အသတ်ခံရမှာစိုးလို့ ငိုယိုတောင်းပန်ပေမယ့် မန္တလေးကအုပ်ကြီး ရှင်းလင်းခံရ (ရုပ်သံ)
ဇန်နဝါရီ ၁၆၊The Nation Voice မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ် ၊ဗောဓိကုန်း အရှေ့ရပ် ၆၉ D လမ်း၊ ၄၀/၄၁ လမ်းကြားမှာ နေထိုင်တဲ့ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှုးဦးစော ကို ဇန်နဝါရီ (၁၅) ရက်နေ့က နေအိမ်မှာပဲ ရှင်းလင်းလိုက်တယ်လို့ Special Task Force (Mandalay) က ထုတ်ပြန်ထားပါတယ်။ STF-MDY အနေနဲ့ အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နှုတ်ထွက်ဖို့ သတိပေးသတ်မှတ်ရက်ပြည့်ပြီဖြစ်တာကြောင့် နှုတ်မထွက်ဘဲ စစ်ကောင်စီအလိုကျ အုပ်ကြီးဆက်လုပ်မယ်ဆိုပါက အုပ်ကြီးဦးစောလိုပဲ ရာထူးကနေ အပြီးတိုင် ရပ်နားပေးမယ်လို့လည်း သတိပေးလိုက်ပါတယ်။ STF-MDY အဖွဲ့သားတွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေ ဦးစောနောက်မလိုက်ချင်ရင် နှုတ်ထွက်လိုပါက နှုတ်ထွက်ထားနိုင်ပြီဖြစ်တယ်လို့ ထပ်လောင်းသတိပေးပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄ လမ်း၊ ဦးပွားဂုံးကျော်အဆင်းလမ်း (ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံအတွင်း စစ်ကောင်စီရဲ့ ပြည်သူ့သဘောထားနဲ့အလိုမတူ ဆန့်ကျင်ကာ ရွေးကောက်ပွဲလုပ်ကာ မွဲဆွယ်စည်းရုံးရန် အစည်းအဝေးလုပ်နေသူတွေကို STF-MDY အဖွ...