး အလုံး နှစ်သိန်း အား ပထမဆုံးအသုတ်အဖြစ် တရုတ်နိုင်ငံမှ လက်ခံရရှိပြီးနောက် တနိုင်ငံလုံးအား ထိုးရန် စီစဉ်လျက်ရှိကြောင်း မီဒီယာများတွင်ဖော်ပြကြပါသည် ။ သို့ရာတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေး လက်ခံထားမှုမှာ အလုံးပေါင်း သုံးသိန်း ခုနစ်ထောင် ခြောက်ရာကျော် (၃၀၇,၆၀၀)ရှိကြောင်း ထိုင်းမီဒီယာသတင်းဌာနများ၏ သတင်းထောက်လှမ်းမှုများကြောင့် ပေါ်ထွက်လာခဲ့ပါသည်။
ထိုသို့ဆိုပါလျင် ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း တစ်သိန်းခုနစ်ထောင့်ခြောက်ရာ ၁၀၇၆၀၀ / - မည်ကဲ့သို့ စာရင်းပိုလာရသနည်း???????? 
ထိုင်းမီဒီယာတို့၏ သတင်းလိုက်မှုအရ စစ်အာဏာသိမ်းကောင်စီကိုယ်စားပြု ဝဏ္ဏမောင်လွင် သည် ထိုင်းနိုင်ငံသို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဗန် ကောက်မြို့သို့ နေ့ချင်းပြန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နှင့် သွားရောက်တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင်  ထိုင်းနိုင်ငံ၌ ဆေးရရှိမှုစာရင်းတိုးလာခဲ့ကြောင်း သိရှိရပါသည်။
စစ်ကောင်စီသည် သူတို့အာဏာသိမ်းမှု့အား တရားဝင်ဖြစ်စေရန် အတွက်  ထိုင်းနိုင်ငံနှင့် ညှိနှိုင်းမှုပြုလုပ်ရာတွင် မြန်မာပြည်သူများအတွက် အမေစု အစိုးရ ကြိုးပမ်းထားခဲ့သည်ဆေးမျာကို သူတို့ အာဏာတည်မြဲရေးအတွက် အလှူ့လက်ဖက်နှင့် မျက်နှာလုပ်ခဲ့နိုင်ကြောင်း၊ ပြည်သူ့များ၏ အကျိုးစီးပွား မျက်နှာမကြည့်ပဲနင်းချေ အလွဲသုံးစားပြုခဲ့နိုင်ကြောင်း ထိုင်းမီဒီယာတို့တွင် ကျယ်ပြန့်စွာ သတင်းဖြစ်ပေါ်လျက်ရှိပါသည်။ 
ထိုင်းမီဒီယာတို့က ထိုင်းကျန်းမာရေးဝန်ကြီး Mr. Anutin Charnvirakul အား အဆိုပါသတင်းအား အတည်ပြုပေးရန်၊  အင်တာဗျူးရန် အကြိမ်ကြိမ်တောင်းဆိုသော်လည်း ယခုအချိန်အထိ လက်ခံခြင်းမရှိပဲ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ဝဏ္ဏမောင်လွင်အဖွဲ့မှ ၄င်းတို့၏ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားည့် မြန်မာပြည်သူများ၏ ကိုဗစ်ဆေးကိစ္စကို မြန်မာမီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ထုတ်သင့်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
Crd.
#WhatshappeningInMyanmar
#RejectMilitaryCoup
#covidvacccine
ကဲ ဆေးတွေရှိနေပါသေးတယ်ဆိုတဲ့သူတွေ ရှင်းပါ
#copy

Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း