ပုသိမ်ထောင်တွင်း ညှဉ်းပန်းသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တရားမျှတမှုရဖို့ ဆောင်ရွက်မယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲဆို



မဲခေါင်၊ ဇန်နဝါရီ ၉ 

စစ်ကောင်စီက ပုသိမ်ထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် ညှဉ်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်တာတွေ အတွက် တရားမျှတမှု ရရှိဖို့ ဆောင်ရွက်မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၅ ရက်က ပုသိမ်အကျဉ်းထောင် အတွင်း စစ်အုပ်စု လက်အောက်ခံ ထောင်အာဏာပိုင်တွေက မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေကို လူကို သေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အသံဗုံး ခွဲတာ၊ အုပ်စုလိုက် ဝိုင်းဝန်း ရိုက်နှက်တာ၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန် ရိုက်နှက်တာတွေကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး တစ်ဦး သေဆုံးခဲ့ရပြီး ပျောက်ဆုံးသူ တစ်ဦးနဲ့ အများအပြား အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသူ တွေလည်း ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေက အကျဉ်းထောင် လုပ်ထုံးလုပ်နည်း‌တွေကို ကျော်လွန် လုပ်ဆောင်တာ ဖြစ်ပြီး မတရား ညှဉ်းပန်း နှိပ်စက်မှုနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာဖြစ်လို့ ကြီးမားတဲ့ ရာဇဝတ်မှု ကျူးလွန်လိုက်တာ ဖြစ်ပြီး အကြမ်းဖက် နှိပ်စက်မှုတွေမှာ အင်အား ၅၀ ခန့်ရှိ ထောင်အာဏာပိုင်နဲ့ ထောင်ဝန်ထမ်းတွေ၊ ရဲနဲ့ တပ်ရဲပြေး အကျဉ်းကျနေသူတွေ ပါဝင်ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ အမာခံ ထောက်တိုင်တွေဖြစ်တဲ့ တရားသူကြီးတွေ၊ စစ်သားတွေ၊ ရဲတွေ၊ အကျဉ်းဦးစီး ဝန်ထမ်းတွေက စစ်အုပ်စု အလိုကျ မတရား ဖမ်းဆီးတာ၊ ဥပဒေမဲ့ မတရား ပြစ်ဒဏ်တွေ ချမှတ်တာ၊ နိုင်ငံရေး အကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ညှဉ်းပန်း နှိပ်စက်တာ၊ အနိုင်ကျင့် စော်ကားတာတွေ ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုသိမ်ထောင် ဖြစ်စဉ်က အင်အား အလွန်အကျွံသုံးပြီး အသက်သေဆုံးစေတဲ့ မတရား ညှဉ်းပန်း နှိပ်စက်တာ၊ ဥပဒေမဲ့ မတရား သတ်ဖြတ်တာကို ကျူးလွန်တာ ထင်ရှားတယ် ဆိုတာနဲ့ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုနဲ့ တစ်ကွ သက်ဆိုင်ရာ ထောင်အာဏာပိုင်‌တွေ၊ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ‌တွေ၊ အမိန့်ပေး စေခိုင်းသူတွေနဲ့ ကိုယ်တိုင် ကျူးလွန်သူတွေ အားလုံး အခုဖြစ်စဉ်မှာ အစအဆုံး ပါဝင်ခဲ့သူတွေ အဖြစ် မလွှဲမသွေ တာဝန်ခံရမယ်လို့လည်း ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သသိပေးထားပါတယ်။

ဥပဒေမဲ့ မတရား သတ်ဖြတ်တာနဲ့ မတရား ညှဉ်းပန်း နှိပ်စက်တာတွေ အပေါ် ဧရာဝတီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်ပြီး မတရား ကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး အတွက် တရားမျှတမှု ရရှိဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-003
#MeKongNews


Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ