တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ

By လမ်းသစ်


စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ မှန်ကန်သင့်တော်တဲ့ အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဖို့ ဆိုတာဟာ ဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ပါဘူး” ....

-------------------


ဒါကတော့ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andrews) က ပြီးခဲ့တဲ့လအတွင်းမှာ ကျင်းပခဲ့တဲ့ လူ့အခွင့်ရေးကောင်စီ Conference Room Paper ကိုမိတ်ဆက်တဲ့ ကုလသမဂ္ဂ အခမ်းအနားတခုအတွင်းမှာ ပြောကြားခဲ့တာပါ။ 



အကြမ်းဖက် စစ်ကောင်စီဟာ ကိုယ့်ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေပြီး၊မြန်မာပြည်သူတွေကလည်း စစ်ကောင်စီကို အစိုးရအဖြစ် ဘယ်တုန်းအခါကမှ သတ်မှတ်ခဲ့တာ မရှိကြောင်းကိုလည်း ၄င်းကထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 


နိုင်ငံတကာအစိုးရများအနေနဲ့ စစ်ကောင်စီရဲ့ တရားဝင်မှု ရရှိအောင် လီဆယ်ကြိုးပမ်းမှု မှန်သမျှကို သတိရှိကြဖို့နဲ့စစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုရာ ရောက်တဲ့ ဘယ်ပူးပေါင်းဆောင်ရွက်တာမျိုးကိုမဆို မလုပ်ဆောင်ဖို့ တို့ကို တိုက်တွန်းကြောင်းကိုလည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါတယ်။


အထူးသဖြင့် စစ်ကောင်စီဟာ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုတခုကို လုပ်ဆောင်နေတဲ့ တရားမဝင် စစ်အုပ်စုတခုသာဖြစ်ကြောင်း နိုင်ငံတကာကို တင်ပြဆွေးနွေးသွားခဲ့ပြီး၊ စစ်‌ကောင်စီအား မည်သည့်နည်းလမ်းနှင့် ချိန်ထိုးကြည့်သည်ဖြစ်စေ တရားဝင်မှု မရှိသည့် အဖွဲ့အစည်းသာ ဖြစ်ကြောင်းကို အထောက်အထားများနဲ့တကွထောက်ပြဆွေးနွေးသွားခဲ့အတွက် အဆိုပါဆွေးနွေးခဲ့မှုများကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါတယ်။

--------------------


ဒီကနေ့မှာတော့ (မြန်မာစစ်အုပ်စုတရားဝင်မှုနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဖတ်ကြားသွားပါ့မယ်။    

  

ဥပဒေချိုးဖောက်မှုနဲ့ တရားမဝင်မှု : မြန်မာစစ်အုပ်စု က ၎င်းတို့သာ တရားဝင် အစိုးရဖြစ်ကြောင်း ကြွေးကြော်မှုနဲ့နိုင်ငံတကာတုန့်ပြန်မှုတွေကို ဆန်းစစ်လေ့လာခြင်း” လို့ အမည်ပေးထားပါတယ်။    

     

ဒါကြောင့်မို့ ဒီမှာရှိနေတဲ့ လေ့လာသူအားလုံးကို တိုက်တွန်းချင်တာကတော့ ခင်ဗျားတို့အနေနဲ့ “တရားဝင်မှု” နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အသားပေး လေ့လာချင်တာပဲ ဖြစ်ဖြစ် သာမန်ကာလျှံကာ နားလည်ချင်တာပဲ ဖြစ်ဖြစ်ရှုထောင့်အစုံကနေ ကြည့်သင့်ပါတယ် ဆိုတာပါပဲ။


တရားဝင်မှုလို့ ပြောတဲ့အခါ စစ်အုပ်စုရဲ့ သူတို့ဘာသာ ချမှတ်ထားတဲ့ တရားဝင်မှုဆိုင်ရာ စံချိန်စံညွှန်းတွေကိုလေ့လာဖို့ လိုအပ်သလို ကျွန်တော်တို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားဝင်မှုနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေကိုပါ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။    

                                                                                                                                                                                                        

ကျွန်တော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားဝင် ဖြစ်မှု၊ မဖြစ်မှုကို ဘယ်လိုစံချိန်စံညွှန်းတွေနဲ့ ချိန်ညှိ ထောက်ခံလေ့ရှိသလဲ ဆိုတာကိုပါ ထည့်သွင်း စဥ်းစားရမှာပါ။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို တရားဝင်မှု ရှုထောင့်ကနေ စစ်ဆေးအကဲဖြတ်ချင်ပါတယ်။ 


ဒါကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာစစ်အုပ်စုရဲ့ တရားဝင်မှု ရှိသယောင် ဟန်ဆောင် သရုပ်ပြနေမှုတွေကို  ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ မတော်တဆ ဖြစ်စေ ပံ့ပိုးကူညီနေကြသလား ဆိုတဲ့‌ မေးခွန်းကို အဖြေရှာချင်တာဖြစ်ပါတယ်။


မြန်မာစစ်တပ်က အခုလို သူတို့ကိုယ် သူတို့ တရားဝင်အစိုးရ ဖြစ်တယ်လို့ လိမ်ညာကြွေးကြော်နေတာဟာပြည်သူလူထုကို မတရားဖိနှိပ်ဖို့ အသုံးချနေတဲ့ ဝါဒဖြန့်ချိရေး လက်နက်တစ်ခုသာ ဖြစ်ပါတယ်။ 


သူတို့ဟာ ပြည်သူတွေအတွက် ဘယ်လောက်အရေးပါကြောင်းနဲ့  သူတို့ကို ဆန့်ကျင်နေသူတွေဟာ ဘယ်လိုပြစ်ဒဏ်ခံရမယ် ဆိုတာမျိုး  ဝါဒမှိုင်းတိုက်ဖို့ အတွက် အခုလို တရားဝင်ကြောင်း ကြွေးကြော်နေကြတာ ဖြစ်တယ်။


ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နားလည်ထားရမှာက မြန်မာစစ်အုပ်စုကို တရားဝင်မှု ရှိတယ်၊ မရှိဘူး ဆုံးဖြတ်ပေးဖို့က သိပ်ကို အရေးကြီးတဲ့ သတိကြီးကြီးထား ကိုင်တွယ်ရမယ့် အရေးကိစ္စပဲ ဖြစ်တယ်။


ဒီအစီရင်ခံစာက အဲဒီ့အကြောင်းအရာတွေကို လေ့လာဖော်ပြထားတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး တရားဝင်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို တင်ပြပါ့မယ်။ 


စစ်အုပ်စုအပေါ် တရားဝင်မှု ရှိမရှိ ဆုံးဖြတ်တဲ့နေရာမှာ ဘယ်စံချိန်စံညွှန်းနဲ့ပဲ ချိန်ညှိကြည့်ပါ‌စေ အာဏာသိမ်းတဲ့လုပ်ရပ်ဟာ သူတို့ကိုယ်တိုင် စိတ်ကြိုက်ပြဌာန်းထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေကိုတောင်ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ရာ ရောက်တယ်ဆိုတာ အထင်အရှား မြင်တွေ့ရမှာပါ။


ဒီနေရာမှာ ပြည်တွင်းဖွဲ့စည်းပုံ အခြေခံဥပ‌ဒေဆိုင်ရာ ကိစ္စရပ်တွေကို ဆန်းစစ်ခြင်းအပြင် နိုင်ငံတကာ တရားဝင်မှုနဲ့ပတ်သက်ပြီး အဓိက အချက်  ချက်နဲ့ တိုက်ဆိုင် စစ်ဆေးပါတယ်။ 


ကျွန်တော်အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို မေးခွန်း (ခု မေးပါတယ်။


နံပါတ် ၁။ သူတို့မှာ (မြန်မာစစ်အုပ်စုမှာလက်ရှိနိုင်ငံကို ထိထိရောက်ရောက်ရောက် ထိန်းချုပ်နိုင်စွမ်း ရှိသလား။


နံပါတ် ၂။ သူတို့မှာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥ‌ပဒေ ဆိုင်ရာ တရားဝင်မှုရှိသလား။


နံပါတ် ၃။ သူတို့ဟာ ပြည်သူလူထုကို တရားဝင် ကိုယ်စားပြုနိုင်သူတွေလား။


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်မှုကို စကြည့်လိုက်ရအောင်...

ဒီအချက်ဟာ သူတို့အနေနဲ့ တရားဝင်မှု ရှိ၊ မရှိ အဆိုပြုရာမှာ မင်းအောင်လှိုင် စွဲကိုင်ပြလေ့ရှိတဲ့ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီနေမှသာ အစိုးရတစ်ရပ်ကို အာဏာအပ်နှင်းသင့်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်မှု ကဏ္ဍမှာ အတိအလင်း ဖော်ပြထားပါတယ်။ 


တကယ်တမ်းတော့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ခေါ် စစ်ကောင်စီဟာ အခုဆက်လက်ဖော်ပြမယ့် အမူအကျင့်တွေကို ထပ်တလဲလဲ ပြုလုပ်နေတာပါ။ စစ်အုပ်စုရဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ သူတို့လေသံအတိုင်းပြန်ပြောရရင်


စစ်ကောင်စီဟာ (၂၀၀၈နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက စည်းမျဥ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ တရားဝင်မှုကို သံသယဖြစ်စရာ မလိုပါဘူး” လို့ အမြဲပြောပါတယ်။


တကယ့်လက်တွေ့မှာတော့ မြန်မာစစ်တပ်ဟာ (သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကိုလုံးဝ လေးစား လိုက်နာခြင်း မရှိခဲ့ပါဘူး။ 


ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုဟာ အခြေခံဥပ‌ဒေကို ဖောက်ဖျက်ပြီး သမ္မတ ဦးဝင်းမြင့်ကို ရာထူးက ဖယ်ရှားခဲ့သလို ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ ဒု-သမ္မတကို သမ္မတတာဝန် ပေးအပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲထား တဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေရဲ့ ပုဒ်မ ၄၁၇ အရ 


၁။ သမ္မတ တစ်ဦးတည်းကသာ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာပိုင်ခွင့်ရှိရမယ် 


၂။ ဒီလိုကြေညာချက်မျိုးကို နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီးမှသာ ထုတ်ပြန်ရမယ်


၃။ ပြည်ထောင်စု လွှတ်တော်ကို အကြောင်းကြားပြီးမှသာ ကြေညာခွင့်ရှိရမယ် 


လက်တွေ့မှာလည်း အထက်ပါအချက်  ချက်စလုံးနဲ့ လုံးဝ ကိုက်ညီမှုမရှိခဲ့ဘူး။ (၄င်းတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲခဲ့သော ဥပဒေကို ၄င်းတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး၊ အရေးပေါ်အခြေအနေ ကြေငြာကာ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်) 


ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ  ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားတဲ့နေ့မှာ စစ်တပ်အရာရှိနှစ်ဦးက သမ္မတ ဦးဝင်းမြင့်ကို နှုတ်ထွက်ဖို့ လာပြောခဲ့ပါတယ်။


ဘာလို့လဲဆိုတော့ သူ့ထွက်ဆိုချက်အတိုင်း ပြန်ပြောရရင် စစ်အရာရှိတွေက သူ့(သမ္မတ)ကျန်းမာရေး အခြေအနေဆိုးရွားနေတယ်လို့ အကြောင်းပြကာ နှုတ်ထွက်ပေးဖို့ သူ့ကို ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တယ်။


ဒါပေမဲ့ တကယ်တမ်းမှာ သမ္မတရဲ့ ကျန်းမာရေးက အကောင်းကြီး ရှိသေးတယ်။ ဒါ့ကြောင့် သေချင်သေပါစေ သူတို့တောင်းဆိုတာကို မလုပ်နိုင်ဘူးလို့  သူငြင်းခဲ့တယ်လို့ ဆိုပါတယ်။


အဲသလို ငြင်းဆန်တာကြောင့်ပဲ မြန်မာစစ်တပ်ဟာ သူ့ကို ဖမ်းဆီးခဲ့တယ်။ ပြီးတာနဲ့ သူတို့အလိုကျ လုပ်ကိုင်ပေးနိုင်မယ့်သူဖြစ်တဲ့ စစ်တပ်ခန့် ဒုသမ္မတတစ်ဦးကို သမ္မတနေရာမှာ ခန့်လိုက်တာပဲ ဖြစ်တယ်။


ဒီတော့ သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို ပြန်ကြည့်လိုက်ရင် ပြည်ထောင်စု လွှတ်တော်တစ်ခုတည်းကသာ လက်ရှိသမ္မတကို ဖယ်ရှားရေးအတွက် စွဲချက်တင်နိုင်ပြီး နောက်ဆုံးမှာ (သမ္မတနဲ့ ပတ်သက်တဲ့ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ အဆုံးအဖြတ်ကိုလည်း လွှတ်တော်ကပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ 


ဒါပေမဲ့ တကယ်တမ်းမှာတော့ (သမ္မတဦးဝင်းမြင့်ကို တရားမဝင် ဖယ်ရှားခဲ့စဥ်ကဒီအချက်တွေအတိုင်းကျင့်သုံးဖို့ နေနေသာသာ လွှတ်တော်ကျင်းပခွင့်တောင် မပြုခဲ့ပါဘူး။ 


ဒါနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ကျွန်တော့် အစီရင်ခံစာမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသားထားပါတယ်။


ဒါပေမဲ့ သေချာတာကတော့ စစ်အုပ်စုဟာ မတရား အာဏာသိမ်းဖို့အတွက် သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့မြန်မာနိုင်ငံရဲ့ သမ္မတကို ဖယ်ရှားခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုတောင် လိုက်နာ ဆောင်ရွက်ခြင်း အလျဥ်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ ကောက်ချက်ချပါတယ်။ 


ဒါတွေအပြင် စစ်ကောင်စီ (SAC) ဟာ ဥပေဒအရ တရားဝင် မှန်မှန်ကန်ကန် ရွေးကောက်ထားတဲ့ အမတ်လောင်းတွေနဲ့ ဥပဒေပြုလွှတ်တော်ကိုလည်း ထပ်မံအပြစ်ဖို့ခဲ့ပါတယ်။


ဆိုလိုတာက တကယ့်ကို မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုတောင် သူတို့စကားအတိုင်းပြန်ပြောရရင် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆုံးရှုံးစေတယ်” လို့ သုံးနှုန်းကာ စစ်ကောင်စီက အပြစ်တင်ခဲ့တာပါ။ 


ပြည်သူတွေက ရွေးချယ်တင်မြောက်ခဲ့တဲံ့ NLD အစိုးရကို မြန်မာ့အချုပ်အခြာ အာဏာကွယ်ပျောက်စေခဲ့သူလို့ လို့စွပ်စွဲခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့ စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်မခံလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။  ဒီစွပ်စွဲချက်တွေက မှားယွင်းပြီး လုံးဝအခြေအမြစ်မရှိတဲ့ ထင်ကြေးတွေပဲ ဖြစ်တယ်။


အခုအခါမှာတော့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေဟာ အခြားပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်များနဲ့ ပူးပေါင်းကာ ရွေးကောက်ပွဲအတွင်း  မမှန်ကန်တဲ့ လုပ်ရပ်တွေကို စီစစ်အကဲဖြတ်ဖို့ ဗလိုအလုပ် အမှုဆောင်အဖွဲ့တစ်ခု ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။


ဒီအဖွဲ့က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြဿနာတွေအပေါ် မကျေမလည် ဖြစ်မှုတွေကို ဆန်းစစ်အဖြေရှာကြတာပါ။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲအပေါ် တုံ့ပြန်ပုံတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီ့ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျခဲ့တယ်လို့ သူတို့ ကောက်ချက်ချခဲ့ပါတယ်။


ဒါ့ကြောင့်မို့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို ဖွဲ့စည်းပုံအခြေခံဥပ‌ဒေမှာ မဖော်ပြထားတဲ့ အာဏာသိမ်းမှု ပုံစံမျိုးနဲ့ နှောင့်ယှက်ဖျက်ဆီးကာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ တရားမဝင် ရယူလိုက်တာပဲဖြစ်တယ်။ ဒီ (စစ်ကောင်စီ)လုပ်ရပ်မျိုးဟာ ဒီမိုကရေစီနည်းအရသာမက ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်အနေနဲ့ပါ တရားဝင်မှု လုံးဝ လုံးဝ မရှိပါဘူး။ 


ဒီနေရာမှာ သေချာပေါက် ပြောနိုင်တာတစ်ခုကတော့ အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီ (SAC) ဟာအကြမ်းဖက် သတ်ဖြတ်မှုတွေကို မဆင်မခြင် လုပ်ဆောင်နေခဲ့တာတောင် နိုင်ငံကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘဲ အစိုးရတစ်ရပ် ဖြည့်ဆည်းပေးရမယ့် အခြေခံအကျဆုံး လုပ်ငန်းဆောင်တာတွေကိုတောင် ပိုင်ပိုင်နိုင်နိုင် မဖြည့်ဆည်း နိုင်ပါဘူး။ 


ဒါကြောင့် စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ မှန်ကန်သင့်တော်တဲ့ အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဖို့ ဆိုတာဟာဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ပါဘူး ဆိုတာကို တင်ပြလိုပါတယ်။


(ဆက်လက်ဖော်ပြပါမည်)


Conference Room Paper အားမိတ်ဆက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အခမ်းအနားတခုအတွင်းစစ်ကောင်စီ၏ တရားမဝင်မှုကို ရှင်းလင်းထောက်ပြ ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andrews) ၏ဆွေးနွေးတင်ပြချက်များကို ဒုတိယအပိုင်းအနေနှင့်ဆက်လက်တင်ဆက်လိုက်ပါသည်။

--------------


ဆက်လက်ပြီး တရားဝင်မှု၊ အထူးသဖြင့် ဒီမိုကရေစီနည်းကျ တရားဝင်မှုဆိုင်ရာ စံနှုန်းတွေနဲ့ ပတ်သက်ပြီးဆက်လက်ဆွေးနွေးသွားပါမယ်။


ဒီနေရာမှာ သေချာတာ တခုကတော့  စစ်ကောင်စီဟာ ဒီမိုကရေစီနည်းကျ တရားဝင်မှုရှိတယ်လို့ ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ဘူး။ 


နောက်တစ်နည်းပြောရရင်.. ရွေးကောက်ပွဲတွေကတဆင့် ပြည်သူလူထုရဲ့ ထောက်ခံရွေးချယ်မှုနဲ့ ကိုယ်စားပြုနိုင်စွမ်း စစ်ကောင်စီမှာ လုံးဝမရှိပါဘူး။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစိုးရခေါင်းဆောင်အဖြစ် ပြည်သူလူထုက ဘယ်တုန်းကမှ မသတ်မှတ်ခဲ့သလို၊ မြန်မာပြည်သူတွေက မြန်မာစစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာ ဘယ်တုန်းကမှ  မပေးအပ်ခဲ့ဖူးပါဘူး။ 


တနည်းပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက မဲဆန္ဒရလဒ်တွေကို ကြည့်ရင် စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ကိုယ်ခွဲပါတီတွေကို တိုင်းပြည်အုပ်ချုပ်ဖို့ ပြည်သူတွေက ဘယ်တုန်းကမှ အဆိုမပြုခဲ့ပါဘူး။ 


ဒါကို မြန်မာစစ်တပ်ရဲ့ ကိုယ်ခွဲ နိုင်ငံရေးပါတီ တနည်းအားဖြင့် စစ်တပ် ကျောထောက်နောက်ခံပြု ပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၇၆ နေရာမှာ ၃၃ နေရာသာ ရရှိခဲ့တာကို ကြည့်ရင်တွေ့မြင်နိုင်မှာပါ။။


ပြီးခဲ့တဲ့ ၁၂ နှစ်ကျော် ကာလတွေတုန်းကမှ မြန်မာနိုင်ငံမှာ အတိုက်အခံပါတီတွေကို ပြည်သူလူထုရဲ့ တရားဝင်ကိုယ်စားပြုသူတွေအဖြစ် စတင် အသိအမှတ်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး နိုင်ငံတစ်ဝှမ်းက အခြေအနေတွေကို စတင်လေ့လာသုံးသပ်ခဲ့ကြပြီး အတိုက်အခံအုပ်စုတွေကို တရားဝင် ကိုယ်စားလှယ်တွေအဖြစ် စတင်အသိအမှတ်ပြုပေးခဲ့ကြတာပါ။


အချုပ်ပြောရရင် (တရားဝင်မှု ရရှိဖို့အချက်  ချက် နဲ့ ကိုက်ညီဖို့ လိုပါတယ်။ ဒါတွေကတော့ 


၁။ လက်ရှိအစိုးရ (တာဝန်ထမ်းဆောင်ဆဲအစိုးရမှာ တရားဝင်မှု မရှိတော့ဘူး။ (ဒါကတော့ အားလုံးနားလည်ထားတဲ့ အချက်ပါပဲ)


၂။ အတိုက်အခံအဖွဲ့တွေကလည်း ပြည်သူတွေကို ကိုယ်စားပြုနိုင်သူတွေ ဖြစ်ရမယ်။


၃။ ပြည်သူအများကို လွှမ်းခြုံ ကိုယ်စားပြုနိုင်ခွင့် ရှိရမယ်။ 


၄။ သူ့မှာ ရေရှည် တည်တံ့နိုင်ခြေ ခိုင်ခိုင်လုံလုံ ရှိရမယ်။  


စစ်ကောင်စီမှာ ဒီအချက်  ချက်လုံး မရှိပါဘူး။ တာဝန်ထမ်းဆောင်ဆဲ NLD ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချလိုက်ပေမဲ့ ပြည်သူတွေရဲ့ အမြင်မှာ သူတို့ကို(NLD) တရားဝင်အစိုးရအနေနဲ့ မှတ်ယူထားဆဲပါ။  

တကယ်တမ်းမှာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမှုကို NLD အစိုးရက၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် အများကြီး ပိုရခဲ့တာပါ။ 


အခြေခံအားဖြင့် စစ်ကောင်စီဟာ ပြည်သူအများစုကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားမပြုနိုင်ခဲ့သလို  အားလုံးပါဝင်ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်းတခုလည်း မဟုတ်ပါဘူး။  ဒါကြောင့် သူတို့မှာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုနိုင်စွမ်း လုံးဝ လုံးဝ မရှိပါဘူး။


စစ်ကောင်စီရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံအတွင်းမှာ စစ်တပ်ကသာ အာဏာအရှိဆုံး အဖွဲ့အစည်းတစ်ခုအဖြစ်ထာဝစဥ် ရပ်တည်ရေးအတွက် အများအမြင်မှာ ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အသွင်အနေနဲ့  ဗမာလူမျိုးကြီးဝါဒ ခိုင်မာအမြစ်တွယ် သွတ်သွင်းရေး တို့ပဲ ဖြစ်ပါတယ်။ 


သူတို့ကို (စစ်ကောင်စီနောက်ထပ်စံနှုန်းတစ်ခုဖြစ်တဲ့ တိုင်းပြည်ကို ထိထိရောက်ရောကိ ထိန်းချုပ်နိုင်စွမ်း(effective control) ရှိသလား ဆိုတာနဲ့ ချိန်ထိုး ဆန်းစစ်ကြည့်ရအောင်...


ဒီစံနှုန်းအရ

၁။ အစိုးရတစ်ရပ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ နယ်မြေအားလုံးနီးပါးကို ထိရောက်တဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့အခါ 


၂။ အဲဒီနယ်မြေတွေရဲ့ ဒေသခံအများစုက ဒီအစိုးရရဲ့ ဦးဆောင်မှုကို ပုံမှန်လိုက်နာဆောင်ရွက်တဲ့အခါ


၃။ သူ့မှာ ရေရှည် တည်တံ့နိုင်တဲ့ အလားအလာ အခိုင်အမာ ရှိတဲ့အခါ….. 


အဲ့ဒီအစိုးရကို တရားဝင် အသိအမှတ်ပြုသင့်ပါတယ်။ ဒီအချက်  ချက်နဲ့ တိုင်းတာ စစ်ဆေးလို့ ရပါတယ်။


နယ်မြေစိုးမိုးနိုင်မှု.... စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်းက နယ်မြေအများစုကို စိုးမိုးထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။တနည်းပြောရရင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို စီမံအုပ်ချုပ်နိုင်တဲ့ တစ်ဦးတည်းသော အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။


တကယ်တော့ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာ အများစုရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တွေနဲ့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ERO တွေဟာ  မြန်မာစစ်တပ်ကို အားကြိုးမာန်တက် တော်လှန်နေကြသလို တချိန်တည်းမှာပဲ သူတို့ရဲ့ ခြေကုပ်နယ်မြေတွေကို အဆက်မပြတ် တိုးချဲ့နေကြတာပါ။


ဒီကနေ့မှာ စစ်ကောင်စီဟာ အရင် ရန်ကုန် နဲ့ နေပြည်တော် အခြေစိုက်အစိုးရ တွေထက် နယ်မြေစိုးမိုးနိုင်မှု သိသိသာသာ ကျဆင်းလာပါတယ်။ 


လက်ရှိမြန်မာ့နယ်မြေ အများစုကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေကို အုပ်စုခွဲကြည့်မယ်ဆိုရင်


၁။ SAC ကို ဆန့်ကျင်တော်လှန်နေတဲ့ ERO အဖွဲ့တွေနဲ့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေကြတဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ထိန်းချူပ်ရာဒေသ


၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အုပ်ချုပ်ရာဒေသ


၃။ SAC နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ ERO အဖွဲ့တွေနဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးရာဒေသ


၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေ ခြေကုပ်ယူထားတဲ့နေရာ


၅။ တိုက်ပွဲပြင်းထန်တဲ့ ‌ဒေသတွေ.....စသဖြင့် အုပ်စုတွေ ထွက်ပေါ်လာပါတယ်။


ERO အခြေစိုက်နေရာဌာနတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခလေ့လာချက်တွေအရ အာဏာသိမ်းပြီးကတည်းက ERO အများအပြားဟာ သူတို့ရဲ့ စစ်ဆင်ရေးနယ်ပယ်တွေကို ချဲ့ထွင်နိုင်ခဲ့တယ်လို့ အခိုင်အမာ ဖော်ပြကြပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မကြာသေးမီက ပေါက်ကြားလာတဲ့ မှတ်တမ်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီရဲ့  အရာရှိကြီးများသာ တက်ရောက်နိုင်တဲ့ (တံခါးပိတ်လုံခြုံရေး အစည်းအဝေးမှတ်တမ်းမှာ သူတို့ကိုယ်တိုင် ဝန်ခံထားပြီးသား ဖြစ်ပါတယ်။


တံခါးပိတ်အစည်းအဝေး ဆိုတာကတော့ စစ်ကောင်စီ အရာရှိတွေချည်း သီးသီးသန့်သန့် ပြုလုပ်တဲ့ နိုင်ငံတော်အဆင့် အခမ်းအနားမျိုး ဖြစ်ပါတယ်။


အဲဒီ့မှာ သူတို့ရဲ့ နယ်မြေအုပ်စိုးမှု ယိုယွင်းပျက်ပြားလာရုံတင်မကဘဲ တော်လှန်ရေး အင်အားစုတွေရဲ့ အောင်မြင်မှုတွေကြောင့်ပါ စိုးရိမ်သောကရောက်နေကြပြီး ပိုမိုထိတ်လန့်လာတယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် သူတို့တွေက (စစ်ကောင်စီ) PDF တွေရဲ့ လုပ်နိုင်စွမ်းအားတွေ နဲ့ စစ်ဆင်ရေးမှာ ထိန်းချုပ်နိုင်စွမ်းအားကောင်းလာတာနဲ့အမျှ ၂၀၂၃ မှာလည်း PDF တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အရှိန်မလျှော့ဘဲ ဒီနှုန်းအတိုင်း ဆက်လက်သွားနေအုန်းမယ်လို့ ခန့်မှန်းကြတယ်လို့လည်း သိရပါတယ်။  


တဖက်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်း၊ လက်နက်စွဲကိုင် တော်လှန်ခြင်း စတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အာဏာဖီဆန်မှုကို ခံနေရတဲ့ စစ်ကောင်စီဟာ အစိုးရတစ်ရပ်မှာ ရှိရမယ့် ပြည်သူလူထုရဲ့နာခံမှု ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့လည်း လုံးဝ မကိုက်ညီပါဘူး။


အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်ကြတဲ့ တိုက်ပွဲပေါင်း တစ်သောင်းနီးပါး ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။


စစ်ပွဲတွေနဲ့ ဆန္ဒပြပွဲတွေကလည်း  စစ်ကောင်စီရဲ့ ကြောက်မက်ဖွယ် ဖိနှိပ်မှုအောက်မှာ တိုက်ရိုက်အချိုးကျစွာ အားအကောင်းဆုံး အနေအထားနဲ့ ဆက်တိုက် ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့  လတာ ကာလအတွင်းမှာတောင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ,၄၀၀ ထက်မနည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကိုအန္တရာယ်တွေကြားကပဲ မရမက လုပ်ဆောင်နေတာပါ။ 


ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီ ရဲ့ ရေရှည်တည်မြဲနိုင်ခြေဟာ အတော်လေး မသေချာတဲ့အနေအထားမှာ ရှိနေပြီး သူ့ရဲ့ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စွမ်းကိုလည်း သူ့ဘာသာ သံသယဝင်စ ပြုလာတယ်လို့ သုံးသပ်ချင်ပါတယ်။


ဆက်လက်ပြီး စိတ်ဝင်စားဖွယ် အဖြစ်သနစ်တချို့ကို  အချက်အလက်နဲ့တကွ တင်ပြပါရစေ...


မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းနေအရွယ် ကလေး တစ်ဝက်တိတိဟာ သမားရိုးကျ ပညာသင်ကြားခွင့်ကိုငြင်းပယ်ခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။ .


ပြည်သူ  ဒဿမ  သန်းဟာ အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခုအချိန်မှာဆိုရင် မြန်မာမှာ စစ်ဘေးရှောင် လူဦးရေဟာ  ဒဿမ  သန်း အထိ ရှိနေပါပြီ။ မြန်မာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှု အခြေပြမျဥ်းရဲ့ ‌အောက်ကို ရောက်နေပါတယ် (ဆင်းရဲမွဲတေနေကြပါတယ်) 


၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီလိုအပ်သူ ဦးရေ ၁၇ ဒဿမ သန်း အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြည်သူ ၁၇ ဒဿမ  သန်း ပါ။


ဒီပမာဏဟာ သိပ်ကို များပြားပါတယ်။ အာဏာသိမ်းမှု မတိုင်ခင်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်သူ  သန်းသာရှိခဲ့ပြီး အခုအချိန်မှာတော့ အဆမတန်  ခုန်တက်သွားပါတယ်။

တစ်သန်းသာ ရှိခဲ့ရာက အာဏာသိမ်းမှုကြောင့် ပြည်သူ ၁၇ ဒဿမ  သန်း အရေးပေါ် အကူအညီ လိုအပ်သွားတာပါ။ 


အချုပ်ဆိုရရင် စစ်ကောင်စီဟာ ကျွန်‌တော်တို့ မြင်ချင်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ ဘယ်လို စံချိန်စံညွှန်းမျိုးမှ မရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့  နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို  အထင်အရှား မျက်ကွယ်ပြုထားတာဖြစ်ပါတယ်။ 


ဒါပေမဲ့ သူတို့ကို အာဏာသိမ်းပြီးကတည်းက ပေးအပ်ထားတဲ့ ကတိကဝတ်တွေအတိုင်း လိုက်နာမယ်လို့ မျှော်လင့်ကောင်း မျှော်လင့်နေသူတွေ ရှိနိုင်ပါတယ်။


ဆိုလိုတာက အကောင်းဆုံး ဥပမာတစ်ခုအနေနဲ့ အာဏာသိမ်းမှု စတင်ချိန်က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်အသီးသီးက အတူတကွ စုဝေးပြီး ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းတစ်ချို့ ဖော်ထုတ်ခဲ့တာရှိပါတယ်။


ဒါကို အာဆီယံ ဘုံသဘောတူညီမှု မူ  ရပ် လို့ အားလုံးသိကြပြီး ဖြစ်မှာပါ။


ဒီထဲက အရေးအကြီးဆုံးလည်းဖြစ်တဲ့ ပထမဆုံး အချက်ကတော့ မင်းအောင်လှိုင်အနေနဲ့ အကြမ်းဖက်မှု အားလုံးကို ရပ်တန့်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ့အာဆီယံအစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင်က ဒီအချက်အားလုံးကို လိုက်နာမယ်လို့ သဘောတူ လက်ခံခဲ့ပါတယ်။


ဒါပေမဲ့ ဒီအစည်းအဝေးကနေ မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါ မင်းအောင်လှိုင်က ဒီမူ  ရပ်ဟာ ကတိကဝတ်တွေ မဟုတ်ဘဲ အကြံပြုချက် သတ်သတ်သာ ဖြစ်တယ်လို့ (မျက်နှာပြောင်တိုက်ပြန်လည် ပြောကြားခဲ့ပါတယ်။


ပြီးတော့လည်း သူ့အနေနဲ့ တိုင်းပြည် တည်ငြိမ်မှု ရရှိပြီးမှသာ ဒီအချက်အလက်တွေအတိုင်း လိုက်နာနိုင်မယ်လို့လည်း ခပ်တည်တည် ကြေညာခဲ့ပါတယ်။


(ဆက်လက်ဖော်ပြပါမည်)

ရန်ကုန်ခေတ်သစ်



Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ