စစ်ရေးအရ အရေးယူမှသာအဆုံးသတ်နိုင်( ဘားနတ်ဟစ်ဘစ်)

f
စစ်ရေးအရ အရေးယူမှသာ မြန်မာပြည်ရဲ့အကျပ်အတည်း
အဆုံးသတ်နိုင်ဟု ဘားနတ်ဟစ်
ဘစ် ကသုံးသပ်>>
======================
အော့တဝါ -
မြန်မာနိုင်ငံ၏အ ကျပ်အတည်းသည် စစ်ရေးအရ အရေးယူမှသာ အဆုံးသတ်နိုင် 
သည်ဟု ကနေဒါနာမည်ကြီး ဥပဒေပါမောက္ခနှင့် သမိုင်းပညာ ရှင်ဘားနတ်ဟစ်ဘစ်
က ၎င်း၏အ မြင်ကို တွစ်တာ၌ ရေးသားခဲ့ သည်။
အာဏာသိမ်းတပ်မတော်၏ လုပ်ရပ်များက အာဏာစွန့်လွှတ် ရန် လုံးဝရည်ရွယ်ချက်
မရှိသည် ကို ရှင်းရှင်းလင်းလင်းပြသနေ ကြောင်း ဘားနတ်ဟစ်ဘစ်က တွစ်တာ၌ 
ရေးသားသည်။
‘‘အာဏာသိမ်းလုပ်ရပ်တွေ က အာဏာကိုပြန်စွန့်လွှတ်ဖို့ လုံးဝစိတ်ကူးမရှိဘူးဆိုတာ
ကို ပြတ်ပြတ်သားသား သတင်း စကားပါးနေတယ်။
ပြီးတော့ လမ်းမတွေပေါ်မှာ ပိုပြီးတော့ရက် ရက်စက်စက်နှိမ်နင်းတာ၊ အဓမ္မ ဖမ်းဆီးတာ
တွေနဲ့ ပြည်သူတွေနဲ့ ဂျာနယ်လစ်တွေကို တွေဝေမနေ ဘဲ ထိန်းသိမ်းတာတွေပိုလုပ်လိမ့် မယ်’’
ဟု ဘားနတ်ဟစ်ဘစ်က ပြောသည်။
ဆက်လက်၍ ဘားနတ်ဟစ် ဘစ်က-
‘‘မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီရဖို့ နေ့တိုင်းညတိုင်း သူတို့ရဲ့အသက်တွေကို စွန့်လွှတ် 
နေကြရပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ပြနေတယ်ဆိုတာကို ကမ္ဘာ့ခေါင်း ဆောင်တွေနဲ့ ကမ္ဘာ
တစ်ဝန်းကလူ တွေကို ကျွန်တော်သတင်းပါးချင် ပါတယ်’’
ဟု ပြောကြားသည်။
‘‘ကျွန်တော့်ထင်မြင်ယူဆ ချက်အရ လက်နက်ကိုင်တပ်တွေ ကသာ ဒီအကျပ်အတည်းကို
အ ဆုံးသတ်နိုင်ပါတယ်။
စစ်ရေးအရ အရေးယူဖို့ ကြန့်ကြာလေလေ သွေးထွက်သံယိုဖြစ်တာနဲ့သေ ဆုံးသူအရေအတွက်
 များလေ လေဖြစ်လိမ့်မယ်’’ဟု ၎င်းကပြော သည်။
ဘားနတ်ဟစ်ဘစ် (၆၂)နှစ် သည် ဥပဒေရေးရာ ပညာရှင်တစ် ဦးဖြစ်ပြီး လောလောဆယ်တွင်
 အမေရိကန်နိုင်ငံရှိ မစ္စဘာ့ဂ် ဥပဒေကျောင်းတက္ကသိုလ်၌ပညာ ရပ်များ ပို့ချနေသူဖြစ်သည်။
ထို့အပြင် ဘားနတ်ဟစ်ဘစ် သည် အွန်လိုင်းဥပဒေသတင်း ဌာန JURIST ၏ ထုတ်ဝေသူနှင့်
 အယ်ဒီတာအဖြစ် တာဝန်ယူထား သူဖြစ်သည်။
7DayNews

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️