ရပ်စောက်က တပ်သား ၂၀ ကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးနေ

နန်းနောင့်နောင့် ၊ ၂၀၂၃ ဇန်နဝါရီ ၉ ရက်

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ - ၅၀၈) တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ် ခမရ ၅၀၈ လက်အောက်ခံ တပ်သား ရဲဘော် နှင့် အရာရှိ အပါအဝင် လူဦးရေ ၂၀ ကျော်သည် လက်နက်ခဲယမ်းနှင့် အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း သိရသည်။

“ရှေ့တန်းထွက်ရမှာ မထွက်ချင်လို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အိမ်ထောင်ရှိတဲ့သူတွေက အခုသူတို့ မိသားစုဝင်တွေ တပ် အပြင်ထွက်ခွင့်မရှိဘူး၊ တချို့လည်း မိသားစုလိုက် ပြေးတဲ့သူရှိတယ်၊ စုစုပေါင်း ၂၄ ဦးရှိတယ်၊ အရာရှိလည်းပါတယ်” ဟု ဗထူးတပ်နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ ဗထူးတပ်မှ အထက်အရာရှိများက လက်နက်နှင့်အတူ ထွက်ပြေးသွားသည့် တပ်သား နှင့် အရာရှိများကို ရှာဖွေရန် အမိန့်ထုတ်ပြန်ထားပြီး တပ်တွင်း အဝင်အထွက်ကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လကတည်းမှ ရှေ့တန်းစစ်မျက်နှာပြင် ထွက်ရသည့် ခမရ ၅၀၈ လက်အောက်ခံ တပ်သားများသည် ယနေ့အချိန်ထိ ပြန်မလာကြသေးသဖြင့် မိသားစုဝင်များက ပူဆွေးနေကြကြောင်းလည်း တပ်နှင့် နီးစပ်သူ အမျိုးသားက ဆက်ပြောသည်။

တပ်တွင်းမှ ရဲဘော်နှင့် အရာရှိ ၂၀ ကျော် ထွက်ပြေးပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး လက်ရှိတွင် ရပ်စောက်မြို့ အတွင်း၌ စစ်သားအင်အား အများအပြား နှင့် လမ်းသွားလမ်းလာ ပြည်သူများကို မေးမြန်းသည့်အပြင် ပစ္စည်းများကိုလည်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။

“သူတို့ဂိတ်က တပ်သားထွက်ပြေးပြီးတဲ့နောက်မှာပေါ့ ကားသမားတွေကိုဆို အရမ်းမေးတယ်၊ ပစ္စည်းတွေကိုလည်း ထုတ်စစ်တယ်၊ အဲ့လိုမျိုးတွေပေါ့နော်၊ ပြည်သူတွေကို ပိုပြီးတော့ စစ်ဆေးမေးမြန်း လာတာတွေ့ရတယ်” ဟု ရပ်စောက်မြို့နေ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားအင်အား အများအပြားကို ရပ်စောက်မြို့နယ် အတွင်း ဖြန့်ထားလျက်ရှိပြီး နယ်မြေဒေသများတွင် စစ်ကြောင်းဖြင့် လှုပ်ရှားရှာဖွေနေကြောင်းလည်း သိရသည်။

https://burmese.shannews.org/archives/32435



Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ