Posts

Showing posts from April 11, 2023

ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

Image
ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည့် လေကြောင်းတိုက် ခိုက် မှု ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ် ရန်ကုန်၊ ဧပြီ ၁၂ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော် သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတားဦး လေတပ်မှဖြစ်ပြီး Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်မှာမူ မုံရွာ၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှီသည်။  ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုးအစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀  ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက်  Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။  ရန်ကုန်ခေတ်သစ်အနေဖြင့် ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော် သေဆုံး စေခဲ့သည့် တံတားဦးလေတပ်မှ YAK-130 တိုက်လေယာဉ်၏ ပိုင်းလော့ အမည်နှင့် နမခမှ Mi35 ပိုင်းလော့ အမည်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။  တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

Image
Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ   ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်ခေတ်သစ်  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။ " အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြု