မင်းလှအခြေစိုက် ခလရ(၁)တပ်က စစ်သား၃ဦး လက်နက်တွေယူကာ ထွက်ပြေး

မင်းလှ မတ်၂၃ ၂၀၂၃ Tharyarwaddy 8 City 

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ် ခလရ(၁)တပ်ရှိ စစ်သား၃ဦးမှာ ယနေ့နံနက် အစောပိုင်းက လက်နက်တွေယူကာ ထွက်ပြေးသွားကြောင်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် အမှတ်(၁) ခြေလျင်တပ်ရင်းတွင် အချုပ်ကျနေသော စစ်သား၁ဦးအား မတ်လ၂၃ရက် ယနေ့နံနက် ၃နာရီခန့်တွင် ကင်းတာဝန်ကျစစ်သား ၂ဦးမှ အချုပ်တံခါးအား ဖြတ်ဆီး၍ အပြင်သို့ခေါ်ထုတ်ကာ သေနတ်၃လက်နှင့် ကျည်ဆန်များ ယူကာ ထွက်ပြေးခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

"ဒီမနက်၃နာရီလောက်က ခလရ၁တပ်မှာ အချုပ်ကျနေတဲ့ စစ်သားကို ကင်းကျနေတဲ့စစ်သား၂ယောက်က အချုပ်ခန်းတံခါးကို သော့အတုနဲ့ တိတ်တိတ်ကလေးဖွင့်ပြီး ခေါ်ထုတ်ဖို့လုပ်နေတာ အဲ့ဒါကို မုဒိန်းမှုနဲ့ အချုပ်ကျနေတဲ့ ထွန်းနိုင်ဆိုတဲ့ စစ်သားက သိပြီးအော်ခေါ်တော့ ကျန်သူတွေပါနိုးလာတာပေါ့ အဲ့မှာ ဟိုစစ်သားတွေက အဖမ်းခံရမှာ စိုးလို့ထင်ပါတယ် တံခါးကို ကြုံသလိုဖြတ်ပြီး သေနတ်၃လက်ပါ ယူထွက်ပြေးတာ မနက်ကတော့ ရိုးမဘက်ကိုထွက်ပြေးတယ်ဆိုပြီး တောနင်းရှာနေကြတယ်"ဟု ခလရ(၁) တပ်သတင်းရင်းမြစ်က Tharyarwaddy 8 City ကိုပြောပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးသွားကြသည့် စစ်သား၃ဦးအား တောနင်းရှာဖွေနေကာ တွေ့သည့်နေရာတွင် ပစ်သတ်ကြရန်နှင့် လက်နက်များ မရရအောင် ဆောင်ရွက်ကြဖို့ အမိန့်ပေးခံထားရကြောင်း လက်ရှိတွင် ခလရ(၁)တပ်ရင်းမှူးမှာလည်း ရှေ့တန်းမှာရောက်နေပြီး ယခုဖြစ်စဉ်ကြောင့် ရာထူးချခံရသည်အထိ အရေးယူခြင်းခံရနိုင်သောကြောင့် အလွန်ပင်စိတ်ဆင်းရဲနေသည်သိရကာ အာဏာသိမ်းပြီးနောက် ခလရ(၁)တပ်မှ စစ်သား၄ဦးအထိ ကယားပြည်နယ်ဘက်တွင် ရှေ့တန်းထွက်စဉ်မှာ တော်လှန်ရေးအဖွဲ့တွေထံ CDMပြုလုပ်ထားသည်ဟု သိရပါသည်။


Comments

Popular posts from this blog

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၆ ၂၇ နောက်ပိုင်းတွေမှာ ပွဲကြီးတွေချည်းပဲ ဖြစ်လာတော့မယ်

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)