ဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင်

 ရန်ကုန်ခေတ်သစ်
အကြမ်းဖက်စစ်ခေါင်းဆောင် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မတ်လ ၁၈ ရက် နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိခဲ့စဉ်  ရွှေဥ မင်သဘာ၀ လှိုဏ်ဂူဘုရားဖူး ပြည်သူများကို ပိတ် ဆို့ပြီး ဒုစစ်ခေါင်းဆောင်ကို ကြိုဆိုနှုတ်ဆက်ဟု ဇတ်လမ်းဆင် ဓာတ်ပုံရိုက်ကူး ဝါဒ ဖြန့် ခဲ့ကြောင်း ဘုရားဖူး ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

မတ်လ ၁၈ ရက်နေ့ အကြမ်းဖက်စစ်ခေါင်းဆောင် စိုးဝင်းသည် ရှမ်းပြည်နယ် ပင်းတယမြို့သို့ သွားရောက်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ရွှေဥမင် သဘာ၀ လှိုဏ်ဂူ ဘုရားကိုလည်း သွားရောက်စဉ် ဘုရားဖူးပြည်သူများကို  ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းနောက်စိုးဝင်းက သူ့ကို ပြည်သူများက နှုတ်ဆက်နေသည့်ပုံစံမျိုး လိုက် လံနှုတ်ပြီး ဝါဒဖြန့် ဓာတ်ပုံ ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။ 

"ဘုရားကလည်း ရွှေဥမင် သဘာ၀ လှိုဏ်ဂူဘုရားဆိုတော့ ဂူဘုရားပုံစံ။ ဝင် ပေါက် ထွက်ပေါက်ပဲရှိတာကို စစ်သားတွေနဲ့ ပိတ်လိုက်တယ်။ အထဲက ပြည်သူ ကလည်း ထွက်မရ၊ အပြင်ကလူကလည်း ဝင်မရတဲ့အခြေအနေမှာ စိုးဝင်းက ဝင်လာပြီး သူ့ကိုပဲ နှုတ်ဆက်သလိုလို လုပ်တယ်" ဟု ဘုရားဖူးပြည်သူတစ်ဦးက ပြောဆိုသည်။ 

ဘုရားဖူးပြည်သူတချို့ကလည်း စိုးဝင်း လာရောက်မည်ကို မသိရှိရဘဲ အပိတ်ခံရ ပြီး စိုးဝင်းကို နှုတ်ဆက်သည့်ပုံစံ ဓာတ် ပုံ နှင့်ဗီဒီယိုရိုက်ကူးခံရသည်ကို စိတ် ပျက် လက်ပျက်ဖြစ်ကြကြောင်း၊ ပြည်သူတစ်ရပ်လုံးကို ဖိနှိပ်နေသည့် စစ်အာ ဏာရှင်၏ လုပ်ကြံဇတ်လမ်းဆင်မှုကို ပြည်သူတစ်ရပ်လုံး သိရှိစေလိုကြောင်း၊ ဘုရားဖူး ပြည်သူများက စိုးဝင်းကို နှုတ် ဆက် သည်ဆိုသော ဝါဒဖြန့် သတင်းကို လုပ်ကြံ ဝါဒဖြန့် နေသည်ကို သိစေလိုကြောင်း ပြောဆိုကြသည်။



Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ