Posts

Showing posts from December 19, 2022

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

Image
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးကို  စစ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဒီကနေ့ဒီဇင်ဘာ၁၉ရက် မနက်ပိုင်းက လာရောက်တွေ့ဆုံတယ်လို့ ဦးတင်ဦးနဲ့ နီးစပ်သူအချို့ဆီကသိရပါတယ်။ ဗဟန်းမြို့နယ်က ဦးတင်ဦးနေအိမ်ကို ဒီကနေ့ မနက် ၉နာရီကျော်က လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေး အခြေအနေနဲ့ မဟာစည်ဘုန်းကြီးကျောင်းမှာအတူတူတရားထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုဆွေးနွေးပြောကြားကြတယ်လို့ ဆိုပါတယ်။  လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံမှာတော့ ဦးတင်ဦးကစာတစ်စောင်ကိုဖတ်နေတာတွေ့ရသလိုပင်နီအင်္ကျီကိုဝတ်ဆင်ကာ တွေ့ဆုံခဲ့တာတွေ့ရပါတယ်။ '' ဂါရဝပြုတာပေါ့။ကျန်းမာရေး‌အခြေအနေမေးတယ်။ ပြီးတော့ မဟာစည်မှာတရားထိုင်ခဲ့တဲ့ အကြောင်းတွေပြောကြတယ်။ နိုင်ငံရေးအကြောင်းမပါပါဘူး။ ၁၀မိနစ် ၁၅မိနစ်လောက်ပဲကြာပါတယ်''လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။  အခုတွေ့ဆုံမှုမတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဦးတင်ဦးဆီကို မန်းငြိမ်းမောင်က လွတ်လပ်ရေးနေ့အခမ်းအနားဖိတ်ဖို့ သွားရောက်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမဲ့ နီးစပ်သူတွေကတော့လွတ်လပ်ရေးနေ့ဖိတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖ

VAKOK -CNDF တပ်ဖွဲ့ကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့် (ရုပ်/သံ)

ဗွီဒီယိုကြည့်ရန်ဒီမှာနှိပ်ပါ ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၁၉ ရက်  စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အခြေစိုက်ဖြစ်သည့် VAKOK  CNDF က ရဲဘော်တွေကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကြောင်းကို VAKOK  CNDF တပ်ဖွဲ့ထံက ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်သည်။ အဆိုပါ VAKOK -CNDF တပ်ဖွဲ့သည် မြို့တွင်းတိုက်ပွဲ၊ အနီးကပ်ခြေမှုန်းရေး၊ တန်ပြန်ထိုးစစ်ခြေမှုန်း တိုက်ခိုက်ရေးတို့အတွက် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်နှင့် တပြိုင်နက် စစ်ရေးလှုပ်ရှားရာဒေသ ကလေးမြို့တွင်းနဲ့ တောင်ပိုင်းဒေသတို့မှာ တိုက်ပွဲတွေဖော်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားသည်။ ဒါ့ပြင် VAKOK - CNDF တပ်ဖွဲ့အနေဖြင့် တိုက်ပွဲများဖော်ဆောင်ရန်အတွက် လက်နက်ခဲယမ်း လိုအပ်မှုမှာလည်းရှိနေသည့်တွက် ပြည်တွင်း၊ ပြည်ပ ညီအစ်ကိုမောင်နှမများမှလည်း စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်ပြီး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်  VAKOK - CNDF တပ်ရင်းအား ဆက်လက်အားဖြည့်ကူညီပေးကြရန်လည်း အကူအညီတောင်းခံထားကြောင်းသိရသည်။ ရုပ်သံ-VAKOK - CNDF #Ayeyarwaddy_Times

⏰ ၁၉-၁၂-၂၀၂၂ သတင်းများ

Image
📬 ယနေ့ကြေးနန်း 📭 ⏰ ၁၉-၁၂-၂၀၂၂ ...................................... သတင်းပိတ်-7:30 pm တင်-8:30 pm  ........................................       🛑 မြင်းခြံခရိုင်  ************ ♦ယနေ့ထူးခြားမှု မရှိ  🎯 တိုက်ပွဲ၊ EAOs & PDF ********************   ♦အင်းတော်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၄၀ နီး ပါး ဒဏ်ရာရ သေ ♦မနေ့က ဆားလင်းကြီးတွင် ဘီယာဆိုင်လာသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲအုပ် အပါအဝင် ရဲ ၄ ဦးသေ၊ လက်နက် ၃ လက်ရ ♦မနေ့ညက မြောင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်  ♦မတ္တရာတွင် စစ်တပ်ထောက်ပို့ယာဉ်တစ်စီးကို လက်နက်ခဲယမ်းများ ဖမ်းမိ ♦ မြိုင်တွင် ဈေးဝယ် ထွက်သည့် စစ်ကားကို  မိုင်း ၁၅ လုံးဖြင့် တိုက်ခိုက်မှု စခ နှင့် ပျူများ သေ ထိခိုက် ရှိ  ♦အမေရိကန် စစ်မှုထမ်းဟောင်း သင်တန်းဆရာများနှင့် အထူးတပ်ဖွဲ့သင်တန်း CNDF ပြုလုပ် ♦ဒီ- ၁၅ ရက်က ကန့်ဘလူတွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက် ♦မှော်ဘီလေတပ်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့  🤡 စစ်ကောင်စီ ***********

ဆားလင်းကြီးမှာ ဘီယာဆိုင်လာထိုင်တဲ့ ရဲငါးယောက်ကို တော်လှန်ရေးတပ်တွေ ဝင်ပစ်၊ ဒုရဲအုပ်အပါအဝင် လေးယောက်သေပြီး အူဇီသေနတ်သုံးလက်ရရှိ (ရုပ်သံ)

https://youtu.be/XLc02rxMP1o  ကိုနှိပ်ပါ။ December 19 စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ် မှာ ဘီယာဆိုင်လာထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲငါးယောက်ကို မနေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်အပါအဝင် ရဲလေးယောက်သေကာ သေနတ်သုံးလက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က လူငယ့်ခေတ်ကို ပြောပါတယ်။

၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်း

Image
ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့ကို ဝန်ကြီးဌာနပုံစံဖွဲ့စည်းထားပြီး နူကလီးယား ဆိုင်ရာ ဌာနကြီး တစ်ခုကိုပါ ဖွဲ့စည်းထား၊ ၃ နှစ်မှ ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်းထားဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အရှိန်အဟုန်တိုးမြှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက် စစ် ကောင်စီက စစ်ဘက်အရာရှိကြီးများ ဦးဆောင်ပါဝင်သောအဖွဲ့တစ်ခုကို  ဝန်ကြီး ဌာနပုံစံ ဖွဲ့စည်းထားပြီး ယင်းဝန်ကြီးဌာနအောက်တွင် ရုရှား-မြန်မာ နူကလီးယား နည်းပညာပူးပေါင်းမှု ဌာနကြီးတစ်ခုကိုပါ ဖွဲ့စည်းထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။  ရုရှားနိုင်ငံတွင်  စက်တင်ဘာလ ၇ ရက်နေ့ ကျင်းပခဲ့သည့် အရှေ့ဖျားစီးပွားရေး ဖိုရမ်(EEF)တွင် ရုရှားသမ္မတ ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးအတွက် ဝန်ကြီးဌာနပုံစံ အဖွဲ့များ ဖွဲ့စည်းခြင်း၊ နူကလီးယားနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကြီးတစ်ခုကိုပါ တိုးချဲ့ ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။  "ရုရှား-မြန်မာပူးပ

ကမ္ဘာဗလားကိုအသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့စခ

Image
မြောင်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက် အောင်ဇေယျ/People's Spring စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအား အားပေးနေကြမည့်အခြေအနေကို အခွင့်ကောင်းယူ၍  လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိသည်ဟု သိရပြီး အသေးစိတ်ထပ်မံစုံစမ်းနေကြောင်း MRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ "မြို့ထဲထိဝင်ပြီး အနီးကပ် ပစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်ခဲ့တာ ၃၀မိနစ်ခန့် ကြာခဲ့ပါတယ်။ ဒီ Missionကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာ