တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်ဟု မင်းအောင်လှိုင်ပြော


တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယင်းအစည်းအဝေး၌ မင်းအောင်လှိုင်က ယခုပညာသင်နှစ်သည် ပညာရည်သင်ကြားမှုများ အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီဟု ဆိုနိုင်သော်လည်း ကျောင်းတက်ရာခိုင်နှုန်း မပြည့်မှီသေးသည်ကို တွေ့ရှိရကြောာင်း၊ အချို့သောနယ်မြေများတွင် ခြိမ်းခြောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လာရောက် ပညာမသင်ကြားနိုင်သည့် ကျောင်းသူ၊ ကျောင်းသားများလည်း ရှိမည်ဟု ပြောကြားသည်။
ထို့ပြင် ဒေသအားလုံး၌ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် အချို့သောနေရာဒေသများတွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ စည်းကမ်းတင်းကြပ် ကိုင်တွယ်မှသာလျှင် ကျောင်းနေအရွယ် ကလေးငယ်အားလုံး အခွင့်အရေးများ မဆုံးရှုံးမည်ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ်တွင်လည်း ကျောင်းတက်ရောက်သူ ဦးရေ ပိုမိုတိုးပွားလာမည်ဟု မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် ဦးဆောင်မှုကောင်းသည့် ပါတီများ တည်ရှိခြင်းသည် ပိုမိုကောင်းမွန်မည်ဟု ယူဆသည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
အစည်းအဝေးတွင် မင်းအောင်လှိုင်က မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ ယင်းတို့ အခြေချစခန်းများကို သွားရောက် တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ၊ငြိမ်းချမ်းရေးတွင် ရိုးသားမှုရှိရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်လည်း တစ်ဖက်နှင့် တစ်ဖက် သဘောထားကြီးစွာ ဆွေးနွေးဆောင်ရွက်ကြရန် လိုသည်ဟု လည်း ပြောကြားသေးသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများစုသည် NCA အပေါ်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းအများစုသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည်ဟုလည်း ယင်းက ဆိုသည်။
မင်းအောင်လှိုင်၏ အစည်းအဝေးပွဲတွင် တိုင်းပြည်တွင် အကြမ်းဖက်မှုများ၊ မီးရှို့မှုများ အစရှိသည်တို့ကို လက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အဖွဲ့များက သာလုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း လွှဲချ ပြောဆိုမှုများရှိခဲ့သည်။
https://cjplatform.com


Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း