ဒီပဲယင်းမှာ တလတည်း ရွာပေါင်း ၃၀ မီးရှို့ခံရလို့ ပြည်သူ ၃သောင်းအိုးအိမ်မဲ့ ( ရုပ်/သံ)



မြေလတ်အသံ၊ ဇန်နဝါရီ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁လတည်းမှာ ကျေးရွာပေါင်း ၃၀ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ် ၃ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁ရက်ကနေ ၁၀ရက်အထိ ကျေးရွာပေါင်း ၁၉ရွာကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၂၂ရက်ကနေ ၃၀ အထိ နောက်ထပ် ကျေးရွာ ၁၁ခုကို မီးရှို့ခဲ့တာကြောင့် တလအတွင်း ဒီပဲယင်းနယ်ထဲက ရွာပေါင်း ၃၀ ကို စစ်ကောင်စီတပ်သားတွေမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီကျေးရွာ ၃၀ စလုံးကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ  ရေဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ဘက် လာတဲ့ ခမရ ၃၆၄နဲ့ ခလရ ၇၀၁တပ်ရင်းတွေကဖြစ်ကာ အင်အား ၁၀၀ ဝန်းကျင်ပါတယ်လို့ ဆိုပါတယ်။

အိမ်တွေမီးရှို့ခံလိုက်ရလို့ လူဦးရေ ၃သောင်းကျော် နေရပ်စွန့်ခွာထွက် ပြေးနေခဲ့ကြရပြီး အဲဒီထဲမှာ လူဦးရေ ၁၂၀၀၀ ကျော် အိုးမဲ့၊အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။

အဲ့ဒီရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေကို ဒီပဲယင်းညီနောင်များအဖွဲ့က အိမ်ထောင်စု တခုကို ဆန် ၂ပြည်နဲ့ ငွေကျပ် တသောင်းစီ ထောက်ပံ့ပေးနေတာ ၁၆ ရွာအထိ ထောက်ပံ့ပေးထားနိုင်ပြီး ကျန်ရွာတွေကို ထောက်ပံ့နိုင်ဖို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေလိုအပ်နေဆဲဖြစ်ပါတယ်။

သတင်း- အောင်စိုး၊ တည်းဖြတ်- ငြိမ်းဇော်
#မြေလတ်အသံ

Comments

Popular posts from this blog

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

၅၆ ၅၇ လမ်း ကြား မနော်ဟရီလမ်း‌ ပေါ် စစ်ကားနဲ့ဖြတ်တိုက် ဆိုင်ကယ်မောင်းသူ ၃ဦး အရေးပေါ်အခြေအနေပါ ၂ယောက်စိုးရိမ်ရပါတယ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

သပွတ်အူနိုင်ငံတော်

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ