နေပြည်တော်မှာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လေထီးစစ်သမီးတစ်ဦး လေထီး ခုန်နေရင်း ကြိုးပြတ်ပြီး ဆုံး




မင်းအောင်လှိုင်ကို  ဗိုလ်ရှုခံ ချီတက် အလေးပြုစဉ် လေထီးခုန် စစ်သည် အမျိုး သမီး ကြိုးပြတ်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိ

ရန်ကုန်၊ ဇန်နဝါရီ ၉ ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  ဗိုလ်ရှုခံ ချီတက် အလေးပြု စဉ် လေထီးခုန် စစ်သည် အမျိုးသမီး ကြိုးပြတ်သေဆုံးခြင်း၊ နံနက်အစော ချီတက်လေ့ကျင့်လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီက သတင်းမပြန့်ရန် ပိတ်ပင်ခဲ့ကြောင်း နေပြည်တော်ဝန် ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ မင်းအောင်လှိုင်ကို ချီတက်အလေး ပြုမည့် ဝန်ထမ်းစစ်ကြောင်းက လေ့ကျင့်ရေး အတွက် စစ်ကြောင်းပုံစံ လမ်းလျှောက်စဉ် ဝန်ထမ်းတစ်ဦး လဲကျသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့တွင် လေ့ကျင့်ခန်းများ ရပ်နားခဲ့ပြီး ဝန်ထမ်းတစ်ဦးလျှင် ပင်ပန်း စရိတ်ဟုဆိုကာ ငွေကျပ် ၁ သောင်း ပေးခဲ့ကြောင်း သိရှိရသည်။ 

"လွပ်လပ်ရေးနေ့အတွက်ဝန်ကြီးဌာနပေါင်းစုံကဝန်ထမ်းတွေကို စစ်ရေးပြနေ စဥ်လေ့ကျင့်ခိုင်းနေခဲ့တာ။ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ လောက် ထသွားရင်းနဲ့ ဝန်ကြီးဌာနရဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦး ဦးနှောက်သွေးကြော ပြတ် လဲကျသေဆုံးသွားခဲ့ပါတယ်။ အဲဒါ ဝန်ထမ်းတွေကို ပင်ပန်းစရိတ်အဖြစ် တစ်ဦးကို တစ်သောင်းပေးတယ်။ နှုတ်ပိတ်တာပေါ့။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ရေးပြလေ့ကျင့်ရေးကို အနားပေးလိုက်ပြီး တစ်ယောက် တစ်သောင်း မုန့်ဖိုးထပ်ပေးတယ်။  အပန်းဖြေဆိုပြီး MICC မှာ သူ့ကျွန်မခံပြီ ဇာတ်ကား ကိုမကြည့်မနေရပြပေးတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး စစ်ရေးပြ လေ့ကျင့် ရေး ရပ်သွားတာ"ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။ 

အလားတူ နေပြည်တော်တွင် ဇန်နဝါရီလ ၄ ရက်နေ့  လွတ်လပ်ရေးနေ့  ဗိုလ်ရှု ခံ အခမ်းအနားတွင် မင်းအောင်လှိုင်ကို  လေထီးခုန် အလေးပြုသည့် အစီ အစဉ် ပြုလုပ်နေစဉ် လေထီးခုန် စစ်သည်အမျိုးသမီး ၁ ဦး လေထီးကြိုးပြတ်ပြီး မြေပြင် နှင့် အရှိန်ပြင်းပြင်း ရိုက်မိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

"နေပြည်တော်မှာ ဇန်နဝါရီလ  ၄ ရက်နေ့မှာ လေထီးစစ်သမီးတစ်ဦး လေထီး ခုန်နေရင်း ကြိုးပြတ်ပြီး ဆုံးတယ်။  သူ့အဖေကလည်း လေတပ် တပ်ကြပ်ကြီးပဲ။  လေထီးတွေက စုတ်နေတော့ ကြိုးပြတ်ပြီး မြေကြီးနဲ့ရိုက်မိတာ။ အဲဒီနေ့ လေထီးခုန်တွေမှာ သစ်ပင်မှာချိတ် ပြီး ဒဏ်ရာ ရ တာလည်း များတယ်" ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်ကို ချီတက်အလေးပြုစဉ်နှင့် လေ့ကျင့်စဉ် သေဆုံးသည့် သတင်း များ နှင့်ပတ်သက်၍ စစ်ကောင်စီက ပြင်ပသို့ သတင်းပေါက်ကြားခြင်းမရှိစေရန် ဝန်ထမ်းများနှင့် စစ်သည်များကို သတိပေးခဲ့ပြီး သေဆုံးသူများအတွက် နာရေး ထောက်ပံ့ကြေး နှင့် မိသားစုထောက်ပံ့ကြေးများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

ဗီဒီယို- ဇန်နဝါရီလ ၄ ရက်နေ့ စိန်ရတု လွတ်လပ်ရေး နေ့ လေထီးခုန်စဉ် အမျိုးသမီးစစ်သည်တစ်ဦး အရှိန်လွန်ထိခိုက်မှု မြင်ကွင်း။

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ