မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ် ပြော၊ ပြည်သူများအပေါ် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရမည်ဟု သတိပေးပြောဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ခေတ်သစ်


မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအကျပ် အတည်းသည် အာဆီယံအတွက် အနှောင့်အယှက် ဖြစ်နေစေရာ အာဆီယံအဖွဲ့မှ မြန်မာနိုင်ငံကို ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ်  Anwar Ibrahimက ပြောဆိုလိုက်သည်။ 
ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံအပြီး မလေးရှားဝန်ကြီး ချုပ်က ယနေ့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ 
"အခုလောလောဆယ် မြန်မာနိုင်ငံကို ဖယ်ထုတ်သင့်ပါတယ်။  မြန်မာ့အရေးက အာဆီယံရဲ့ လှုပ်ရှားမှုတွေကို အနှောင့်အယှက် မဖြစ်သင့်ပါဘူး။ မြန်မာစစ်တပ်ကို ပြင်းထန်တဲ့ သတင်းစကားပေးဖို့အတွက် ကျနော်တို့အားလုံးမှာ ခိုင်မာတဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်တာက သင့်တော်ပါတယ်" ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။ 
ထို့ပြင် မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်တပ်အနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရမည်ဟု သတိပေးပြောဆိုသည်။ 
" နိုင်ငံတွေမှာ ပြည်တွင်းရေးမူဝါဒနဲ့ ဦးစားပေးလုပ်ပိုင်ခွင့်တွေ ရှိတယ်၊ ဒါပေမယ့် ဒီလိုခေတ်ကြီးမှာ ဘယ်အစိုးရကမှ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေနဲ့ ကိုယ့်ပြည်သူတွေကို ပစ်ပယ်တာ၊ ခြိမ်းခြောက်တာ၊  ပိုဆိုးတာက ကိုယ့်ပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်တာမျိုးတွေကိုတော့ လုပ်ခွင့်မရှိပါဘူး " ဟု ၎င်းက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်မလေးရှားဝန်ကြီးချုပ်တို့ ယမန်နေ့ တွေ့ဆုံစဉ် မလေးရှားဝန်ကြီးချုပ်က  မြန်မာ့ အကျပ် အတည်းကို ဖြေရှင်းရာတွင် ထိုင်းနိုင်ငံက  ပိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းသည်။ 
“ကျွန်တော်တို့က ပြင်ပလူတွေကို ဝင်မစွက်ဖက်ချင်ဘူး။ အမေရိကန်နဲ့ ဥရောပက ဘာလုပ်ပါဆိုပြီး  မပြောစေချင်ဘူး။ ဒါပေမယ့် ကျနော်တို့နဲ့ တစ်ခုခုတော့ လုပ်ရပါလိမ့်မယ်။ ဒါကို ကြိုးစား ဖြေရှင်းဖို့ သတ္တိရှိရှိ လုပ်ကိုင်ရမယ်" ဟု မလေးရှား ဝန်ကြီးချုပ်က ပြောဆိုသွားသည်။ 
ဓာတ်ပုံ- မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ယမန်နေ့ တွေ့ဆုံစဉ်။


Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ