NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးကို  စစ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဒီကနေ့ဒီဇင်ဘာ၁၉ရက် မနက်ပိုင်းက လာရောက်တွေ့ဆုံတယ်လို့ ဦးတင်ဦးနဲ့ နီးစပ်သူအချို့ဆီကသိရပါတယ်။ ဗဟန်းမြို့နယ်က ဦးတင်ဦးနေအိမ်ကို ဒီကနေ့ မနက် ၉နာရီကျော်က လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေး အခြေအနေနဲ့ မဟာစည်ဘုန်းကြီးကျောင်းမှာအတူတူတရားထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုဆွေးနွေးပြောကြားကြတယ်လို့ ဆိုပါတယ်။ 

လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံမှာတော့ ဦးတင်ဦးကစာတစ်စောင်ကိုဖတ်နေတာတွေ့ရသလိုပင်နီအင်္ကျီကိုဝတ်ဆင်ကာ တွေ့ဆုံခဲ့တာတွေ့ရပါတယ်။

'' ဂါရဝပြုတာပေါ့။ကျန်းမာရေး‌အခြေအနေမေးတယ်။ ပြီးတော့ မဟာစည်မှာတရားထိုင်ခဲ့တဲ့ အကြောင်းတွေပြောကြတယ်။ နိုင်ငံရေးအကြောင်းမပါပါဘူး။ ၁၀မိနစ် ၁၅မိနစ်လောက်ပဲကြာပါတယ်''လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ 

အခုတွေ့ဆုံမှုမတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဦးတင်ဦးဆီကို မန်းငြိမ်းမောင်က လွတ်လပ်ရေးနေ့အခမ်းအနားဖိတ်ဖို့ သွားရောက်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမဲ့ နီးစပ်သူတွေကတော့လွတ်လပ်ရေးနေ့ဖိတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နာယက ဖြစ်သူကို တွေ့ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်ဟာ ၂၀၂၃ မှာ စစ်ကောင်စီကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ပြောဆိုဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ရက်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့နာယကလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးကို ဗဟန်းက ဦးတင်ဦးရဲ့နေအိမ်မှာတွေ့ဆုံခဲ့ပါသေးတယ်။ စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု တစ်နှစ်ပြည့်ချိန် အခုနှစ်ဒီဇင်ဘာလ မှာ သူ့ရဲ့ ကောင်စီဝင်တစ်ဦးက သွားရောက်တွေ့ဆုံတာလည်းဖြစ်ပါတယ်။ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဓာတ်ပုံ - MeKong News - မဲခေါင်သတင်း 



Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ