ဘုံသဘောတူညီချက်တွေအကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့မလေးရှားပူးတွဲတိုက်တွန်း

RFA

■  မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အာဆီယံအသင်းနဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားနှစ်နိုင်ငံခေါင်းဆောင်တွေက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနဲ့ မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့မှာ ဒီနေ့တွေ့ဆုံပွဲကနေ ပူးတွဲတိုက်တွန်းလိုက်တာပါ။ မြန်မာစစ်တပ်အနေနဲ့ အာဆီယံနဲ့ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ပြောဆိုတာ ဖြစ်ပါတယ်။

အာဆီယံအသင်းကို ပိုပြီးအားကောင်းမောင်းသန်ဖြစ်အောင် ကြိုးစားကြမယ်လို့ ဒီနေ့တွေ့ဆုံပွဲကနေ ကတိကဝတ်ပြုလိုက်ကြသလို၊ အင်ဒို-ပစိဖိတ်ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေး ဆောင်ရွက်တဲ့အခါမှာ အာဆီယံအသင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဆက်ရှိနေရမယ်ဆိုတာ နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူကြတယ်လို့ လက်ရှိအာဆီယံအသင်းဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံလုံးက အမြင်တူကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်ဟာ အင်ဒိုနီးရှားကို နိုင်ငံတော်ဧည့်သည်အနေနဲ့ မနေ့က တနင်္ဂနွေနေ့မှာ ရောက်သွားပြီး ဒီနေ့မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြသလို၊ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ ရှစ်ခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။
_____________
- အင်ဒိုနီးရှားသမ္မတ ဂျိုုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် အဏ္ဏဝါအီဘရာဟင်တို့ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံကြစဉ်။ (Photo: Reuters)


Comments

Popular posts from this blog

တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Finlandization ဆိုတဲ့ ဝေါ ဟာရ

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

ပူတင်က nuclear တပ်စုများအား alert လုပ်ထား

အကောင်းဆုံးယှဉ်ပြိုင်ပုံကဒီလို

V OA Burmese ဌာနမှုးကိုသန်းလွင်ထွန်းအရှုပ်တော်ပုံ

ဘယ်လာရုစ်နယ်စပ်မှာ ရုရှားနဲ့ဆွေးနွေးဖို့ ယူကရိန်းသဘောတူ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ