အသတ်ခံရမှာစိုးလို့ ငိုယိုတောင်းပန်ပေမယ့် မန္တလေးကအုပ်ကြီး ရှင်းလင်းခံရ (ရုပ်သံ)



ဇန်နဝါရီ ၁၆၊The Nation Voice 

မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ် ၊ဗောဓိကုန်း အရှေ့ရပ် ၆၉ D လမ်း၊ ၄၀/၄၁ လမ်းကြားမှာ နေထိုင်တဲ့ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှုးဦးစော ကို ဇန်နဝါရီ (၁၅) ရက်နေ့က နေအိမ်မှာပဲ ရှင်းလင်းလိုက်တယ်လို့ Special Task Force (Mandalay) က ထုတ်ပြန်ထားပါတယ်။ 

STF-MDY အနေနဲ့ အုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နှုတ်ထွက်ဖို့ သတိပေးသတ်မှတ်ရက်ပြည့်ပြီဖြစ်တာကြောင့် နှုတ်မထွက်ဘဲ စစ်ကောင်စီအလိုကျ  အုပ်ကြီးဆက်လုပ်မယ်ဆိုပါက အုပ်ကြီးဦးစောလိုပဲ ရာထူးကနေ အပြီးတိုင် ရပ်နားပေးမယ်လို့လည်း သတိပေးလိုက်ပါတယ်။ 

STF-MDY အဖွဲ့သားတွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေ ဦးစောနောက်မလိုက်ချင်ရင် နှုတ်ထွက်လိုပါက နှုတ်ထွက်ထားနိုင်ပြီဖြစ်တယ်လို့ ထပ်လောင်းသတိပေးပါတယ်။ 

လွန်ခဲ့တဲ့ သုံးရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄ လမ်း၊ ဦးပွားဂုံးကျော်အဆင်းလမ်း (ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံအတွင်း  စစ်ကောင်စီရဲ့ ပြည်သူ့သဘောထားနဲ့အလိုမတူ ဆန့်ကျင်ကာ ရွေးကောက်ပွဲလုပ်ကာ မွဲဆွယ်‌စည်းရုံးရန် အစည်းအဝေးလုပ်နေသူတွေကို STF-MDY အဖွဲ့က 
 လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်အသုံးပြုနေတဲ့ အရပ်ကား တစ်စီးပျက်စီးခဲ့ကာ စစ်တပ်က သေနတ်နဲ့ ခြောက်ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် STF-MDY ရဲဘော်တွေ အထိအခိုက်တစ်စုံတစ်ရာ မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

#thenationvoicemyanmar 
#မန္တလေး #အုပ်ချုပ်ရေးမှူး #ရှင်းလင်း


Comments

ခွေးထက်ယုတ်ညံ့သူ မန္တလေး pdf သူပုန် အယုတ်တမာများ

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ