ကမ္ဘာ က သဘောပေါက်ရမည့် အချက်
By- လှစိုးဝေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ထုတ်ပြန်သော ကမ္ဘာစီးပွားရေး စစ်တမ်း တွင် GDP per Capita ဟု ခေါ်သည့် နိုင်ငံသား တဦးချင်းစီ ၏ ကုန်ထုတ်လုပ်နိုင်မှု ပမာဏ တွင် မြန်မာသည် ဒေါ်လာ ၁,၁၇၀ ဖြင့် အရှေ့တောင်အာရှ ဆယ်တစ်နိုင်ငံ စာရင်းတွင် အနိမ့်ဆုံး သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆယ်တစ်နိုင်ငံ ဆိုသည်မှာ ၂၀၀၂ ခုနှစ်မှ အချူပ်အခြာ အာဏာပိုင် နိုင်ငံ ဘဝသို့ တင်းပြည့်ကျပ်ပြေ့ ရောက်လာခဲ့သည့် အရှေ့ တီမော ကို ထည့်သွင်းထား၍ ဖြစ်သည်။ (ပုံတွင် နိုင်ငံ အလိုက် စာရင်း ကို ဖေါ်ပြထားသည်) ယခုအခါ ၎င်းတို့ ခေတ် နောက်ထပ် တိုးတက်မှုကြီး တရပ်အဖြစ် ရန်ကုန်မြို့ အနှံ့တွင် ခေတ်အဆက်ဆက် တခါမျှ မမြင်ခဲ့ဖူးသော လမ်းဘေးအိပ်၊ လမ်းဘေးစား Homeless လူတန်းစားပင် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ကုမ္ပဏီ အကြီးအကဲ တဦးပင် ထိုသို့ နှစ်နှစ်ဆက်တိုက် ဘာတခုမျှ ဖြစ်မလာပဲ အရှုံးပေါ်နေမည် ဆိုက ရှယ်ယာ အစုရှင်များက ၎င်းအား ဖယ်ရှားရန် ဆူပူ တောင်းဆို ကြမည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ သို့သော် မြန်မာပြည်ရှိ စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ အနေအစား ချောင်လာကောင်းရဲ့ ဟူသော စိတ်ဖြင့် တိုင်းပြည်ကို မင်းအောင်လှိုင် လုပ်ချင်ရာ လုပ်ဟု ထိုးအပ်နေကြသည်။ မင်းအောင်လှိုင...