Posts

Showing posts from January 26, 2023

ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်

Image
အသက် ၅၃နှစ်အရွယ် ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါကျမှု နှင့် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထား ခဲ့ခြင်း ဖြစ်သည်။ ထွန်းမင်းလတ်နှင့်အတူ အခြားအပေါင်းအပါ ၅ ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးရှေ့မှောက်တွင် သံခြေကျင်း ဝတ်များဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။ သို့သော်လည်း စွဲချက်များကို အပြစ်မရှိကြောင်း ရှေ့နေများမှတဆင့် လျှောက် လဲခဲ့သည်ကို Parachathai သတင်းဌာနက ဖော်ပြခဲ့သည်။ ထွန်းမင်းလတ်အပါအဝင် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံရသူများတွင် စုစုပေါင်း ၈ ဦးအထိရှိနေပြီး ၎င်းတို့တွင် ထိုင်းလွှတ် တော်အမတ်တစ်ဦး၏ သမက်လည်းပါဝင်နေခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။ စွဲချက်တင်ခံထားရသူ ၈ ဦးအနက် ထိုင်းနိုင်ငံသား ၂ ဦးဖြစ်သူ အက်ဒီးနှင့် ကျွိုင်တို့မှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ရေးသားခဲ့သည်။ ယခင်က ဖမ်းဆီးရမိခဲ့သည့် ဦးထွန်းမင်းလတ်နှင့် Allure Group သို့  ငွေ ကြေး စီးဆင်းမှုများရှိနေခဲ့သော

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် အမှုတိုင်ချက်ဖွင့်၊ အမှု လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် ဖမ်းဆီး အရေးယူ နိုင်မည်ဟုဆို

Image
ရန်ကုန်၊ ဇန်နဝါရီ ၂၆  ခေတ်သစ်မီဒီယာ မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါများကို လူမျိုး တုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှု များ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် တိုင်ကြားချက် ဖွင့်လှစ်လိုက်ပြီး အဆိုပါ တိုင်ကြားချက်ကို ဂျာမနီနိုင်ငံက လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် မြန်မာ စစ်ဗိုလ်ချုပ်များကို ဖမ်းဆီး အရေးယူနိုင်မည် ဖြစ်ကြောင်း Fortify Rights မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်း က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။  ဂျာမနီနိုင်ငံတွင် မြန်မာစစ်ဗိုလ်ချုပ်များကို Fortify Rights က ဦးဆောင်၍ ရာဇဝတ် ဆိုင်ရာ တိုင်ကြားချက်တစ်ခု ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး စာမျက်နှာ ၂၁၅ မျက်နှာပါရှိသော ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် စာမျက်နှာ ၂၀၀၀ ကျော်ပါ ဝင်သော နောက်ဆက်တွဲစာတမ်းကို ဂျာမနီနိုင်ငံ၊ ရှေ့နေချုပ်ရုံးထံ တင်ပြ၍ တိုင်ကြားချက် ဖွင့်လှစ်ရန် စတင်ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရ သည်။   မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ စစ်ကောင်စီက ရိုဟင်ဂျာများအပေါ် လူမျိုး တုန်းသတ်ဖြတ်မှု အပါအဝင် စစ်အာဏာသိမ်းပြီးနောက် ယနေ့ အချိန် အထိ တိုင်းရင်းသ