သိမ်းဆည်းခံရသည့် လက်နက်များမှာ ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်

ထန်တလန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုကို ရဲတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ပြီး သိမ်းဆည်းခံရသည့် လက်နက်များမှာ  ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ်


ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ချင်းတိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ရဲတပ် ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်သည်ဟု သတင်းထုတ်ပြန်သည်။ 
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှ စတင်ပြီး CNA-CDF ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ လက်နက် ၄၀ ကျော်နှင့် ရဲအလောင်း ၄ လောင်းကို သိမ်းဆည်းရမိကြောင်း၊ ကျန်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။ 
ထိုသို့ ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် သာလွန်အင်အားအသုံးပြု၍ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်များက စနစ်တကျဖြင့် ဆုတ်ခွာခဲ့ရပြီး စစ်တပ်လုံခြုံရေး တပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်ဟု သတင်းဖော်ပြသည်။ 
ထို့ပြင် လက်နက် ၄၀ ကျော်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက  သိမ်းဆည်းရရှိသည့်အပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ပြုပြင်ရန် လိုအပ်သည့် လက် နက်ငယ်တချို့ ဆုံးရှုံးခဲ့ရသည်ဟုလည်းကောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးအပေါ်တွင်လည်း ရဲတပ် ဖွဲ့ဝင်များ ကျဆုံး ဒဏ်ရာရရှိသည်ဟုလည်းကောင်း သတင်းများကို ဖော်ပြထားကြောင်း သိရှိရသည်။ 
"သူ့သတင်းစာက သူတို့စစ်သားတွေအတွက် ထုတ်ပြန်တာ။ ငါတို့ အိုကေတယ်။ ငါတို့ မခံရဘူး။ ငါတို့ အောင်မြင်နေတယ်ပေါ့။ သတင်းစာမှာ သူတို့စစ် တပ်အတွက် ဝါဒဖြန့်တာ။ ပြည်သူတွေအတွက်မဟုတ်ဘူး" ဟု ပြည်တွင်းဝါရင့် သတင်းစာဆရာတစ်ဦးက ပြောသည်။


Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "