Posts

Showing posts from March 11, 2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုရှိတယ် ဆိုတာကို သက်သေပြနိုင်မလား

Image
08 မတ်၊ 2021 ဦးစည်သူအောင်မြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အနေနဲ့ ဖေဖေါ်ဝါရီ ၁ရက် မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီး၊ တိုင်းပြည်အာဏာရယူခဲ့တဲ့ အဓိက အကြောင်းရင်းဟာ “ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်း” ကိစ္စ ဖြေရှင်းမပေးလို့ လို့ ဆိုထားပါတယ်။ အာဏာရယူပြီး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းနဲ့ သူ့ရဲ့ လမ်းပြမြေပုံမှာလည်း ပထမ ဦးဆုံးလုပ်မှာက မဲမသမာမှုတွေ ဖော်ထုတ်မယ်၊ တွေ့ရင် တာဝန်ရှိသူတွေကို အရေးယူမယ် လို့ ဆိုထားပြီး သူ့ရဲ့ နောက်ဆုံး အလုပ်ဟာ လွတ်လပ်ပြီး ရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေး၊ အနိုင်ရ နိုင်ငံရေးပါတီကို တာဝန်လွှဲပြောင်းပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းရှိနေဆဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအဝင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီး၊ ကော်မရှင် အသစ်တစ်ခုကိုလည်း ဖွဲ့စည်း ပေးခဲ့ပြီဖြစ်ပါတယ်။ ကော်မရှင်ကလည်း သူတို့ တာဝန်ယူချိန်ကစ မဲစာရင်းကိစ္စ ပြန်စစ်ဆေးနေပြီး တစ်ချို့ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတာလည်း တွေ့ကြရပါတယ်။ အရင် စစ်အာဏာရှင်တွေက ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အ

တောင်ကြီးက ရဲတွေပိုလန်နိုင်ငံသား သတင်းထောက်ကို ဝိုင်းရိုက်

Image
တောင်ကြီးက ရဲတွေတော့ ပိုလန်နိုင်ငံသား နိုင်ငံခြားသားသတင်းထောက်ကို ဝိုင်းရိုက်ထားတာ အခြေအနေမကောင်းပါ ပိုလန်နိုင်ငံသားအလွတ်တန်းသတင်းထောက်တစ်ယောက်ဖြစ်ပြီးညောင်ရွှေမှာနေထိုင်နေတဲ့သူလို့သိရပါတယ် စစ်သားတွေဝိုင်းရိုက်ပြီး အမှတ် ၁ ရဲစခန်းကိုဖမ်းဆီး ခေါ်ဆောင်သွားပါကြောင်း ခုချိန်ထိပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူးလို့  သူ့မိတ်ဆွေတစ်ဦးမှ အတည်ပြုပေးလိုက်ပါတယ်ဗျာ Credit

KNU ပြန်လည်ဖြေရှင်းချက်

Image
Tap here to start composing... မြန်မာနိုင်ငံအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)သို့ ၀င်ရောက်ရန်အတွက်  ရန်ကုန်အပါအ၀င် နေရာဒေသအချို့တွင် လိုက်လံစည်းရုံးမှုများသည် အဖွဲ့အစည်းနှင့် လုံးဝ ပတ်သက်ဆက်စပ်ခြင်းမရှိကြောင်း အဖွဲ့၏ ဒုဥက္ကဌဖြစ်သည့် ပဒိုစောကွယ်ထူး၀င်းက ယနေ့ညပိုင်းတွင် ကရင်အမျိုးသားမီဒီယာသို့ အတိအလင်းပြောဆိုခဲ့သည်။ မသမာသူအချို့သည် မိမိတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တာ၀န်ပေးအပ်စေလွတ်ထားသူများ ဖြစ်သည်ဟုဆိုကာ လူသစ်များ လိုက်လံစုဆောင်းနေကြသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားမီဒီယာ၏ မေးမြန်းချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌပဒိုစောကွယ်ထူး၀င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ခါတော်မီ အခွင့်အခါကိုအသုံးပြု၍ အချို့သော မသမာသူများသည် အဖွဲ့သို့၀င်ရောက်မည်ဆိုပါက တဦးလျှင် ကျပ်ငွေ (၃) သိန်းမှ (၄) သိန်းထိပေးရမည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ ပြည်တွင်းတွင် ကရင့်အရေးဆိုင်ရာ လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများနှင့်လူငယ်အဖွဲ့အစည်းများရှိကြောင်း ဖြစ်နိုင်ခြေရှိမရှိဆိုသည်ကို လေ့လာစုံစမ်း၍ရကြောင်းလည်း ဒုဥက္ကဌက ဖြည့်စွက်

အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း "

Image
DVB TV News · မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း " (မတ်လ ၁၁ရက် ညနေ ၅)

စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကိုအလွန်အမင်းနှိပ်စက်ခံရပြီးသေဆုံး

Image
                      ရွှေပြည်သာ NLD ပါတီဝင် စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကို စစ်တပ်နှင့်ရဲက မတ်လ ၈ ရက်​နေ့ညပိုင်းတွင် ဖမ်းဆီးပြီး မတ်လ ၉ ရက်​နေ့ မွန်းလွဲပိုင်းတွင် အ​လောင်းထုတ်ယူရန် ပြောဆိုခဲ့သည်။ ယ​နေ့တွင် ဦး​ဇော်မြတ်လင်း၏နာရေး​ဆောင်ရွက်ရာ အ​လောင်းမှာ အလွန်အမင်းနှိပ်စက်ထားသည့်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်​နေသည်ဟု NLD ပါတီဝင်များက အတည်ပြု​​ပြောသည်။ (မှတ်ချက်- ကြည့်ရှူရန် မသင့်​တော်သည့် ပုံများပါဝင်​နေသည်။ မူရင်းဓါတ်ပုံပိုင်ရှင်ကို Credit ​ပေးပါသည်) 

မြောက်ဥက္ကလာတိုက်ပွဲ

Image

စစ်ရေးအရ အရေးယူမှသာအဆုံးသတ်နိုင်( ဘားနတ်ဟစ်ဘစ်)

Image
f စစ်ရေးအရ အရေးယူမှသာ မြန်မာပြည်ရဲ့အကျပ်အတည်း အဆုံးသတ်နိုင်ဟု ဘားနတ်ဟစ် ဘစ် ကသုံးသပ်>> ====================== အော့တဝါ - မြန်မာနိုင်ငံ၏အ ကျပ်အတည်းသည် စစ်ရေးအရ အရေးယူမှသာ အဆုံးသတ်နိုင်  သည်ဟု ကနေဒါနာမည်ကြီး ဥပဒေပါမောက္ခနှင့် သမိုင်းပညာ ရှင်ဘားနတ်ဟစ်ဘစ် က ၎င်း၏အ မြင်ကို တွစ်တာ၌ ရေးသားခဲ့ သည်။ အာဏာသိမ်းတပ်မတော်၏ လုပ်ရပ်များက အာဏာစွန့်လွှတ် ရန် လုံးဝရည်ရွယ်ချက် မရှိသည် ကို ရှင်းရှင်းလင်းလင်းပြသနေ ကြောင်း ဘားနတ်ဟစ်ဘစ်က တွစ်တာ၌  ရေးသားသည်။ ‘‘အာဏာသိမ်းလုပ်ရပ်တွေ က အာဏာကိုပြန်စွန့်လွှတ်ဖို့ လုံးဝစိတ်ကူးမရှိဘူးဆိုတာ ကို ပြတ်ပြတ်သားသား သတင်း စကားပါးနေတယ်။ ပြီးတော့ လမ်းမတွေပေါ်မှာ ပိုပြီးတော့ရက် ရက်စက်စက်နှိမ်နင်းတာ၊ အဓမ္မ ဖမ်းဆီးတာ တွေနဲ့ ပြည်သူတွေနဲ့ ဂျာနယ်လစ်တွေကို တွေဝေမနေ ဘဲ ထိန်းသိမ်းတာတွေပိုလုပ်လိမ့် မယ်’’ ဟု ဘားနတ်ဟစ်ဘစ်က ပြောသည်။ ဆက်လက်၍ ဘားနတ်ဟစ် ဘစ်က- ‘‘မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီရဖို့ နေ့တိုင်းညတိုင်း သူတို့ရဲ့အသက်တွေကို စွန့်လွှတ်  နေကြရပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ပြနေတယ်ဆိုတာကို ကမ္ဘာ့ခေါင်း ဆောင်တွေနဲ့ ကမ္ဘာ တစ်ဝန်းကလူ တွေကို ကျွန်တော်သတင်းပါးချင် ပါတယ်’’ ဟု ပြောကြား

CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်

Image
CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်ဟု ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ NLD ပါတီက ​​ကြေညာချက်ထုတ်ပြန်သည်။

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

ဒီနေ့ မအလ က နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။ ဖမ်းရတဲ့ အကြောင်းအရင်းက ဦးချမ်းအေး၊ ဦးစိုးသူရတို့ အပါအဝင် မအလရဲ့ နိုင်ငံခြားရေးအဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုပို့တဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အလွန်အမင်း စိုးရိမ်နေကြောင်း အချက် ၅ ချက်တရုတ်က တောင်းဆိုတယ်။ မြန်မာပြည်သူတွေကို ဂက်စ်ပိုက်လိုင်းအပေါ်မှာ ဝေဖန်မှု ပြုနေကြတာကို ခွင့်မပြုသင့်ကြောင်း မအလအဖွဲ့ကို ညွှန်ကြားတယ်။ မအလ ဘက်ကလည်း ကီလိုမီတာ ၈၀၀ အရှည်ရှိတဲ့ ပိုက်လိုင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို စခန်း ၅၉ ခုဖွင့်ပေးထားပြီး ပြည်သူ့ ဘဏ္ဍာနဲ့စောင့်ရှောက်နေတဲ့အပြင် လစ်ဟင်းမှုမရှိရအောင် စစ်သူပုန်တပ်ကပါ အားဖြည့်စောင့်ရှောက်ပေးနေကြောင်း ပထွေးဖြစ်သူ ငြိုငြင်အောင် မလုပ်ရဲကြောင်း မျက်နှာချိုသွေးခဲ့တယ်။ ဆွေးနွေးပွဲပြီးတော့ မအလထံ အစီရင်ခံဖို့အတွက် ဆွေးနွေးပွဲမှတ်တမ်းကို ကွန်ပျူတာသမားက စာစီရတယ်။ မိတ္တူကို မအလရဲ့ စစ်သူပုန်ကောင်စီ အဖွဲ့ကိုရော၊ ကာကွယ်ရေး၊ ပြည်ထဲရေးဌာနတွေကိုရော လျို့ဝှက်အဆင့်နဲ့ ပို့ပေးခဲ့ရတယ်။ ပို့ပြီး နှစ်ပတ်လ

ထား၀ယ်မြို့ညသပိတ် ပစ်ချက်အား အရမ်းကြမ်း

ထား၀ယ်မြို့ညသပိတ် ပစ်ချက်အား အရမ်းကြမ်း လူတချို့ဒဏ်ရာရ အခြေအနေမကောင်း သေနတ်တွေအဆက်မပြတ်ပစ်

U Zaw Myat Linn , the NLD member from Su educational institution was murdered by Myanmar military.

Image
Dear World,  U Zaw Myat Linn , the NLD member from Su educational institution was murdered by Myanmar military.  The way of torturing him was terrifying!!!  During Investigation, his mouth and face were poured with very hot water and very dangerous toxic  chemical liquid !!!  According to the collected information , his teeth were gone , his tongue was melting severely , the skin on his face was scratched out  .  This is way beyond the brutality than Narzi 's time !!!  The military and armies are not humans. They don't respect human rights and they have been violating this more and more since 1988, 2007, Rohingya genocide and Now !!!  The military is heartless.This is more like Facism and genocide .  UN is still worrying and no action is yet to found.  They shoot in Day time, they arrest in night time, they torture and abuse people till death behind the camera.  In Myanmar, people have been tortured in such way , please GOD help us .  #HearTheVoiceOfMyanmar #JusticeForMyanmar #

CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက်

Image
Civil Disobedience Movement CDM ဝန်ထမ်းများသို့ အရေးပေါ်ကြေညာချက် ၁၁. ၃. ၂၀၂၁ (ကြာသပတေးနေ့) • CDM တွင် ပါဝင်သော ပြည်သူ့ဝန်ထမ်းကောင်းများအား အကြမ်းဖက်အုပ်စုမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ခြင်း၊ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပိုမိုများပြားလာသည်ကို သိရှိကြမည်ဖြစ်ပါသည်။ • ပြည်သူ့ဝန်ထမ်းများအား လက်နက်အားကိုး ခြိမ်းခြောက်ဖမ်းဆီးခြင်းများ၊ အသက်အန္တရာယ်စိုးရိမ်ရခြင်းများ ရှိလာနိုင်ပါသဖြင့် မိမိတို့လုံခြုံရေးကို ပိုမိုအလေးထားဂရုစိုက်ကြရန်နှင့် ဖြစ်နိုင်ပါက မိမိတို့အတွက် လုံခြုံစိတ်ချရသော နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ အရေးတော်ပုံအောင်ရမည်

ဆန္ဒပြတာ၁၅ပုံတပုံပဲပြောပြီးတိုင်ပတ်တဲ့ငမဲလုံး

Image

ဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်)

Image
အမေရိကန်ဆီးနိတ် နိုင်ငံခြားရေးရာ ကော်မတီ ကြား‌နာမှုမှာ မဝေနှင်းပွင့်သုန် ထွက်ဆိုချက် (ဘာသာပြန်) ဒီလို စကားပြောခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ချိန်မှာ သူ့ဘက်က ပေးဆပ်ရမှာတွေ ရှိတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် သူ လွတ်အောင် ရှောင်တိမ်းလို့ရမယ် ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်ပုံရတာ အထင်အရှားပါပဲ။ ဒါကြောင့် ကျွန်မတို့က သူ့အထင်မှားတယ် ဆိုတာ ပြသကြဖို့ အရမ်းအရေးကြီးပါတယ်။ မြန်မာပြည်မှာ ပြည်သူလူထုကတော့ အရမ်းရဲရင့်ပြီး မင်းအောင်လှိုင် မှားတယ် ဆိုတာ အထင်အရှား ပြသနေကြပါတယ်။ စစ်တပ်က NLD ခေါင်းဆောင်တွေနဲ့ ကျမရဲ့ အဖေအပါအဝင် အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းလိုက်ပြီး သူတို့ နိုင်ပြီ၊ ဆန္ဒပြတာတွေ ဖြစ်မလာနိုင်ဘူးလို့ ထင်ထားခဲ့ကြတယ်။ ဒါပေမယ့် နှစ်သုံးဆယ်‌ကျော်အတွင်း အကြီးကျယ်ဆုံး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူထုက ဘုတ်ပြားတွေ ထောင်ပြီး ဒီမိုကရေစီ တောင်းဆိုခဲ့ကြပါတယ်။ ဒီဘုတ်ပြားတွေမှာ အင်္ဂလိပ်လိုရေးထားကြတာဟာ ကမ္ဘာကြီးက ကူညီစေချင်လို့ပါ။ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေဟာ စစ်တပ်က တိုးတိုးပြီး ဖိနှိပ်ဖြိုခွင်းလာတာ ခံခဲ့ရတယ်။ နေ့

ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်

Image
Myanmar Now စစ်အာဏာသိမ်းမှုကိုနေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းကို ယနေ့(မတ် ၁၁) နံနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းရာတွင် ဦးခေါင်းဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးကို ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်ရန် စစ်ကောင်စီတပ်ဖွဲ့က ကြိုးပမ်းခဲ့သည်။ ရုပ်သံမှတ်တမ်းထဲတွင် ရဲတပ်ဖွဲ့ဝင်တယောက်က သေဆုံးသူသည် ပြေးရင်းခလုတ်တိုက်ကာ မှောက်ရက်လဲကျကြောင်းပြောဆိုနေသလို နောက်တဦးမှ ပက်လက်လဲကျသဖြင့် နောက်စိ(ဦးနှောက်)ထိသွားကြောင်း ပြောဆိုသံများကြားနေရသည်။ ယနေ့နံနက်ပိုင်း၌ မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း လမ်း ၉၀ ပေါ်ရှိ ကိုးလုံးတကာဘုရားရှေ့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက် အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက် သေများက ပြောသည်။ သေနတ်ဖြင့် ၁၂ ချက်ထက်မနည်းပစ်ခတ်ဖြိုခွင်းခံရမှုအတွင်းသေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ခြေထောက်၌ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာရသူ အသက် ၂၄ နှစ်အရွယ် ကိုထက်တေဇာအောင်ကလည်း အတည်ပြုထားသည်။ Myanmar Now You Tube Channel https://youtu.be/xFuTD6MrIbs တွင် full HD quality

လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

Image
"လုံခြုံရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အမှတ် SC/14430 ကို ပြန်လည်ကိုးကား၍ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်ဘက်မှ အရေးပေါ်အခြေအ‌နေ ကြေညာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် အခြားသူများအား တရားလက်လွတ် ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် များစွာ စိုရိမ်ပူပန်ကြောင်း ထပ်မံပြောကြားပါသည်။ ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန်လည်း လုံခြုံရေး ကောင်စီမှ ထပ်မံတိုက်တွန်းလိုက်ပါသည်။ “အမျိုးသမီးများ၊ လူငယ်များနှင့် ကလေးများအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအပေါ် အကြမ်းဖက်နေခြင်းကို လုံခြုံရေးကောင်စီမှ ပြင်းထန်စွာ ရှုတ်ချပါသည်။ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ သတင်းစာဆရာများနှင့် မီဒီယာသမားများအပေါ် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေခြင်းအပေါ်လည်းများစွာ စိုးရိမ်ပူပန် လျက်ရှိပြီး ဥပဒေမဲ့ထိန်းသိမ်းထားသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် လုံခြုံရေးကောင်စီမှ တောင်းဆိုပါသည်။ စစ်တပ်အနေဖြင့် အစွမ်းက

မြိုင်မြို့ အဆိုးဆုံးအခြေအနေ ရုပ်သံ

Image

မြောက်ဒဂုံမှာ စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး

Image
                  ယနေ့ ( ၁၁ - ၃ - ၂၀၂၁ ) မြောက်ဒဂုံမှာ စစ်ခွေးတွေပစ်လို့ ဒိုင်းကာတစ်ယောက်ကျဆုံး 😢😢😢 #Credit Video

မတ် ၁၁ ရက် တပ်သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ဖော်ပြချက်

Image
မတ် ၁၁ ရက် တပ်သတင်းစာရှင်းလင်းပွဲ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းပြောကြားချက်များမှ ကောက်နုတ်ဖော်ပြချက် ၁။ ကမ္ဘာ့နိုင်ငံအသီးသီးက NGO၊ INGO အဖွဲ့တွေ အခြားသော နိုင်ငံ(၁၃)နိုင်ငံရဲ့ အဖွဲ့အစည်းတွေက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို US ၇.၉ သန်းကျော် ထောက်ပံ့ထားပြီး ၆.၈ သန်းကျော် သုံးစွဲထားခဲ့၊  လက်ကျန်ငွေ ဒေါ်လာ ၁ သန်းကျော်ရှိနေ။ ပြည်တွင်းက ထောက်ပံ့လှူဒါန်းငွေ ၃၆ ဘီလျံရှိပြီး ၃၀ ဘီလျံ သုံးစွဲထား၊ လက်ကျန်ငွေ ၆ ဘီလျံရှိ။ တရားမဝင် ငွေမဲစီးဆင်းမှုတွေ၊ ပါတီအကျိုးသုံးစွဲခဲ့မှုတွေကို ဆက်လက်ဖော်ထုတ်နေ။ ၂။ ရကတ ဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ဒီဇင်ဘာ ကနေ ၂၀၁၈ မတ်လအတွင်း ကန်ဒေါ်လာ၆သိန်းနဲ့ ရွှေ ၇ ပိဿာပေးခဲ့ကြောင်း ဖော်ကောင်လုပ်ပြောကြား ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအေးဇံ၊ ဒေါက်တာမြင့်နိုင် ဝန်ကြီးချုပ်တွေရဲ့ အဂတိ လိုက်စားမှုတွေလည်းဖော်ထုတ်ပြီး ဆက်လက်စစ်ဆေးနေ၊ ၃။ သမ္မတဦးဝင်းမြင့်ကိုလည်း လုပ်ငန်းရှင်တချို့နဲ့ အကျိုးစီးပွားဆက်စပ်မှုရှိလို့ အဂတိနဲ့ ဆက်လက်စစ်ဆေးနေ။ ၄။ NLD အစိုးရခန့်ခဲ့တဲ့ UEC အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး ထုတ်ဖော်ပြောဆိုခဲ့မှုအရ ရွေးကော်ကို ဦးဝင်းမြင့်က လွှမ်းမိုးချုပ်ကိုင်

စိုးဝင်းက မအလ ထက် လည်တယ်။

Image
                              အခုအချိန်မှာ အာဏာသိမ်း စစ်အုပ်စု မှာ တကယ် ကွပ်ကဲနေတာ စိုးဝင်း စိုးဝင်းက မအလ ထက် လည်တယ်။ သူ့နာမည်နဲ့ ဘာမှ သိပ်မရှိဘူး။ မိန်းမဘက်က မောင်၊ တူမတွေနဲ့ ပိုင်ဆိုင်မှုတွေထားတာ။ ----------------------------------------- စိုးဝင်း မိန်းမ သန်းသန်းနွယ်က မန္တလေးက။ သန်းသန်းနွယ်က မန်းလေးလာရင် သူပိုင်တဲ့ ရေစစ်ကန်နားက အိမ်မှာနေတယ် စိုးဝင်းနဲ့သန်းသန်းနွယ် ပေါက်တဲ့ သားသမီးမရှိဘူး၊ သန်းသန်းနွယ်အရင်တရုတ် ယောကျာ်းနဲ့ရတဲ့ သား ၂ ယောက်ကိုပြန်မွေးစားထားတယ်။ မန္တလေးမှာ သန်းသန်းနွယ်ရဲ့ သားနှစ်ယောက် နဲ့ ချွေးမ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုထားတာ။ မေမြို့ကနွယ်ဝတီဟိုတယ်ကလည်း စိုးဝင်းတို့ပိုင်တာ။ သူ့မောင်အရင်း မျိုးညွန့်နဲ့ မိန်းမ မီမီသန့်ကမန္တလေးမှာနေတယ် (စျေးချိုဘက်ကကုန်သည်အသိုင်းအဝိုင်းကတော့သိကြတယ်)။ စိုးဝင်းတို့ဖားကန့်ကကျောက်ကုမ္ပဏီကို ဦးစီးပေးအမည်ခံပေးပြီး စင်ကာပူကိုထုတ်ပေးနေကြတာ။သူတို့ရဲ့သမီး၂ ယောက်က စင်ကာပူမှာ စိုးဝင်းတို့အတွက်တိုက်ခန်းဝယ်တာ Money laundry လုပ်ပေးတာ။ မီမီသန့်အမ ရှေ့နေ လှလှဝင်းဆိုတာ ပထမပုဂ္ဂလိကဘဏ်မှာရှယ်ရာ အများဆုံးပိုင်ပြီး ငွေဖြူလုပ

မြိုင်အခြေအနေတော်တော်ဆိုး၂ယောက်ထိထား ရုပ်သံ

Image

ငါ့သားကြိုက်တဲ့ ငါးခူကြော်ထားလိုက်မယ်

Image
လက်နက်မပါဘဲ တိုက်ပွဲ ဝင်မဲ့သားကို ဘယ်မိဘက လွတ်ချင်ပါ့မလဲနော်     😢😢😢မနက်စာစား၊ အဝတ်အစားလဲပြီးတဲ့သားကို အမေကသူ့ဘေးအထိုင်ခိုင်းတယ်။ ငါ့သား မနေ့ညကမင်းဘယ်သူ့အိမ်မှာအိပ်တာလဲလို့မေးမယ်ထင်တာ မမေးပါဘူး။ သားရဲ့ဘယ်ဘက်လက်ဖျံပေါ်မှာ အပြာရောင်ကလောင်ပျော့နဲ့ ဂဏန်းတွေရေးပေးနေတယ်။ ဖိမရေးဘူး။ ခပ်ဖွဖွပဲ။ အဖေက သူ့ဇနီးဘာလုပ်နေတာလဲတစ်ချက်ကြည့်ပြီး သူလည်း သားရဲ့ညာဘက်ဝင်ထိုင်တယ်။ အမေက မျက်မှောင်ကြုတ်ပြီးသူရေးတာတွေမှန်ရဲ့လား ပြန်ဖတ်နေတယ်။ အဲဒီအချိန်မှာ အဖေ့ကလည်း အမေ့နည်းတူ သူ့လက်ဖျံမှာ ကလောင်ပျော့ ရေးပါလေရော။ အဖေက မှင်နီရောင်။ အံတွေကြိတ်ပြီးဖိရေးနေမှန်းသိသာတယ်။ လက်ဖျံက အရေပြားတွေကို ကလောင်ပျော့နောက်တွန့် တွန့်ပါသွားတယ်။အမေနဲ့အဖေတို့ရဲ့တယ်လီဖုန်းနံပတ်တွေကြည့်ပြီး သူခွန်အားတွေပိုပြည့်လာသလိုလိုခံစားရတယ်။ နှမလေးကတော့ ဖိတ်စာကဒ်ပြားဟောင်းတစ်ခုကိုကတ်ကြေးနဲ့ညှပ်၊ အမေတို့ဖုန်းနံပတ်တွေရေး ပြီးတော့သူ့ဖုန်းနံပတ်လည်းရေးရင်း ကိုကို့သွေးအုပ်စုကဘီနော်လို့ သေချာအောင်လှမ်းမေးသေးတယ်။ အကို့ဆီကအေးသံမှမဆုံးသေးဘူးနှမလေးက လက်ရေးဝိုင်းစက်စက်လေးနဲ့ဘီလို့ထင်ထင်ရှားရှားရေးပြီးနေပြီ။ အဲဒီကဒ်လေးကို သူ့သင်တန်းကဒ်နဲ့လဲပြီး အကို့လည်ပင

အသက်ပေးသွားတဲ့အာဇာနည်ဆရာမကြီး ဒေါ်တင်နွဲ့ရီ ရဲ့ သမီး

Image
တော်လှန်ရေးအတွက်အသက်ပေးသွားတဲ့အာဇာနည်ဆရာမကြီး ဒေါ်တင်နွဲ့ရီ ရဲ့ သမီး ဆက်လက် တိုက်ပွဲဝင်နေ 🥺 လှိုင်သာယာသားတွေ စည်းလုံးချက်❤ #crd_to_owner

မတရားရိုက်နှိပ်စက်မှုကြောင့် ကျဆုံးသွားသော မောင်လင်းထက်

Image
ယနေ့(၁၁-၃-၂၀၂၁) မြတောင်စစ်ကြောင်းကို စစ်အာသိမ်းသူပုန်များ၏ နှစ်ဖက်ညှပ်ဝင်ရောက်ဖြိုခွဲခံရပြီး မတရားရိုက်နှိပ်စက်မှုကြောင့် ကျဆုံးသွားသော ညီငယ်လေးမှာ အမည်-မောင်လင်းထက် အသက်(၁၉)နှစ်၊ ဘူမိဗေဒကျောင်းသား အဖ-ဦးဇော်ဌေး+အမိ ဒေါ်ဌးဌေးမိ ဖြစ်ပြီး အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်(၉)လမ်း ထန်းတောရပ်ကွက်နေထိုင်သူဖြစ်ပါသည်။ ညီငယ်ကောင်းရာသုဂတိရောက်ပါစေ . Pyaë Nyeiñ Lynñ

အချိန်ကျပြီ

Image
၈၈ကဒီအချိန်တွေဆို ဂျင်ကလိ ဓါတ်ဆီပုလင်းတွေ နဲ့ကျွေးနေပြီ။ ဘာလို့အချိန်ကျလဲ အမေရိကန်နဲ့အီးယူက စိုးဝင်းကိုကျည်အစစ်နဲ့ပစ် တဲ့ကိစ္စနဲ့ပါတ်သက်ပြီးပြောတော့မပစ်ပါဖူးပြောတယ် မပစ်တော့ပဲရအောင်ဖမ်းတယ် ရိုက်တယ် တချို့ အရိုက်ခံရပြီးမျက်ကွယ်မှာသေတယ်။ မိန်းကလေးတွေမျက်ကွယ်မှာ မုဒိန်းကျင့်ခံရတယ် ဘယ်လိုမှလက်ခံနိုင်စရာမရှိဖူး ရပ်ကွက်ထဲဝင်လာရင်ပြန်ဝိုင်းပြီးချရမယ်။ လက်နက်ချရင်ချသလိုလွတ်ငြိမ်းခွင့်ပေးရမယ် လက်နက်မချရင်မချသလို ကြိတ်ရမယ်။ ကျည်အစစ်သုံးလို့ အသေအပျောက်ရှိရင် ချက်ချင်း လိုင်းပေါ်တင် ကမ္ဘာသိအောင်လုပ် မြို့အဝင်လမ်းတွေအကုန်ပိတ် မြို့တွင်းကျန်တဲ့မအလ လက်နက်ကိုင်တွေဆီကလက်နက်တွေရအောင်ယူ ပြည်သူ့စစ်ဖွဲ့ ကိုယ့်မြို့ကိုယ်ကာကွယ်ရမယ်။ တတိုင်းပြည်လုံး တချိန်ထဲတပုံစံထဲလုပ် အရေးကြီးဆုံးက လေယာဉ်ပြေးလမ်း ရဟတ်ယာဉ် အမြှောက် တင့်ကား ရှိတဲ့နေရာတွေ ရအောင်ဝင်စီး အပစ်ခံရရင် ကမ္ဘာသိအောင်လုပ် မအပ စိုးဝင်းရဲ့ လည်ပင်းကြိုးကွင်းစွပ်စေရမယ် ၈၈ကမကြေပွဲ နွေဦးတော်လှန်ရေးနဲ့အမြစ်ဖြတ်ကြ

ဝေနှင်းပွင့်သုန်က သက်သေခံထွက်ဆို(ရုပ်သံ)

ဒီနေ့ညမှာ ပြုလုပ်နေတဲ့  နိုင်ငံခြားရေးရာဌာန၊ US ဆီးနိတ်ကော်မတီဝင်များရဲ့ ရှေ့မှောက်မှာ ၈၈ ကျောင်းသား ကိုမြအေးရဲ့သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုအကြောင်းတွေကို မျက်မြင်သက်သေအဖြစ် သက်သေခံထွက်ဆိုသွားမှာဖြစ်ပါတယ်။