Posts

Showing posts from March 23, 2023

ဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင်

Image
 ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မတ်လ ၁၈ ရက် နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိခဲ့စဉ်  ရွှေဥ မင်သဘာ၀ လှိုဏ်ဂူဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင် ဓာတ်ပုံရိုက်ကူး ဝါဒ ဖြန့် ခဲ့ကြောင်း ဘုရားဖူး ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။  မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်းသည် ရှမ်းပြည်နယ် ပင်းတယမြို့သို့ သွားရောက်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ရွှေဥမင် သဘာ၀ လှိုဏ်ဂူ ဘုရားကိုလည်း သွားရောက်စဉ် ဘုရားဖူးပြည်သူများကို  ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းနောက်စိုးဝင်းက သူ့ကို ပြည်သူများက နှုတ်ဆက်နေသည့်ပုံစံမျိုး လိုက် လံနှုတ်ပြီး ဝါဒဖြန့် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။  "ဘုရားကလည်း ရွှေဥမင် သဘာ၀ လှိုဏ်ဂူဘုရားဆိုတော့ ဂူဘုရားပုံစံ။ ဝင် ပေါက် ထွက်ပေါက်ပဲရှိတာကို စစ်သားတွေနဲ့ ပိတ်လိုက်တယ်။ အထဲက ပြည်သူ ကလည်း ထွက်မရ၊ အပြင်ကလူကလည်း ဝင်မရတဲ့အခြေအနေမှာ စိုးဝင်းက ဝင်လာပြီး သူ့ကိုပဲ နှုတ်ဆက်သလိုလို လုပ်တယ်" ဟု ဘုရားဖ...

မင်းလှအခြေစိုက် ခလရ(၁)တပ်က စစ်သား၃ဦး လက်နက်တွေယူကာ ထွက်ပြေး

Image
မင်းလှ မတ်၂၃ ၂၀၂၃ Tharyarwaddy 8 City  ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ် ခလရ(၁)တပ်ရှိ စစ်သား၃ဦးမှာ ယနေ့နံနက် အစောပိုင်းက လက်နက်တွေယူကာ ထွက်ပြေးသွားကြောင်း သိရသည်။  အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် အမှတ်(၁) ခြေလျင်တပ်ရင်းတွင် အချုပ်ကျနေသော စစ်သား၁ဦးအား မတ်လ၂၃ရက် ယနေ့နံနက် ၃နာရီခန့်တွင် ကင်းတာဝန်ကျစစ်သား ၂ဦးမှ အချုပ်တံခါးအား ဖြတ်ဆီး၍ အပြင်သို့ခေါ်ထုတ်ကာ သေနတ်၃လက်နှင့် ကျည်ဆန်များ ယူကာ ထွက်ပြေးခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။ "ဒီမနက်၃နာရီလောက်က ခလရ၁တပ်မှာ အချုပ်ကျနေတဲ့ စစ်သားကို ကင်းကျနေတဲ့စစ်သား၂ယောက်က အချုပ်ခန်းတံခါးကို သော့အတုနဲ့ တိတ်တိတ်ကလေးဖွင့်ပြီး ခေါ်ထုတ်ဖို့လုပ်နေတာ အဲ့ဒါကို မုဒိန်းမှုနဲ့ အချုပ်ကျနေတဲ့ ထွန်းနိုင်ဆိုတဲ့ စစ်သားက သိပြီးအော်ခေါ်တော့ ကျန်သူတွေပါနိုးလာတာပေါ့ အဲ့မှာ ဟိုစစ်သားတွေက အဖမ်းခံရမှာ စိုးလို့ထင်ပါတယ် တံခါးကို ကြုံသလိုဖြတ်ပြီး သေနတ်၃လက်ပါ ယူထွက်ပြေးတာ မနက်ကတော့ ရိုးမဘက်ကိုထွက်ပြေးတယ်ဆိုပြီး တောနင်းရှာနေကြတယ်"ဟု ခလရ(၁) တပ်သတင်းရင်းမြစ်က Tharyarwaddy 8 City ကိုပြ...

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ၆၀ကျော်ဖြင့် ပြန်လည်ထွက်ပြေး

Image
အင်အား ၁၅၀နှင့် မြောင်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ ၆၀ကျော်ဖြင့် ပြန်လည်ထွက်ပြေးရ   CJ Platform   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ပါ စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာရာတွင် ၆၀ ကျော်သာကျန်ရှိတော့သည်ကို ဒရုန်းများဖြင့် ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု Myaung PDF CDSOM မှ တာဝန်ရှိသူ ကိုနွေဦးက CJ Platform သို့ပြောကြားသည်။ စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် စစ်ကိုင်း တိုင်းအတွင်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်း ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်နေသည့် အကြမ်းဖက် စစ်ကြောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း ဒေသခံများက ပြောကြားထားသည်။ “၁၅ ရက်နေ့ကစပြီးစစ်ကြောင်းထိုးနေတာ၊ အဲ့ဒီရက်မှာပဲ ခွေး ၈ ကောင်သေတယ်။ ၁၆ ရက်နေ့မှာ ၉ ကောင်သေတယ်။ ၂၁ ရက်ညမှာ ၁၉ ကောင်သေတယ်။ အလာတုန်းက ၁၅၀ ကျော်၊ ဒီနေ့ဒီကောင်တွေ စစ်ကြောင်းပြန်ဆုတ်တော့ ၆၀ကျော်ပဲတွေ့ရတော့တယ်” ဟု ကိုနွေဦးက ပြောကြားသည်။ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး သေ ဆုံးခဲ့ပြီး၊ အ...

ဘောမခွေးတွေကိုက်နေပြီရေမလောင်းကြနဲ့

Image

စစ်ခေါင်းဆောင်ကြီး အတွက် နောက်ထပ် အိမ်မက်ဆိုး

Image
ယင်းသည်က ယခု လာမည့် မေလ အတွင်း ကျင်းပရန် ရှိနေသည့် ထိုင်း နိုင်ငံ ရွေးကောက်ပွဲပင် ဖြစ်သည်။ ထိုင်း ပါလီမန်အား တနင်္လာနေ့က ဖျက်သိမ်းလိုက်ပြီ ဖြစ်၍ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ကို ၄၅ ရက် မှ ရက် ၆၀ အတွင်း ပြုလုပ်ပေးရမည် ဖြစ်သည်။ လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် ဖြစ်ခဲ့သူ ထိုင်းဝန်ကြီးချုပ် ပရာရွတ်အား ထောက်ခံနေမှု များ တဖြေးဖြေး ကျဆင်းလာနေပြီလည်း ဖြစ်သည်။ ပရာရွတ်သည် မင်းအောင်လှိုင်ကဲ့သို့ပင် ၂၀၁၄ တွင် အမျိုးသမီး တဦး ထံမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့သူ ဖြစ်သည်။ ထိုင်းရှိ မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများမှ မင်းအောင်လှိုင်အား လက်ရှိ ထိုင်းအစိုးရမှ ထောက်ခံနေခြင်းများ အဆုံးသတ်သွားမည်ဟု တွက်ဆနေကြသည်ဟု အယ်ဂျာဇီယား တွင် ဖေါ်ပြထားသည်။ ထိုင်း အတိုက်အခံများ အာဏာရလာမည်ဆိုက အမျိုးသား ညီညွတ်ရေး အစိုးရ အား ထောက်ခံလာဖွယ် ရှိပြီး အမေရိကန် နှင့် လည်း အပြည့်အဝ ပူးပေါင်းလာကြမည်ဟု မျှော်လင့်နေသည်။ မြန်မာ နှင့် ပတ်သက်ပြီး လက်ရှိ ထိုင်းအစိုးရ၏ မူဝါဒသည် သုံးစားမရ ဖြစ်နေ၍ ရွေးကောက်ပွဲ သည် ယင်း မူဝါဒ အား ပြန်လည် တည့်မတ်ပေးနိုင်မည့် တခုတည်းသော အခွင့်အလန်း ဖြစ်သည်ဟု ချုလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္...

တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ

Image
By  လမ်းသစ် “ စစ်ကောင်စီကို   မြန်မာနိုင်ငံရဲ့   မှန်ကန်သင့်တော်တဲ့   အစိုးရတစ်ရပ်အဖြစ်   သတ်မှတ်ဖို့   ဆိုတာဟာ   ဘယ်လိုမှ   ကျိုးကြောင်းဆီလျော်တဲ့   ကိစ္စမဟုတ်ပါဘူး ” .... ------------------- ဒါကတော့   ကုလသမဂ္ဂရဲ့     မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ   အထူးအစီရင်ခံစာ   တင်သွင်းသူ   တွမ်အန်ဒရူး  (Tom Andrews)  က   ပြီးခဲ့တဲ့လအတွင်းမှာ   ကျင်းပခဲ့တဲ့   လူ့အခွင့်ရေးကောင်စီ  Conference Room Paper  ကိုမိတ်ဆက်တဲ့   ကုလသမဂ္ဂ   အခမ်းအနားတခုအတွင်းမှာ   ပြောကြားခဲ့တာပါ။   အကြမ်းဖက်   စစ်ကောင်စီဟာ   ကိုယ့်ပြည်သူပြည်သားတွေကို   ရက်ရက်စက်စက်   အကြမ်းဖက်   သတ်ဖြတ်နေပြီး၊ မြန်မာပြည်သူတွေကလည်း   စစ်ကောင်စီကို   အစိုးရအဖြစ်   ဘယ်တုန်းအခါကမှ   သတ်မှတ်ခဲ့တာ   မရှိကြောင်းကိုလည်း   ၄င်းကထည့်သွင်း   ပြောဆိုခဲ့ပါတယ်။   နိုင်ငံတကာအစိုးရများအနေနဲ့   စစ်ကောင်စီရဲ့   တရားဝင်မှု   ရရှိအောင်  ...