Posts

Showing posts from January 9, 2023

ဒီပဲယင်းမှာ တလတည်း ရွာပေါင်း ၃၀ မီးရှို့ခံရလို့ ပြည်သူ ၃သောင်းအိုးအိမ်မဲ့ ( ရုပ်/သံ)

မြေလတ်အသံ၊ ဇန်နဝါရီ၉၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁လတည်းမှာ ကျေးရွာပေါင်း ၃၀ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ် ၃ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဇင်ဘာလ ၁ရက်ကနေ ၁၀ရက်အထိ ကျေးရွာပေါင်း ၁၉ရွာကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၂၂ရက်ကနေ ၃၀ အထိ နောက်ထပ် ကျေးရွာ ၁၁ခုကို မီးရှို့ခဲ့တာကြောင့် တလအတွင်း ဒီပဲယင်းနယ်ထဲက ရွာပေါင်း ၃၀ ကို စစ်ကောင်စီတပ်သားတွေမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီကျေးရွာ ၃၀ စလုံးကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ  ရေဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ဘက် လာတဲ့ ခမရ ၃၆၄နဲ့ ခလရ ၇၀၁တပ်ရင်းတွေကဖြစ်ကာ အင်အား ၁၀၀ ဝန်းကျင်ပါတယ်လို့ ဆိုပါတယ်။ အိမ်တွေမီးရှို့ခံလိုက်ရလို့ လူဦးရေ ၃သောင်းကျော် နေရပ်စွန့်ခွာထွက် ပြေးနေခဲ့ကြရပြီး အဲဒီထဲမှာ လူဦးရေ ၁၂၀၀၀ ကျော် အိုးမဲ့၊အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ အဲ့ဒီရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေကို ဒီပဲယင်းညီနောင်များအဖွဲ့က အိမ်ထောင်စု တခုကို ဆန် ၂ပြည်နဲ့ ငွေကျပ် တသောင်းစီ ထောက်ပံ့ပေးနေတာ ၁၆ ရွာအထိ ထောက်ပံ့ပေးထားနိုင်ပြီး ကျန်ရွာတွေကို ထောက်ပံ့နိုင်ဖို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေလိုအပ်နေဆဲဖြစ်ပါတယ်

ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းနှိမ်နင်းမှုအပေါ် လှုပ်ရှားသူတွေတုံ့ပြန်

VOA ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးသမားတချို့ နှိပ်စက်၊ ညှင်းပန်းခံရပြီးနောက် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ကိစ္စကို ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းလေ့လာခဲ့သူတချို့ကတော့  ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။ ပုသိမ်အကျဉ်းထောင် အကြမ်းဖက်မှုဖြစ်စဉ်ကို နိုင်ငံတကာအဆင့် အဖွဲ့ အစည်းတွေဆီပေးပို့သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်မှာဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက်မှုဖြစ်စဉ်မှာ အကျဉ်းသားတယောက် သေဆုံးပြီး နောက်ထပ်၇၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။ မြန်အောင်မြို့က နိုင်ငံရေးအကျဉ်းသား ကျောင်းဆရာတဦးကို သေဒဏ်စီရင်ဖို့ ထောင်အာဏာပိုင်တွေပြင်ဆင်နေတာကို အကျဉ်းသား ၈ ယောက်က ကန့်ကွက်ခဲ့တဲ့အတွက် ရိုက်နှက်၊ တိုက်ပိတ်တာကနေ ဒီပြဿနာ စတင်ခဲ့တာပါ။ အကျဉ်းသား ၇ ယောက်ကို တိုက်ပိတ်ခဲ့ပေမဲ့ အကျဉ်းသား ဝင်းမင်းထက်ကတော့

ပုသိမ်ထောင်တွင်း ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တရားမျှတမှုရဖို့ ဆောင်ရွက်မယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲဆို

Image
မဲခေါင်၊ ဇန်နဝါရီ ၉  စစ်ကောင်စီက ပုသိမ်ထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်တာတွေ အတွက် တရားမျှတမှု ရရှိဖို့ ဆောင်ရွက်မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ ၅ ရက်က ပုသိမ်အကျဉ်းထောင် အတွင်း စစ်အုပ်စု လက်အောက်ခံ ထောင်အာဏာပိုင်တွေက မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေကို လူကို သေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အသံဗုံး ခွဲတာ၊ အုပ်စုလိုက် ဝိုင်းဝန်း ရိုက်နှက်တာ၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန် ရိုက်နှက်တာတွေကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး တစ်ဦး သေဆုံးခဲ့ရပြီး ပျောက်ဆုံးသူ တစ်ဦးနဲ့ အများအပြား အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသူ တွေလည်း ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်တွေက အကျဉ်းထောင် လုပ်ထုံးလုပ်နည်း‌တွေကို ကျော်လွန် လုပ်ဆောင်တာ ဖြစ်ပြီး မတရား ညှဉ်းပန်း နှိပ်စက်မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာဖြစ်လို့ ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်လိုက်တာ ဖြစ်ပြီး အကြမ်းဖက် နှိပ်စက်မှုတွေမှာ အင်အား ၅၀ ခန့်ရှိ ထောင်အာဏာပိုင်နဲ့ ထောင

မဲစာရင်းအမှားတွေနဲ့ တစ်ဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲ

Image
၂၀၂၃ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ လူဦးရေစာရင်း စတင်ကောက်ယူ ~~~~~ ■ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ စစ်ကောင်စီဟာ ၂၀၂၃ ဩဂုတ်လ ရွေး ကောက်ပွဲမတိုင်ခင် မဲစာရင်းအမှန်ရနိုင်ဖို့ ငြိမ်းချမ်းတဲ့ ဒေသတချို့မှာ လူဦးရေစာရင်းတွေ စတင်ကောက်ယူ နေပြီလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နေပြည်တော်နယ်မြေ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။ စစ်ကောင်စီအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ အရင်ဆုံး စတင်နေပြီး ဒီနေ့ ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ အဲဒီလဝက အရာရှိက ရှင်းပြပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲအတွက် လဝကဌာနကပြုစုထားတဲ့ eID စနစ်ထဲက အချက်အလက်တွေနဲ့ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အိမ်ထောင်စုတွေမှာရှိနေတဲ့ လူဦးရေစာရင်း ကိုက်ညီမှု ရှိမရှိ လိုက်လံစစ်ဆေးနေတာလို့ သူက ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှာ အမှားများစွာရှိခဲ့တဲ့အတွက် အခုလို မြေပြင်ကွင်းဆင်း ကောက်ယူတဲ့စနစ်ကို ပြန်လုပ်နေတာလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသူရိန်ထွဋ် က RFA ကို ပြောပါတယ်။ “အဓိ

ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့မလေးရှားပူးတွဲတိုက်တွန်း

Image
RFA ■  မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့မှာ ဒီနေ့တွေ့ဆုံပွဲကနေ ပူးတွဲတိုက်တွန်းလိုက်တာပါ။ မြန်မာစစ်တပ်အနေနဲ့ အာဆီယံနဲ့ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုတာ ဖြစ်ပါတယ်။ အာဆီယံအသင်းကို ပိုပြီးအားကောင်းမောင်းသန်ဖြစ်အောင် ကြိုးစားကြမယ်လို့ ဒီနေ့တွေ့ဆုံပွဲကနေ ကတိကဝတ်ပြုလိုက်ကြသလို၊ အင်ဒို-ပစိဖိတ်ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေး ဆောင်ရွက်တဲ့အခါမှာ အာဆီယံအသင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဆက်ရှိနေရမယ်ဆိုတာ နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူကြတယ်လို့ လက်ရှိအာဆီယံအသင်းဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ အလားတူ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံလုံးက အမြင်တူကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်လို့ သမ

နေပြည်တော်မှာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လေထီးစစ်သမီးတစ်ဦး လေထီး ခုန်နေရင်း ကြိုးပြတ်ပြီး ဆုံး

https://youtu.be/4jhdnBZKB1 4 မင်းအောင်လှိုင်ကို  ဗိုလ်ရှုခံ ချီတက် အလေးပြုစဉ် လေထီးခုန် စစ်သည် အမျိုး သမီး ကြိုးပြတ်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိ ရန်ကုန်၊ ဇန်နဝါရီ ၉ ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  ဗိုလ်ရှုခံ ချီတက် အလေးပြု စဉ် လေထီးခုန် စစ်သည် အမျိုးသမီး ကြိုးပြတ်သေဆုံးခြင်း၊ နံနက်အစော ချီတက်လေ့ကျင့်လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီက သတင်းမပြန့်ရန် ပိတ်ပင်ခဲ့ကြောင်း နေပြည်တော်ဝန် ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ မင်းအောင်လှိုင်ကို ချီတက်အလေး ပြုမည့် ဝန်ထမ်းစစ်ကြောင်းက လေ့ကျင့်ရေး အတွက် စစ်ကြောင်းပုံစံ လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့တွင် လေ့ကျင့်ခန်းများ ရပ်နားခဲ့ပြီး ဝန်ထမ်းတစ်ဦးလျှင် ပင်ပန်း စရိတ်ဟုဆိုကာ ငွေကျပ် ၁ သောင်း ပေးခဲ့ကြောင်း သိရှိရသည်။  "လွပ်လပ်ရေးနေ့အတွက်ဝန်ကြီးဌာနပေါင်းစုံကဝန်ထမ်းတွေကို စစ်ရေးပြနေ စဥ်လေ့ကျင့်ခိုင်းနေခဲ့တာ။ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ လောက် ထသွားရင်းနဲ့ ဝန်ကြီးဌာနရဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦး ဦးန

jammer တွေလိုက်တပ်နေတယ်

Image
PDFတပ်ဖွဲ့၏ ဒရုန်းများကို ကြောက်ရွံ့၍  နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေတပ်နှင့် လေဆိပ် များတွင် ဒရုန်းထိန်းချုပ်မှု ဖြတ်တောက်သည့် Jammer များ  စစ်ကောင်စီက တပ်ဆင်  ရန်ကုန်၊ ဇန်နဝါရီ ၉  အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေတပ်နှင့်လေဆိပ်များတွင် ဒရုန်း များ၏ ထိန်းချုပ်မှုကို ဖြတ်တောက်သည့် Jammer များ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။  စစ်ကောင်စီက လေတပ်များအပေါ်သို့  PDF တပ်များ၏ ဒရုန်းဖြင့် ဗုံးကျဲမှု၊ဒရုန်းဖြင့် ထောက်လှမ်း မှုများကို ကြိုတင်ကာကွယ်ရန်နှင့် ကြောက်လန့်သည့်အတွက် ဒရုန််ထိန်းချုပ်မှုစနစ်ကို ဖြတ် တောက် သည့် Jammer များ တပ် ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။  လေတပ်များသာမက လေဆိပ်များတွင်ပါ ဒရုန်းထိန်းချုပ်မှု ဖြတ်တောက်သည့် Jammer များ တပ် ဆင် ခြင်းဖြစ်၍ ခရီးသည်တင်လေယာဉ်များ၏ အဆင်း၊ အတက် တာဝါတိုင်နှင့် ဆက်သွယ် မှုများ အပေါ် အနှောင့်အယှက်များဖြစ်စေကြောင်း၊ သို့ရာတွင် စစ်ကောင်စီက လုံခြုံရေးအတွက် အထူး ဦးစားပေးသဖြင့် Safety ပိုင်းတွင် အားနည်းချက်များစွာ ဖြစ်ပေါ်နေကြောင်း လေကြောင်း သတင်း ရင်းမြစ်တချို့က ဆိုသည်။  "လေတပ်နေရာတိုင်း

မြန်မာ့စီးပွားရေး ၈ ရာခိုင်နှုန်းခန့် တိုးတက်လာဟု စစ်ခေါင်းဆောင် ပြော

Image
ဧရာဝတီ၊ ဇန်နဝါရီ ၉၊ ၂၀၂၃ မြန်မာ့စီးပွားရေးသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း၌ ၈ ရာခိုင်နှုန်းခန့် ပြန်လည် တိုးတက်လာခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံစဉ် အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုသည်။ ၎င်းတို့ တာဝန်ယူချိန်တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့် ယခင်အစိုးရလက်ထက် စီးပွားရေး ကျဆင်းခဲ့မှုများကြောင့် မြန်မာ့စီးပွားရေးသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယခု ၂၀၂၁ -၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်း၌ အပေါင်း၂ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည် တိုးတက်ခဲ့ပြီး ဒုတိယ ၆ လတာတွင်လည်း ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည် တိုးတက်လာခဲ့ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ နိုင်ငံစီးပွားရေး ပြန်လည် တိုးတက်လာခြင်းသည် ပြည်တွင်း စီးပွားရေးလုပ် ငန်းများကို အားပေးဆောင်ရွက်ခဲ့ ခြင်းကြောင့်ဖြစ်သလို ရေသယံဇာတနှင့် မြေသယံဇာတများ၊ လယ်ယာ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လူသားအရင်း အမြစ်များကို အသုံးချ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။ ကမ္ဘာ့ဘဏ်မှ ပြီးခ

ရပ်စောက်က တပ်သား ၂၀ ကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးနေ

Image
နန်းနောင့်နောင့် ၊ ၂၀၂၃ ဇန်နဝါရီ ၉ ရက် သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ - ၅၀၈) တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ် ခမရ ၅၀၈ လက်အောက်ခံ တပ်သား ရဲဘော် နှင့် အရာရှိ အပါအဝင် လူဦးရေ ၂၀ ကျော်သည် လက်နက်ခဲယမ်းနှင့် အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း သိရသည်။ “ရှေ့တန်းထွက်ရမှာ မထွက်ချင်လို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အိမ်ထောင်ရှိတဲ့သူတွေက အခုသူတို့ မိသားစုဝင်တွေ တပ် အပြင်ထွက်ခွင့်မရှိဘူး၊ တချို့လည်း မိသားစုလိုက် ပြေးတဲ့သူရှိတယ်၊ စုစုပေါင်း ၂၄ ဦးရှိတယ်၊ အရာရှိလည်းပါတယ်” ဟု ဗထူးတပ်နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိတွင် စစ်ကောင်စီ ဗထူးတပ်မှ အထက်အရာရှိများက လက်နက်နှင့်အတူ ထွက်ပြေးသွားသည့် တပ်သား နှင့် အရာရှိများကို ရှာဖွေရန် အမိန့်ထုတ်ပြန်ထားပြီး တပ်တွင်း အဝင်အထွက်ကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လကတည်းမှ ရှေ့တန်းစစ်မျက်နှာပြင် ထွက်ရသည့် ခမရ ၅၀၈ လက်အောက်ခ

ဇော်မဲလုံး

Image

တရုတ်တွေကိုအထူးတင်းကြပ်မယ်

Image
တရုတ်မှာ ကိုဗစ်ကြောင့်လူ ၆သိန်းကျော်သေပြီးတာမို့ US&EU နိုင်ငံတွေကသူတို့ဆီလာမယ့်လေကြောင်းလိုင်း တွေပိတ်သိမ်းနေကြပြီး ဂျပန်ကလည်းသူ့ဆီဝင်မယ့်  တရုတ်တွေကိုအထူးတင်းကြပ်မယ်လို့ဆိုတယ်။ အခုဂျပန်မှာ အကောင်းစား ကာကွယ်ဆေး၄ကြိမ်ထိုးထားတဲ့သူ တောင်ကူးစက်ခံရတဲ့ စာဖတ်ရသေးတယ်။ တို့ဆီမှာတော့ အနီးဆုံးဖြစ်ပါလျှက်နှင့် မပိတ်တဲ့ အပြင် တရုတ်ဖက်ကနယ်စပ်ဂိတ်တွေ  ဖွှင့်ဘို့လုပ်နေတဲ့သတင်းမြင်မိတယ် ။ "သတိထားကြပါ၊ အခုပိုးကလက္ခဏာ မပြဘူးလို့ကြားမိတယ် ။ " ThanphyoNaing.