မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့ အချက် ၃ ချက်ကို အဓိက လုပ်ဆောင်နေတယ်လို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့အတွက် အချက် ၃ ချက်ကို လုပ်ဆောင်နေတယ်လို့ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Melissa Brown က ဒုတိယအကြိမ်မြောက် “နွေဦးပန်းများ” နိုင်ငံတကာ အွန်လိုင်း ညီလာခံမှာ ပြောကြားလိုက်ပါတယ်။   
ဒီအချက် ၃ ချက်မှာ အာဏာသိမ်း စစ်ကောင်စီကို စီးပွားရေး၊ နိုင်ငံ‌ရေးအရ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်တာ၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ပံ့မှုတွေ တိုးမြှင့်လုပ်ဆောင်တာ၊ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့တာတွေ ဖြစ်တယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Melissa Brown က ဆိုပါတယ်။
နွေဦးပန်းများလို့ နာမည်ပေးထားတဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာညီလာခံမှာ အဖွင့်မိန့်ခွန်းပြောကြားရာမှာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Melissa Brown က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ 
ဒုတိယအကြိမ်မြောက် “နွေဦးပန်းများ” နိုင်ငံတကာ အွန်လိုင်း ညီလာခံကိုအမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီ သမ္မတ ဒူးဝါးလရှီးလ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် တို့လည်း တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 
ဒီညီလာခံကို မြန်မာအမေရိကန် လူမှုအသိုင်းအဝန်းအဖွဲ့ Burmese American Community Institute (BACI) နဲ့ နွေဦးတက္ကသိုလ်လို့ လူသိများတဲ့ မြန်မာ့ အမျိုးသား တက္ကသိုလ်-ကမ္ဘာလုံးဆိုင်ရာနယ်မြေ The National University of the Union of Myanmar – Global Campus (NUUM) တို့အပါအဝင် အဖွဲ့အစည်းတွေရဲ့ ကမကထပြုမှုနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
“နွေဦးပန်းများ” ညီလာခံမှာ ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေး စကားဝိုင်းတွေကို အွန်လိုင်းကနေ စီစဉ်ကျင်းပနေတာ ဖြစ်ပါတယ်။
~~~~~
မေဦးကျော်
#ငွေမောင်းသံ မီဒီယာ



Comments

Popular posts from this blog

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

အကြမ်းဖက်စစ်တပ် လက်ချက် ဖြင့် ‌ပြည်သူ များ သေဆုံးမှုသည် ၃,၀၀၀ အထိ ရှိလာ

စစ်ကိုင်းတပ်မ ၃၃ ရှေ့ တိုက်ပွဲဖြစ်ပြီးနောက် အရာရှိကြီးတွေ ထိတ်လန့်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ