ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်

အသက် ၅၃နှစ်အရွယ် ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါကျမှု နှင့် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထား ခဲ့ခြင်း ဖြစ်သည်။

ထွန်းမင်းလတ်နှင့်အတူ အခြားအပေါင်းအပါ ၅ ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးရှေ့မှောက်တွင် သံခြေကျင်း ဝတ်များဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။

သို့သော်လည်း စွဲချက်များကို အပြစ်မရှိကြောင်း ရှေ့နေများမှတဆင့် လျှောက် လဲခဲ့သည်ကို Parachathai သတင်းဌာနက ဖော်ပြခဲ့သည်။
ထွန်းမင်းလတ်အပါအဝင် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံရသူများတွင် စုစုပေါင်း ၈ ဦးအထိရှိနေပြီး ၎င်းတို့တွင် ထိုင်းလွှတ် တော်အမတ်တစ်ဦး၏ သမက်လည်းပါဝင်နေခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။

စွဲချက်တင်ခံထားရသူ ၈ ဦးအနက် ထိုင်းနိုင်ငံသား ၂ ဦးဖြစ်သူ အက်ဒီးနှင့် ကျွိုင်တို့မှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ရေးသားခဲ့သည်။

ယခင်က ဖမ်းဆီးရမိခဲ့သည့် ဦးထွန်းမင်းလတ်နှင့် Allure Group သို့  ငွေ ကြေး စီးဆင်းမှုများရှိနေခဲ့သော ထိုင်းနိုင်ငံသား ၆ ဦးကို မူးယစ်ဆေးဝါးမှုနှင့် ငွေကြေး ခဝါ ချမှုများဖြင့် ၃ နှစ်ကြာစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တရားရုံးက သေဒဏ်ပေးခဲ့ကြောင်း  သိရှိရသည်။ 

သေဒဏ်ချမှတ်ခံထားရသူများတွင် ထိုင်းလွှတ်တော်အမတ်လည်းဖြစ်သူ ထွန်းမင်းလတ်၏ စီးပွားဖက်လည်းဖြစ်သော ဥပါကစ်၏ အကြံပေးတစ်ဦး လည်း ပါဝင်နေခဲ့ကြောင်း သိရှိရသည်။ 

သေဒဏ်ချမှတ်ခံလိုက်ရသည့်ခြောက်ဦးတွင် တစ်ဦးလျှင် ဘဏ်စာရင်းပေါင်း ၁၀၀ ကျော်အထိရှိနေခဲ့ပြီး ဘဏ်စာရင်း တစ်ခုလျှင် ဘတ်သန်း ၁၀၀ ကျော်စီရှိ နေခဲ့ ကြောင်း ရေးသားထားသည်။

၎င်းတို့အားလုံးသည် မူးယစ်ဆေးဝါးမှရရှိသောငွေများကို လျှပ်စစ်ဓာတ်အား အရောင်းအဝယ်ကို အကြောင်းပြ၍ Allure Group ထံ တစ်ဦးနှင့်တစ်ဦး အဆင့်ဆင့် လွှဲပြောင်းခဲ့ကြကြောင်း ရေးသားထားသည်။
နောက်ဆုံးအဆင့်တွင် ထွန်းမင်းလတ်နှင့် ဥပါကစ်၏ Allure Group ထံ လျှပ် စစ်ဓာတ်အားခဟုဆိုကာ ပြန်လွှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေးသား ထား သည်။

လွှတ်တော်အမတ်ဖြစ်သူ ဥပါကစ်သည် စီးပွားဖက် ထွန်းမင်းလတ်နှင့် ဆက် နွယ်နေသော အချက်အလက်များရှိနေခဲ့သဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက် နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ် သိမ်းခဲ့သည်။

ထိုင်းလွှတ်တော်အမတ် ဥပါကစ်နှင့် ဒေါက်တာထွန်းမင်းလတ်တို့သည် ထိုင်း နယ်စပ် အနီး ရှမ်းပြည်နယ်နယ်စပ်မြို့ တာချီလိတ်၌ တရားမဝင် ကာစီနို လုပ်ငန်း လုပ်ကိုင်ရန် Allure အုပ်စုကို လုပ်ကိုင်နေကြကြောင်း Justice for Myanmar က ဆိုထားသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းလွှတ်တော်အမတ် ဥပါကစ်က Allure မှာပါဝင်ခဲ့သော ရှယ်ယာများကို ဦးထွန်းမင်းလတ်အတူ စွဲချက်တင်ခံထားရသော သမက်ဖြစ်သူ ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း Justice for Myanmar အရသိရသည်။

ထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးအမှုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်း လေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်းတစ်ခန်းနှင့် သမီးဖြစ်သူ မခင်သီရိသက်မွန်၏ Siam Commercial Bank ၏ ဘဏ်စာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

©️KTM
Hlaing Info


Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း