ကမ္ဘာဗလားကိုအသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့စခ

မြောင်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက်

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအား အားပေးနေကြမည့်အခြေအနေကို အခွင့်ကောင်းယူ၍  လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိသည်ဟု သိရပြီး အသေးစိတ်ထပ်မံစုံစမ်းနေကြောင်း MRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

"မြို့ထဲထိဝင်ပြီး အနီးကပ် ပစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်ခဲ့တာ ၃၀မိနစ်ခန့် ကြာခဲ့ပါတယ်။ ဒီ Missionကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျွန်တော်တို့ Plan (အစီအစဥ်)တွေချခဲ့ပါတယ် ။ သေချာပေါက် ကြည့်နေတာပေါ့ဗျာ။အလစ်အငိုက်ပါပဲ။ နောင်လည်း ခုလို Mission(စစ်ဆင်​ရေး)တွေ လုပ်သွားအုံးမှာပါပဲ"ဟု ပြောသည်။

ထို့အပြင် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA နှင့်မြောင်မြို့နယ် ပ.က.ဖ၊  မန္တလေးခရိုင်တပ်ရင်း(၆)-MNPDF၊ 
မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)-NYSGF၊
ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများသို့ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်လည်း MRAက မေတ္တာရပ်ခံသည်။
People’s spring 

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် MRA ရဲဘော်များ)


Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "