ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့မလေးရှားပူးတွဲတိုက်တွန်း

RFA

■  မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့မှာ ဒီနေ့တွေ့ဆုံပွဲကနေ ပူးတွဲတိုက်တွန်းလိုက်တာပါ။ မြန်မာစစ်တပ်အနေနဲ့ အာဆီယံနဲ့ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုတာ ဖြစ်ပါတယ်။

အာဆီယံအသင်းကို ပိုပြီးအားကောင်းမောင်းသန်ဖြစ်အောင် ကြိုးစားကြမယ်လို့ ဒီနေ့တွေ့ဆုံပွဲကနေ ကတိကဝတ်ပြုလိုက်ကြသလို၊ အင်ဒို-ပစိဖိတ်ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေး ဆောင်ရွက်တဲ့အခါမှာ အာဆီယံအသင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဆက်ရှိနေရမယ်ဆိုတာ နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူကြတယ်လို့ လက်ရှိအာဆီယံအသင်းဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံလုံးက အမြင်တူကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်ဟာ အင်ဒိုနီးရှားကို နိုင်ငံတော်ဧည့်သည်အနေနဲ့ မနေ့က တနင်္ဂနွေနေ့မှာ ရောက်သွားပြီး ဒီနေ့မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြသလို၊ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ ရှစ်ခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။
_____________
- အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံကြစဉ်။ (Photo: Reuters)


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ